ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 January 2013

ပရီးမီးယားရပ်ဝန်း ( ၂၃ )



epl headline news
အခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ်ဟာ ၂၃ သို့  ရောက်ရှိလာပြီ ဖြစ်ပါတယ်  အခုတစ်ပတ် ပွဲစသ်တွေမှာတော့ လန်ဒန် ပြိုင်ဘက် နှစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့  ပွဲစဉ်ဟာ အကြိတ် အနယ် ရှိမှာ ဖြစ်သလို ခြေတက်နေတဲ့ စပါးနဲ့ လက်ရှိဦးဆောင်သူ မန်ယူအသင်းတို့  ပွဲစဉ်ဟာလည်း ပရိသတ်ကို ဖမ်းစား အုန်းမှာ မလွဲပါဘူး

လီဗာပူးလ် – နော့ဝှစ်ခ်ျ
လီဗာပူးလ်တို့ ရဲ့ ခြေစွမ်းက ခန့် မှန်းရ ခက်တယ်လို့  ဆိုရမှာ ဖြစ်ပါတယ် အိမ်ကွင်းဆို ခြေစွမ်းကောင်းမွန်တယ်လို့  ဆိုလို့ ရပေမယ့် နော့ဝှစ်ခ်ျကလည်း ခံစစ်ကို ဦးစားပေးပြီး တန်ပြန်တိုက်စစ်ကို အကောင်အထည် ဖော်လာမှာ မလွဲပါဘူး တိုက်စစ်မှုး ဖြစ်သူ စတားရစ်ခ်ျနဲ့ ဘော်ရီနီတို့  ဒဏ်ရာက သက်သာလာလို့  လီဗာပူးလ် တိုက်စစ် တောင့်တင့်လာတာကတော့ အမှန်ပါပဲ အိမ်ကွင်းလည်း ဖြစ်လို့  လီဗာပူးလ်တို့  ရှုံးဖို့  ခဲယဉ်းပေမယ့် ဂိုးပြတ်ဖို့  မဖြစ်နိုင်လို့  ဧည့် သည် နော့ဝှစ်ခ်ျကိုပဲ အားပေးလိုက်တာ အကောင်းဆုံး ဖြစ်မယ်လို့  ယူဆပါတယ်
မန်စီးတီး – ဖူလ်ဟမ်
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံကတော့ ဥရောပ ပွဲစဉ်တွေကနေ အနားယူခဲ့ရလို့  ပရီးမီးယားလိဂ် ကို သေချာ အာရုံစိုက် ကစားလာတာကြောင့် ရလာဒ်တွေ ကောင်းလာတယ်လို့  ဆိုရမှာ ဖြစ်ပါတယ် ကစားသမားတွေ ပွဲပန်းမှုဒဏ်ကို ခံရတာ နည်းသလို အိမ်ကွင်းလည်း ဖြစ်တာကြောင့် မန်စီးတီးတို့  သေချာပေါက်အနိုင်လို့  ဆိုရမှာ ဖြစ်ပါတယ် ဧည့် သ်ည ဖူလ်ဟမ်ကလည်း ခြေစွမ်း ညံ့ ဖျင်းနေတာကြောင့် ဂိုးတောင် ပြတ်သွားမယ်လို့  ယူဆရပါတယ်
နယူးကာဆယ် – ရီဒင်း
အဓိက တိုက်စစ်မှုး ဖြစ်သူ ဒမ်ဘာဘားကို လက်လွတ်လိုက်ရပြီး လိုချင်တဲ့ တိုက်စစ်မှုးကိုလည်း ကျုပီအာက ခေါ်ယူသွားတာကြောင့် ကာဆယ်တို့  တိုက်စစ်ပိုင်း အားနည်းမှုကို ကြုံတွေ့ ရမှာ မလွဲပါဘူး ကွင်းလယ်လူ ကာဘာယီ ဒဏ်ရာက ပြန်လည် သက်သာလာတာက ကာဆယ်အတွက် သတင်းကော်ငးလို့  ဆိုရမှာ ဖြစ်ပါတယ် ရလာဒ်တွေ ဆိုးနေတဲ့ ကာဆယ်တို့ ရီဒင်းကို အနိုင်ကန်သွားမှာကတော့ ယုံမှား သံသယ ဖြစ်ဖွယ် မရှိပါဘူး
ဆွမ်ဆီး – စတုတ်
ခံစစ်ပိုင်း ကောင်းလှပါတယ်ဆိုတဲ့ စတုတ်တို့  နောက်ဆုံး လေးပွဲမှာ ပေးဂိုးများနေတာက ဆွမ်ဆီးအတွက် အားသာတယ်လို့  ဆိုရမှာ ဖြစ်ပါတယ် အိမ်ကွင်းဆိုရင် အသင်းကြီးတွေကိုတောင် ဒုက္ခပေးတတ်တဲ့ ဆွမ်ဆီးတို့  အခုပွဲမှာရော ဘာလုပ်ပြနိုင်မလဲ စောင့်ကြည့် ရမယ်လို့  ဆိုရမှာ ဖြစ်ပေမယ့် ရလာဒ်တွေ ဆက်တိုက်ဆိုးနေတဲ့ စတုတ်တို့  အခုပွဲမှာ မထင်မှတ်တာ လုပ်ပြနိုင်မယ်လို့  မျှော်လင့်မိလို့  ဧည့် သည်ကိုပဲ အားပေးတာ ကောင်းမယ် ထင်ပါတယ်
ဝက်စ်ဟမ်း – ကျုပီအာ
အခုပွဲစဉ်ကလည်း သရေပွဲကို ဦးတည်နေတယ်လို့  ဆိုရမှာ ဖြစ်ပါတယ် လူသစ်ခေါ်ယူမှုတွေ ပြုလုပ်ထားတဲ့ ၀က်စ်ဟမ်းနဲ့ ကျုပီအာတို့  အခုပွဲမှာ လူသစ်တွေက ဘာတွေ လုပ်ပြနိုင်မလဲ စိတ်ဝင်စားစရာပါပဲ ခံစစ်မှုးတွေ ဒဏ်ရာရနေတဲ့ ၀က်စ်ဟမ်းထက် ခံစစ်ကို ကျစ်လစ်အောင် လုပ်ပြီး အနိုင်ရလာဒ် ရှာဖွေနေတဲ့ ရက်နပ်ကို အားပေးတာ အကောင်းဆုံး ဖြစ်မယ်လို့  ထင်ပါတယ်
ဝီဂန် – ဆန်းဒါးလန်း
အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်တွေမှာ မတူညီတဲ့ ရလာဒ်တွေ ထွက်ထားတဲ့ နှစ်သင်းတွေ့ ဆုံနေတာ ဖြစ်ပါတယ် ၀ီဂန်က အဝေးကွင်းမှာ အနိုင်ယူပြီး နောက်တစ်ဆင့် တက်ပေမယ့် ဆန်းဒါးလန်းကတော့ အိမ်ကွင်းမှာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ် အိမ်ကွင်းဆို ကစားပုံမာကျောတဲ့ ၀ီဂန်တို့  ဧည့် သည် ဆန်းဒါးလန်းကို ဖိအားပေး ကစားမှာ မလွဲပါဘူး ဆန်းဒါးလန်းကလည်း အဝေးကွင်း ခြေစွမ်း ညံ့ လို့  အိမ်ရှင်တို့  အားသာတယ်လို့  ဆိုရမှာ ဖြစ်ပါတယ်
ဝက်စ်ဘရွန်း – ဗီလာ
ခြေပျက်နေတဲ့ နှစ်သင်း ထိပ်တိုက် တွေ့ ဆုံမှုက စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ဗီလာနည်းပြဖြစ်သူ ပေါလမ်းဘတ်ရဲ့ နေရာဟာ ခပ်လှုပ်လှုပ်ဖြစ်နေတယ်လို့  ဆိုရမှာ ဖြစ်ပါတယ် ရာသီအစမှာ ခြေစွမ်းကောင်းမွန်ခဲ့တဲ့ ၀က်စ်ဘရွန်းတို့  ကလည်း အခုပွဲမှာ နိုင်ပွဲအတွက် အားထည့် လာမှာ ဖြစ်လို့  အိမ်ရှင်ကို အားပေးတာ အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်
ချယ်လ်ဆီး – အာဆင်နယ်
ဒီတစ်ပတ်ရဲ့ အကြိတ်အနယ် အရှိဆုံး ပွဲစဉ်ဖြစ်လာမယ်လို့  ယူဆရပါတယ် နောက်ပိုင်းနှစ် ထိပ်တိုက် တွေ့ ဆုံမှုတွေမှာ ဂိုးမြူးနေတဲ့ မှတ်တမ်းတွေ အရ အခုပွဲစဉ်မှာလည်း ဂိုးတွေ မြူးနေအုန်းမှာ မလွဲပါဘူး ချယ်လ်ဆီးကို ကိုင်တွယ်ပြီးနောက်ပိုင်း အိမ်ကွင်းနိုင်ပွဲ မရသေးတဲ့ ဘင်နီတက်စ်တို့  အခုပွဲကို အနိုင်ကစားပါမှ ချန်ပီယံ မျှော်လင့်ချက်ကို မျှော်မှန်းခွင့် ရှိမယ်လို့  ထင်ပါတယ် အိမ်ကွင်းရလာဒ်မကောင်းတဲ့ ချယ်လ်ဆီးနဲ့ ပွဲပန်းနေတဲ့ အာဆင်နယ်တို့  အကြိတ်အနယ် ပွဲစဉ်မှာတော့ အိမ်ရှင်တို့  ရလာဒ်ကောင်းယူဆောင်သွားမယ်လို့  ခန့် မှန်းလိုက်ပါတယ်
ဆောက်သမ်တန်- အဲဗာတန်
ဆောက်သမ်တန်ရဲ့ ခြေစွမ်းကတော့ ချီးကျူးရမယ်လို့  ဆိုရမှာ ဖြစ်ပါတယ် အဝေးကွင်းတွေ ကစားနေရပေမယ့် ရလာဒ်ကောင်းတွေ ဆောင်ယူထားနိုင်တယ်လို့  ဆိုရမှာ ဖြစ်ပါတယ် အိမ်ကွင်းပွဲစဉ်တွေမှာတော့ ဆောက်သမ်တန်ရဲ့ ခြေစွမ်းကလည်း အားရစရာ ကောင်းလှပါတယ် ဧည့် သည်ကလည်း အေ၀းကွင်းခြေစွမ်း ညံ့ ဖျင်းတာကြောင့် သရေဆိုတာက မျှတတဲ့ ရလာဒ်လို့  ဆိုရမှာ ဖြစ်ပါတယ်

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ