ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 January 2013

နိုဘယ်ငြိမ်းချမ်းရေးဆုကို ဒေါ်စု ကိုမပေးပဲ ဒေါ်ဒွဲဘူ ကို ပေးသင့် ဟုဆို

မြန်မာနိုင်ငံမြောက်ပိုင်းမငြိမ်းမချမ်းဖြစ်နေချိန်တွင် အရည်အချင်းမရှိပဲ  နိုဘယ်ငြိမ်းချမ်းရေးဆုရရှိထားသော ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် လွှတ်တော်ထဲတွင် ပါးစပ်ပိတ်ထိုင်နေချိန်တွင် ဘာဆုမှမရထားသည့် ဒေါ်ဒွဲဘူမှ ငြိမ်းချမ်းရေးအတွက် အဆိုအား ယနေ့ တင်သွင်းခဲ့သည်။

 ယနေ.ကျင်းပသော ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး
တတိယနေ့တွင် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ မှ

“ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားလျှက်ရှိသော KIO/KIA နှင့် အစိုးရတပ်များအကြား ပစ်ခတ် တိုက်ခိုက်မှုများအား ချက်ချင်းရပ်ဆိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ အမြန်ဆုံး စတင်ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းကို လွှတ်တော်မှ အတည်ပြုရေး” ဆိုတဲ့ အရေးကြီးဆို ကိုတင်သွင်းခဲ့သည်။

ဌင်းအဆိုမှာ ကချင်ပြည်နယ် အရေးကိစ္စသည် ကချင်ပြည်သူများ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိပြည်သူများ နေ့စဉ်နှင့်အမျှ စိတ်မကောင်း၊ စိုးရိမ်ကြောင့်ကြနေကြသော ကိစ္စဖြစ်ကြောင်း၊ ၎င်းကိစ္စသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း တိုးတက်ရေးနှင့်ပြည်သူတစ်ရပ်လုံးဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် ကြီးမားသော အနှောင့်အယှက်ဖြစ်ကြောင်း၊ တိုင်းရင်းသား အချင်းချင်းပစ်ခတ်မှုများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်ကြောင်း၊ အစိုးရ၊ နိုင်ငံတော်သမ္မတအပါအဝင် ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းရေးကိုလိုလားပြီး နိုင်ငံတော်သမ္မတမှ ငြိမ်းချမ်းရေးဖော်ဆောင် လျှက်ရှိကြောင်း၊ အားလုံးလက်တွဲ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ KIO/KIA ဘက်မှလည်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများတန်းတူညီမျှမှုကို လိုလားသဖြင့် ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးလျှက်ရှိကြောင်း၊ အစိုးရ၊လွှတ်တော်များ၊ တပ်မတော် ၊ လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပြည်သူနှင့် လက်တွဲပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လက်တွဲဖော်ဆောင်ရွက် ရန် ယခုအရေးကြီးအဆိုတင်သွင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဌင်းနည်းတူယနေ. ကျင်းပသောအမျိုးသားလွှတ်တော်တွင် ကချင်မဲဆန္ဒနယ် အမှတ် ၁မှ ကိုယ်စားလှယ် တစ်ဦ်းဖြစ်သူ ဦးခက်ထိန်နန်က “ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ပတ်သက်၍ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် ယုံကြည်မှုရရှိနိုင်မည့် ခိုင်မာသော အခြေခံမူများ သတ် မှတ်ပေးရေး ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း ” အဆိုတင်သွင်းခဲ့ကြောင်းသတင်းရရှိသည်။

အမျိုးသားလွှတ်တော်တွင် ကချင်မဲဆန္ဒနယ် အမှတ် ၁မှ ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော်တိုင်းရင်းသားရေးရာကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးခက်ထိန်နန်၏ အဆိုမှာ “ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ပတ်သက်၍ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် ယုံကြည်မှုရရှိနိုင်မည့် ခိုင်မာသော အခြေခံမူများ သတ် မှတ်ပေးရေး ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း ” အဆိုဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူတင်သွင်းခဲ့သော အဆိုမှာလည်း ကချင်စစ်ပွဲများ ရပ်တန့်ရေး အရေးကြီးအဆိုဖြစ်ပြီး အဆိုပါ အရေးကြီးအဆိုမှာ "ပြည်တွင်းငြိမ်း ချမ်းရေး ဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော KIO/KIA နှင့် အစိုးရတပ်များအကြား ပစ်ခတ် တိုက်ခိုက်မှုများအား ချက်ချင်းရပ် ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်ဆောင်ရွက်ကြ ရန် ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းကို လွှတ်တော်မှ အတည်ပြုရေး" အဆိုဖြစ်သည်


 ဦးခက်ထိန်နန်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်၍ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် ယုံကြည်မှုရရှိစေမည့် ခိုင်မာသော အခြေခံမူများ ချမှတ်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် တင်ပြဆွေးနွေးခဲ့သည်။

“ယနေ့လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူထဲက ပြည်သူဖြစ်ပြီးတော့ ပြည်သူလူထုရဲ့ ခံစားချက်တံတားလည်း ဖြစ်တတ်တဲ့အတွက်ကြောင့် ကချင်ပြည်နယ်မှာ စစ်ပွဲတွေ အမြန်ရပ်စဲဖို့နှင့် ထာဝရ ငြိမ်းချမ်းရေးရရှိဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တိုင်းမှာ ဆန္ဒပြင်းပြစွာ ရှိနေမယ်ဆိုတာ ကျွန်တော်ယုံ ကြည်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဤကိစ္စကို ပေါ့ပေါ့ဆဆမထားဘဲ လေးလေးနက်နက် ထားပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့ ကိုယ်စား လွှတ်တော်မှာ ပါဝင်ဆွေးနွေးအကြံပြုကြဖို့ ထောက်ခံ အတည်ပြုဆောင်ရွက်ကြဖို့ အချိန်တန်လာပါပြီ” ဟု ၄င်းက ပြောသည်။



အဆိုပါ အရေးကြီး အဆိုနှင့် ပတ်သတ်၍ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက "ဒီအဆိုဟာ တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေတဲ့ အဆိုဖြစ်သည့်အတွက် အဆိုနှင့်ပတ်သတ်ပြီး ဆွေးနွေးမှုတွေ လက်ခံဆောင်ရွက်နေမှာမဟုတ်ဘဲ လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော်၏ အဆုံးအဖြတ် ရရယူရာတွင် လွှတ်တော် ကိုယ်စားလှယ် အားလုံးမှ ထောက်ခံသဖြင့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူတင်သွင်းသည့် အဆိုအား လွှတ်တော်မှ အတည်ပြုခဲ့သည်။


နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကြီးနေထိုင်ရာ မြန်မာနိုင်ငံတွင် မငြိမ်းမချမ်းဖြစ်နေသော်လည်း အရည်အချင်းမရှိပဲ ဆုရထားသည့် ဒေါ်အောင်ဆန်းစုကြည်မှ ပါးစပ်ပိတ်ကာ လွှတ်တော်ထဲ ငုတ်တုတ်ထိုင်နေသဖြင့် နိုဘယ်ဆုအား  ဒေါ်ဒွဲဘူ ကို ပေးသင့် ကြောင်း ဝေဖန်မှုများ ရှိနေပါသည်။ 


 


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ