ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 January 2013

စုံစမ်း စစ်ဆေးရေး ကော်မရှင် သတင်း ထုတ်ပြန်


နေပြည်တော် ဇန်န၀ါရီ ၁၉
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
စုံစမ်း စစ်ဆေးရေးကော်မရှင်
သတင်းထုတ်ပြန်ချက်အမှတ်(၂/၂ဝ၁၃)
၁၃၇၄ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်)
၁။  စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ စတုတ္ထ အကြိမ်မြောက် စုံညီ အစည်းအဝေးကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ၁၃း၃ဝ ချိန်တွင် လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင်တွင် ကျင်းပ ခဲ့ပါသည်။ ကော်မရှင် ၏လုပ်ငန်း ဆောင်ရွက် မှုများကို သုံးသပ်ပြီး ရှေ့လုပ် ဆောင်မည့် လုပ်ငန်း အစီအစဉ်တို့ကို ညှိနှိုင်းခဲ့ပါသည်။
၂။ စုံစမ်း စစ်ဆေးရေး ကော်မရှင်သည် နိုင်ငံတော် သမ္မတ ထံသို့ ကြားဖြတ် အစီရင် ခံစာကို ဇန်နဝါရီလ ကုန်တွင် တင်သွင်း ရမည်ဖြစ်ရာ စုံညီ အစည်းအဝေးတွင် ကြားဖြတ် အစီရင် ခံစာ၌ ထည့်သွင်းမည့် အချက် အလက်များနှင့် ပတ် သက်ပြီး အဓိက ဆွေးနွေး ခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် ကြားဖြတ် အစီရင်ခံစာ၌-
   ( က) ကော်မရှင်အား ပေးအပ်သည့် တာဝန်ကို ဆောင်ရွက်ရာတွင် အဖွဲ့များဖွဲ့၍ တစ်ပြိုင်နက် လုပ်ကိုင် ဆောင်ရွက်နေမှု၊
   ( ခ  ) ကော်မရှင် အဖွဲ့များမှ လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ စပယ်တောင်၊ ကြေးစင်တောင်တွင် သတ္တုတွင်း တူးဖော် လုပ်ကိုင် နေမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဘဝတို့နှင့် ပတ်သက်၍ လေ့လာချက်နှင့် တွေ့ရှိချက်များ၊
    ( ဂ  ) သာသနိက အဆောက်အအုံ များနှင့် ပတ်သက်၍ ဆရာတော်၊ သံဃာတော် ကြီးများထံ ဦးတင် လျှောက်ထားပြီး သြဝါဒ ခံယူချက်များ၊
    ( ဃ) မြန်မာ့ ပတ်ဝန်းကျင် သိပ္ပံအား တာဝန်ပေး၍ ပညာရှင်ပေါင်းစုံ ပါဝင်သည့် အဖွဲ့ဖြင့် လူမှု ပတ်ဝန်း ကျင်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် အကျိုး သက်ရောက် မှုများကို စိစစ်စေပြီး ၄င်းးတို့မှ တင်ပြသည့် တွေ့ရှိချက်များ၊
    ( င  ) ဝမ်ပေါင် ကုမ္ပဏီနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့် ကိစ္စရပ်များ၊
    ( စ  ) သတ္တုတွင်း ဆိုင်ရာ ကျွမ်းကျင်သည့် ပညာရှင်၊ ဥပဒေဆိုင်ရာ ကျွမ်း ကျင်သည့် ပညာရှင်တို့ကို ခန့်အပ်ပြီး မြန်မာ စီးပွားရေး ဦးပိုင် ကုမ္ပဏီ နှင့် တွေ့ဆုံ ဆွေးနွေးမှုများ၊
    ( ဆ) ထိခိုက်ဒဏ်ရာ ရသော ရဟန်းရှင် လူများအား ဆေးကုသမှုနှင့် ပတ်သက်၍ ကော်မရှင်မှ ညှိနှိုင်း ဆောင်ရွက်မှုများ၊
    ( ဇ  ) လက်ပံတောင်းတောင် သပိတ်စခန်းအား ဖြိုခွဲသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လည်းကောင်း၊ အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန နှင့်လည်းကောင်း ဆွေးနွေးချက်များ။
၃။ စုံစမ်း စစ်ဆေးရေး ကော်မရှင်သည် ကြားဖြတ် အစီရင် ခံစာကို ၄၈ နာရီ အတွင်း နိုင်ငံတော် သမ္မတထံ တင်ပြရန် စီစဉ်လျက် ရှိပါသည်။ ယခု အစီရင်ခံစာ သည် ကြားဖြတ် အစီရင် ခံစာ ဖြစ်သဖြင့် နိုင်ငံတော် သမ္မတ အနေနှင့် ကော်မရှင်၏ လုပ်ဆောင်ချက်၊ တွေ့ရှိချက် များကို သိရှိနိုင်ရန် အတွက် တင်ပြသည့် အစီရင်ခံစာ သာဖြစ်ပါသည်။ ထုတ်ပြန် ကြေညာရန် မဟုတ်ပါ။ ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သည့် အခါမှသာ အသေးစိတ် အချက်အလက် တို့ကို ထုတ်ပြန် ကြေညာမည် ဖြစ်ပါသည်။

 
မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ