ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 January 2013

ကချင်ဒုက္ခသည်များကို လူသားချင်းစာနာမှု အကူအညီပေးရေး အခြေအနေ ဆိုးရွား


ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရောက်ရှိရေးအခြေအနေ ပိုမိုဆိုးရွားလာနေတဲ့တွက် ဒီကိစ္စကို အရေးတကြီး ဆွေးနွေးကြဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ
အရှိန်မြှင့်နေချိန်မှာ   စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးရေးကိစ္စနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အရေးတကြီး ထည့်သွင်းဆွေးနွေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က  ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်တာပါ။
ကချင်ပြည်နယ်ထဲမှာ  ပဋိပက္ခကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အခြေအနေဟာ  ပိုမိုဆိုးဝါးနေပြီး ဒုက္ခသည်တွေထံ အကူအညီတွေ ရောက်ရှိရေး အခက်အခဲ ဖြစ်နေတာကို ကော်မရှင်က စိုးရိမ်မိတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့ပြင် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သက်ဆိုင်သူအားလုံးက အရေးတကြီး ဆောင်ရွက်တာတွေ မလုပ်ရင်  ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အခြေအနေ  ပိုမိုဆိုးလာနိုင်တယ်လို့ ထုတ်ပြန်ချက်က သတိပေးထားပါတယ်။

ဒီထုတ်ပြန်ချက် ထုတ်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်ရဲ့အတွင်းရေးမှူး ဦးစစ်မြိုင်က “တိုက်ပွဲတွေကြောင့် ရပ်ရွာစွန့်ပြီးထွက်ပြေးလာတဲ့ ပြည်သူလူထုတွေ၊ တိုင်းရင်းသားတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေ အခွင့်တွေ၊ ပစ္စည်းအထောက်အပံ့တွေ ပေးနိုင်မယ့် အစီအစဉ်တခုဖြစ်ပေါ်ဖို့ လမ်းကြောင်းတခုဖြစ်ပေါ်လာဖို့။ အခုက လမ်းကြောင်းတွေ ပိတ်နေတာကိုး။ မြို့တွေပေါ်မှာရှိတဲ့ ဒုက္ခသည်တွေကိုတော့ ထောက်ပံ့လို့ရတယ်လေ။ အထူးသဖြင့် နယ်စပ်မှာရှိတဲ့ဒုက္ခသည်တွေဆီကျ မရောက်ဘူးပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ဒီလိုထောက်ပံ့နိုင်ဖို့ကိုလည်း အရေးတကြီးထည့်ဆွေးနွေးဖို့ တောင်းဆိုချင်တာပါ။အဲအတွက် အန္တရာယ်ကင်းတဲ့ လမ်းကြောင်းတခုဖွင့်ပေးဖို့ တိုက်တွန်းချင်တယ်။ ဒါကြောင့် ဒါကို အရှိန်အဟုန်မြှင့်ပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုတွေ ကြိုးပမ်းပေးပါလို့ တိုက်တွန်းတာဖြစ်ပါတယ်။”
ကချင်တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ရေးအရှိန်လျှော့ပြီး တွေ့ဆုံဆွေးနွေးကြဖို့ ပြည်သူ့လွှတ်တော်ကလည်း ဒီနေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုခဲ့သလို လွှတ်တော်နဲ့ ကော်မရှင်တို့ဟာ သဘောထားခြင်း တူညီတယ်လို့လည်း ဦးစစ်မြိုင်က ဆိုပါတယ်။
လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တချို့ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာလက ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး စွန့်ခွာတိမ်းရှောင်နေကြတဲ့ အရပ်သားတွေရဲ့အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့တယ်လို့ ကော်မရှင်က ဆိုပါတယ်။
ကချင်ပြည်နယ်ကို သွားရောက်တဲ့ ခရီးစဉ်ဟာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့အတွက် လတ်တလော  ကချင်စစ်ဘေးဒုက္ခသည်အရေအတွက် အတိအကျကို ခန့်မှန်းပြောဆိုနိုင်ဖို့ ခဲယဉ်းတယ်လို့လည်း ဦးစစ်မြိုင်က ပြောပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ