ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 January 2013

တောင်ကိုရီးယား နိုင်ငံသည် ဗြိတိန် နိုင်ငံထံမှ ရေတပ်သုံး ရဟတ်ယာဉ်များ ဝယ်ယူ သွားမည်ဟုဆို


တောင်ကိုရီးယား နိုင်ငံသည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ဆင်ရေးများ ကဲ့သို့သော ရေတပ်မစ်ရှင် များအတွက် ဗြိတိန် နိုင်ငံထံမှ AW-159 Wildcat ဘက်စုံသုံး ရဟတ်ယာဉ် များဝယ်ယူ သွားရန် ဇန်နဝါရီလ ၁၅ ရက်နေ့က ဆုံးဖြတ် ချက် ချမှတ်ခဲ့ သည်ဟု Newsnow သတင်း တစ်ရပ်အရ သိရှိရ ပါသည်။
လွန်ခဲ့သော နှစ်ပတ်ကျော်ခန့် အချိန်ထိ ရေတပ်ဖွဲ့နှင့် စက်မှုလုပ်ငန်း အများစုက စွမ်းဆောင်ရည် ပိုမို မြင့်မားသော အမေရိကန် နိုင်ငံ၏ Sikorsky ကုမ္ပဏီလုပ် MH-60R Seahawk ရဟတ်ယာဉ်ကို ဝယ်ယူ လိမ့်မည်ဟု ခန့်မှန်းခဲ့ ကြသော် လည်း ကာကွယ်ရေး ဝန်ကြီး ကင်မ်ကွန်ဂျင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသော စစ်လက်နက် ဝယ်ယူရေး အစီအစဉ် စီမံခန့်ခွဲမှု (DAPA) အောက်တွင်ရှိသော ကော်မတီက ဗြိတိန် နိုင်ငံ၏ Agusta Westland ကုမ္ပဏီလုပ် Wildcat ရဟတ်ယာဉ် အား ဝယ်ယူရန် ဆုံးဖြတ်ခဲ့ ပါသည်။ အဆိုပါ ရဟတ်ယာဉ် ဝယ်ယူရေး အစီ အစဉ်သည် မျိုးဆက်သစ် ဖရီးဂိတ် တစ်စီးအတွက် ရဟတ်ယာဉ် ၈ စင်း ဝယ်ယူရန် ဝမ် ၅၈၉ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅၅၇ သန်း) ရှိ ၂ဝ၁၆ ခုနှစ် ဘက် ဂျက် အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ MH-60R ရဟတ်ယာဉ်သည် စွမ်းဆောင်ရည် ပိုင်းတွင် အများ နှစ်သက်မှု မြင့်မားစွာ ရရှိသော်လည်း AW-159 သည် ဈေးနှုန်း၊ စစ်ဆင်မှု ဆိုင်ရာ အံဝင်ခွင်ကျ ရှိမှု၊ သဘောတူ စာ ချုပ်၊ အခြားအကြောင်း အရာများနှင့် သတ်မှတ်ချက်တွင် ပိုမို ထောက်ခံမှု များစွာ ရရှိသောကြောင့် ၎င်းအား ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း DAPA ၏ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့ ပါသည်။ တောင်ကိုရီးယား ရေတပ်ဖွဲ့ အနေဖြင့် လက်ရှိ အသုံးပြု နေသော Lynx ရဟတ်ယာဉ်ထက် ပိုမို အရည်အသွေး ပြည့်ဝသော MH-60R ရဟတ်ယာဉ်အား ပိုမို ကြိုက်နှစ်သက် သော်လည်း သယ်ယူရန် ပိုမိုသေးငယ် လွယ်ကူပြီး အသုံးပြု နေသော သင်္ဘော အမျိုးအ စားနှင့် ပိုမို ကိုက်ညီမှု ရှိသောကြောင့် Lynx ရဟတ်ယာဉ်အား အဆင့်မြှင့်တင် ထားပြီး အရွယ်အစား ပိုကြီးသော AW-159 ရဟတ်ယာဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရ ပါသည်။
 


မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ