ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 January 2013

ရာသီအကုန်ထိ အနားယူရတော့မည့် ဖလက်ချာ



Darren Fletcher
မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကွင်းလယ် ကစားသမား ဒါးရင်း ဖလက်ချာ သည် အူမကြီး၌ ဖြစ်သည့် ပြည်တည်နာ အား ခွဲစိပ်ကုသရမည် ဖြစ်သဖြင့် အသင်း၏ လက်ကျန်
ပွဲစဉ်အားလုံး လွဲချော်တော့မည် ဖြစ်ပြီး ကစားသမား ဘဝ အဆုံးသတ်ရမည့် အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ အသက် ၂၈ နှစ် အရွယ် စကော့တလန် ကစားသမားသည် ပြီးခဲ့သည့်ရာသီကတည်းက အဆိုပါ ရောဂါ ဝေဒနာ ကြောင့် အနားယူနေခဲ့ရသူ ဖြစ်ပြီး ယခုရာသီ၌ အသင်းအတွက် ပွဲစဉ်အချို့တွင် ပြန်လည် ကစားပေးနေသူ ဖြစ်သည်။ ယခုအခါ သူ၏ ရောဂါမှာ ခွဲစိပ်ကုသရန် လိုအပ်နေပြီး ကုသမှု ခံယူပြီးလျှင် ဘောလုံး ဆက်လက် ကစားနိုင်မည်မှာ မသေချာ မရေရာသည့် အနေအထားတွင် ရှိနေကြောင်း သတင်းများ အရ သိရှိရသည်။
ကလပ် အသင်းက “ဒီ ခွဲစိပ်ကုသမှု အလုံးစုံကို အသင်းက တာဝန်ယူသွားမှာ ဖြစ်ပြီး ဒါးရင်း အနေနဲ့ ပြန်လည် ကြံခိုင်လာပြီး အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းလာနိုင်ချိန်အထိ စောင့်မျှော်ပြီး ဒီရာသီမှာပဲ ပြန်လည် ကစားလာနိုင်ဖို့ မျှော်လင့်ပါတယ်။ အရာရာ အကောင်းမွန်ဆုံး ဖြစ်လာစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။” ဟု အသင်းပိုင် ဝက်ဆိုဒ် မှတဆင့် ထုတ်ပြန် ကြေငြာသွားခဲ့သည်။
ဒါးရင်း ဖလက်ချာ သည် ယခုရာသီ မန်ယူ အသင်းအတွက် ပွဲစဉ် အချို့တွင်သာ အကန့်အသတ်ဖြင့် ပါဝင် ကစားပေးနေသူ ဖြစ်ပြီး ပွဲစဉ် ၁၀ ပွဲ အထိ ကစားပေးထားကာ သွင်းဂိုး ၁ ဂိုး သွင်းယူပေးထားနိုင်သူ ဖြစ်သည်။


MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ