ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 January 2013

စပါးနှင့်ပွဲတွင် ဗန်ပါစီ ဂိုးထပ်သွင်းနိုင်မည်ဟု့ မျှော်လင့်နေသည့် ကားရစ်


ပြီးခဲ့သည့် ရာသီက မန်ယူအသင်း ရာသီကုန်ခါနီး နောက်ဆုံးအချိန်ရောက်မှ ဇယားထိပ်နေရာ လက်လွှတ်ခဲ့ရသည့် နာကျည်းစရာ အဖြစ်အပျက်ကို အခုတိုင် နာကျင်စရာ အဖြစ် အမှတ်ရနေဆဲ ဖြစ်ကြောင်း၊ ယခုရာသီ ကုန်ဆုံးရန် လေးလအလိုသာ ကျန်ရှိတော့သည့် အချိန်တွင် မိုက်ကယ်ကားရစ်က ရင်ဖွင့် ပြောကြားခဲ့သည်။ ။


ယနေ့ တနင်္ဂနွေနေ့တွင် စပါးအသင်းနှင့် ရင်ဆိုင် ကစားရမည့် ပွဲအကြို မိုက်ကယ်ကားရစ်က သူ၏ အသင်းဟောင်း စပါးအသင်းသည် မန်ယူအသင်းအတွက် ချန်ပီယံလမ်းကြောင်း လျောက်လှမ်းရမည့် လမ်းမှ ခလုတ်ကန်သင်း အဖြစ် မန်ယူအသင်းကို ဒုက္ခပေးနိုင်သည့် အသင်းတစ်သင်းဖြစ်ကြောင်း၊ မန်စီးတီးအသင်း၏ ဇယားထိပ် မျှော်လင့်ချက်ရှင်သန်စေရန် အတွက် စပါးအသင်းက အထောက်အပံ့ ပေးသကဲ့သို့ ဖြစ်နေကြောင်းကို ကားရစ်က ထဲ့သွင်း ပြောကြားသွားသည်။ ။

ကားရစ်က “ကျွန်တော်တို့အသင်းဟာ ပုံစံကောင်း တစ်ခု ရနေပါတယ်၊ ဒါပေမယ့် အကယ်၍ မှန်ကန်တဲ့ ပုံစံကို ကျွန်တော်တို့ မထိန်းသိမ်း ထားနိုင်ဘူး ဆိုရင်တော့ ဘာတွေဖြစ်လာနိုင်မလည်း ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ ဒီအချိန်မှာ ပိုပြီးတော့ သတ်သတ်မှတ်မှတ် ကြိုလုပ်ထားမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် ပြသနာ တစ်ရပ် ဖြစ်လာမှာ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ ရာသီက ဘာတွေ ဖြစ်ပျက်ခဲ့လည်း ဆိုတာတွေကြောင့် ကျွန်တော်တို့ဟာ ဇယားထိပ် အောင်နိုင်ရေးအတွက် ဆာလောင်နေကြပါတယ်။
နွေရာသီတုန်းကတော့ ကျွန်တော်တို့အတွက် နာကျင်စရာဖြစ်ခဲ့ပါတယ်၊ အဲ့ဒီအဖြစ်က ကောင်းတဲ့အရာတော့ မဟုတ်တာကြောင့် ပြီးခဲ့တဲ့ ရက်တွေကို ကျွန်တော်တို့ ဖြတ်ကျော်ချင်ခဲ့ကြပါတယ်၊ ဒါပေမယ့် အခုချိန်မှာတော့ အဲ့ဒီအရာတွေဟာ ပြီးဆုံးသွားပါပြီး၊ ကျွန်တော်တို့ ရှေ့ဆက်ရမယ့် အပေါ်မှာပဲ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။
မန်စီးတီးဟာ ဇယားထိပ် ပြိုင်ဖက် အသင်းအဖြစ် ရပ်တည်နေဆဲ ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်၊ ရာသီကုန်ဆုံးဖို့ ပွဲအများကြီး ကျန်နေပါသေးတယ်၊ အကယ်၍ ခင်ဗျားအနေနဲ့လည်း အချိန်တွေကို ဖြုန်းခဲ့မယ်ဆိုရင်တော့ ဘယ်သူက ဘယ်လို ရလဒ်တွေ ရရှိသွားမလည်း ဆိုတာကို တွေးကြည့်လို့ရပါတယ်။ အဲ့ဒီအချက်တွေကပဲ ခင်ဗျားရဲ့ စိတ်ဆန္ဒတွေကို မောင်းနှင်တွန်းပို့ နိုင်စေမှာပါ၊ နိုင်ပွဲတွေ ရနေတဲ့ အနေအထားကို ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်း သွားရပါမယ်” ဟု့ ပြောကြားခဲ့သည်။ ။
.
Robin van Persie
ယနေ့စပါးအသင်းနှင့် ရင်ဆိုင်ရန် (ဗန်ပါစီ ဒေသဟောင်း) မြောက်လန်ဒန်သို့ ပြန်ပြီးတော့ ခြေဆန့်ရမည့် ခရီးစဉ်တွင် မန်ယူအသင်းအတွက် (၂၁)ဂိုး သွင်းယူပေးထားသည့် အာဆင်နယ် ကစားသမားဟောင်း ဗန်ပါစီက စပါးအသင်းကို အခက်တွေ့အောင် ပြုလုပ် နိုင်မည်ဟု့ ကားရစ်က ယုံကြည်လျက် ရှိသည်။

ကားရစ်က “ရော်ဘင်ဟာ စပါးဖန်တွေရဲ့ ပစ်မှတ်ဖြစ်စရာ ဖြစ်နေလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်၊ ဒါပေမယ့် သူကတော့ အဲ့ဒီ အနေအထားတွေကို ဂရုစိုက်နေမယ့်သူ မဟုတ်ပါဘူး၊ စပါးကို ဂိုးထပ်သွင်းရမှာကိုပဲ ကြိုက်နှစ်သက်တဲ့ သူမျိုးပါ။ သူ့အနေနဲ့ မန်ယူအသင်းကို အခုလို ရောက်လာပြီး ဂိုးတွေ အများကြီး သွင်းယူပေးမယ် ဆိုတာကို မျှော်လင့်ခဲ့ဖို့ ကျွန်တော်တို့ ထင်တောင် မထင်ထားပါဘူး။
ဒါပေမယ့် အဖြစ်တွေကတော့ အခုမြင်နေရတဲ့အတိုင်းပါပဲ၊ သူအတွက် မှန်ကန်တဲ့ အချိန်မှာ၊ မှန်ကန်တဲ့ ကလပ်ကို၊ မှန်ကန်တဲ့ ကစားသမားအဖြစ် ရောက်ရှိစေခဲ့ပါတယ်။ သူဒီနေရာကို ရောက်လာပြီး ကောင်းကောင်း အခြေကျခဲ့တာကြောင့် ကျွန်တော်တို့ သူ့အပေါ် ထားတဲ့ မျှော်လင့်ချက်တွေက အတိအကျကို ဖြစ်လာစေပါတယ်။ သူဟာ ကြောက်လန့်စရာ ကောင်းတဲ့ ကစားသမားမျိုးပါ၊ အဲ့ဒီအချက်တွေကြောင့် သူ့ကို ခေါ်ယူစာချုပ်ခဲ့တာဟာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှူ့ တစ်ခု ဖြစ်ခဲ့ပြီး၊ ကျွန်တော်တို့အတွက် အခြားအသင်းတွေကို အပိုဆောင်း ခြိမ်းခြောက်စေမယ့် အချက်ကို ပေးစွမ်းနိုင်သူပါ။
အခြားရှေ့ဆက်စရာ (ရည်မှန်းချက်) တွေအတွက်လည်း ကောင်းကောင်း လုပ်ဆောင် နိုင်ပါပြီး၊ ရော်ဘင်ဟာ အရင် အချိန်တွေ ကတည်းက သူ့ရဲ့ လုပ်ဆောင် ချက်တွေကြောင့် သတင်းစာမျက်နာတွေရဲ့ သတင်းခေါင်းစီးမှာလည်း နေရာယူထားပါတယ်” ဟု့ ပြောဆိုခဲ့သည်။ ။

ခြေစွမ်းမှန်နေသည့် စပါးအသင်းနှင့် ရင်ဆိုင်ရနည့် ပွဲအတွက် ဆက်လက်၍ ကားရစ်က “ဒီရာသီ ကျွန်တော်တို့ ကစားဖို့ ကျန်ရှိနေသးတဲ့ ပွဲစဉ်တွေထဲမှာ စပါးနဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ အခက်ဆုံး ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါလိမ့်မယ်၊ အရင်တုန်းကတော့ စပါးကွင်းမှာ ကျွန်တော်တို့ ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်၊ ဒါပေမယ့် အခုတွေ့ရမယ့် ပွဲစဉ်ဟာ ခက်ခဲကြမ်းတမ်းမယ် ဆိုတာကို ကျွန်တော်တို့ နားလည် သဘောပေါက်ထားပါတယ်၊ ဒီလိုအနေအထားတွေက အမြဲဖြစ်နေကျပါ။
စပါးအသင်းဟာ တစ်နေ့မှာ ဇယားထိပ်နေရာကို စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်း ဖြစ်လာမယ်လို့ ခင်ဗျားလည်း တွေးထင်ထားမှာပါ၊ ဒီရာသီမှာ အဖြစ်တွေက မေးခွန်းထုတ်စရာ အများကြီး ရှိနေပေမယ့် ပြီးခဲ့တဲ့ ရာသီ ဒီလိုအချိန် ရာသီကုန်ခါနီးကလည်း သူတို့ဟာ စိန်ခေါ်နိုင်စွမ်း ရှိတဲ့အသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်၊ ဒါပေမယ့် အဆုံးမှာတော့ (ပြီးခဲ့တဲ့ရာသီက) စပါးကွင်းမှာ ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်” ဟု့ ဖြည့်စွက် ပြောကြားခဲ့သည်။ ။

မန်ယူအသင်းသည် စပါးအသင်းနှင့် ပွဲစဉ်မှ စပြီး ခက်ခဲသော ပွဲကျပ်ကာလ ရက်သတ္တပတ်တို့ကို စတင် ဖြတ်သန်းရတော့မည့် အချိန်ကာလတို့ ရောက်ရှိလာပြီးဖြစ်သည်။ ထို့အပြင် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ရီးရဲလ် အသင်းနှင့် တွေ့ဆုံရမည် ဖြစ်သောကြောင့် ပုံစံကောင်းတို့ကို သက်သေပြရမည့် အချိန်အခါ ရောက်လာသည့်အပြင် အက်ဖ်အေဖလား ပွဲစဉ်များလည်း ဆက်တိုက်ကစားရတော့မည် ဖြစ်ပြီး၊ အမှတ်ပေးဖလားအတွက် ဇယားထိပ် နေရာ ဆက်လက်စိုးမိုး ထားနိုင်ရေးအတွက် တိုက်ပွဲဝင်ရတော့မည့် ကြမ်းတမ်းသည့် အချိန်အခါ တစ်ရပ် ရောက်ရှိလာပေတော့မည် ဖြစ်သည်။ ။


MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ