ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 January 2013

ဂျရတ်ဘေးလ် ရဲ့ ခြေစွမ်းဟာ တိုးတက်လာအုံးမှာပါ – ရိုင်ယန်ဂစ်


gareth-bale-tottenham-hotspur
မန်ချက်စတာ ယူနိုက်တက် အသင်း၏ တောင်ပံ ကစားသမားကြီး ရိုင်ယန်ဂစ် က တနိုင်ငံတည်းသား ဖြစ်သူ စပါး အသင်းမှ တောင်ပံ ကစားသမား ဂျရတ် ဘေးလ် သည် အနာဂတ်၌ အောင်မြင်မှုများ အများအပြား ရရှိမည့် ကစားသမား တစ်ဦး ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးလိုက်သည်။
ဂျရတ် ဘေးလ် သည် ဝေးလ် လက်ရွေးစင် အသင်း၌ ရိုင်ယန်ဂစ် နှင့် အတူတကွ တွဲဖက် ကစားခဲ့ဖူးသည့် ကစားသမား ဖြစ်ပြီး ရိုင်ယန်ဂစ် လက်သစ် အဖြစ် နာမည်ကျော်ခဲ့သူ ဖြစ်သည်။ လက်ရှိ ပရီးမီးယားလိဂ်၌ သာမက ကမ္ဘာ့အဆင့်မှာပင် အကောင်းဆုံး တောင်ပံ တိုက်စစ်သမား အဖြစ် သတ်မှတ်ခံထားရသည့် ဂျရတ် ဘေးလ် သည် လက်ရှိ ခြေစွမ်းထက် ပိုမို တိုးတက်လာမည့်သူ ဖြစ်ကြောင်း ရိုင်ယန်ဂစ် က The Sun သတင်းစာမှ တဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဂစ် က “သူဟာ ပါရမီရှင် ကစားသမား တစ်ယောက်ပါ။ ပြီးခဲ့တဲ့ ရာသီက ပြသခဲ့တဲ့ ခြေစွမ်းတွေကို ဒီ ရာသီမှာလည်း ထပ်မံ ထိန်းသိမ်းထားနိုင်ဆဲပါ။ အခုဆို သူဟာ ဘယ်တောင်ပံ ကစားသမား အဖြစ်သာ မဟုတ်တော့ဘဲ တိုက်စစ်မှာ လိုအပ်တဲ့ နေရာတွေမှာပါ ဝင်ရောက် ကစားနိုင်စွမ်း ရှိလာခဲ့ပါပြီ။ သူရဲ့ ကစားပုံကို ကြည့်ရတာ စိတ်လှုပ်ရှားစရာပါ။ သူ့အတွက် အနာဂတ်မှာ ပွဲပေါင်းများစွာ ကျန်ရှိနေပါသေးတယ်။ သူ့အတွက် ဒီထက်ပိုမို တိုးတက်ပြီး အောင်မြင်မှုတွေ ရှာဖွေနိုင်မယ်လို့ ထင်ပါတယ်။” ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။


MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ