ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 January 2013

ဝန်တင်သွားလာမှု သုံးဆကျော် တက်လာသည့်အတွက် နှစ် ၂၀ အထက် တံတားများ ပြန်လည်စိစစ်


ဝန်တင်သွားလာမှု သုံးဆကျော် တက်လာသည့်အတါက် နှစ် ၂၀ အထက် တံတားများ ပြန်လည်စိစစ်ဆောက်လုပ်ရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတွင်းရှိ တည်ဆောက် ပြီးသားလမ်းနှင့် တံတားများထဲမှ
သက်တမ်း ၂၀ အထက်ရှိသော တံတားများကို စာရင်းပြုစုနေပြိး ၁၀ စုနှစ် နှစ်ခုအတွင်း တံတား အသုံးပြုမှုနှုန်း မြင့်မားလာခြင်းကြောင့် ခံနိုင်ဝန် ပြန်လည် တွက်ချက်ရန်
လိုအပ်လာကြောင်းနှင့် လိုအပ်ပါက ပြန်လည်ပြင်ဆင်သွားရန် ရှိကြောင်း ၁၀-၁-၂၀၁၃ ရက်က သိရသည်။ မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးသား ပေ ၅၀ အထက် တံတား များတွင် အသုံး ပြုမှုများသော လမ်းနှင့် တွဲဖက် အသုံးပြုသော တံတားများမှာ ပို၍ပျက်စီးနိုင်သည့် အလားအလာ ရှိနေကာ ပြန်လည် ပြင်ဆင်သွားရန် အစီအစဉ်အတွက် ဂျပန်နိုင်ငံကို အကူအညီ တောင်းခံထားသည် ဟုလည်း သိရသည်။
"သက်တမ်း ၂၀ အထက် တံတားတွေထဲမှာ လိုအပ်ရင် ပြန်ပြင်ရမယ့် တံတားတွေ ရှိနေတယ်။ အဓိကကတော့ ကြံ့ခိုင်မှု အားနည်းတာ ဖြစ်နိုင်တယ်။ ထိန်းသိမ်းမှုကလည်း အားနည်းတယ်။ တချို့တံတားတွေ များဆိုရင် ဘေးကနေ အသစ်ထပ်တိုး ရတာတွေ ရှိလာမယ်" ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးဟန်ဇော်က ပြောကြားသည်။ တံတားဆိုင်ရာ စံသတ်မှတ်ချက်တစ်ခုတွင် မြစ်ကူးတံတားကြီးများမှာ နှစ်၁၀၀ ခံနိုင်ရည် ရှိရမည်ဖြစ်ပြီး ပုံမှန်တံတားများတွင် နှစ် ၅၀ ခံနိုင်ရည် ရှိရမည်ဖြစ်ကာ နှစ် ၂၀ ဆိုသည်မှာ သာမန်သစ်သား တံတားအဆင့် သာရှိသည်ဟု သိရသည်။ "ဒီဘက်နှစ်တွေမှာ ဆောက်တဲ့တံတား တွေကတော့ မဆိုးဘူး။ အရည်အသွေး ကောင်းကြတယ်။ ဥပမာ လှည်းတန်းခုံး ကျော်တံတားလိုမျိုးဆိုရင် တော်တော် အရည်အသွေးကောင်းတာ တွေ့ရတယ်" ဟု ဦးဟန်ဇော်က ပြောကြားသည်။ "အရင်က ဆောက်ခဲ့တဲ့ တံတားတွေ က အရင်တုန်းက Loading (ဝန်တင် သွားလာမှု) တွေနဲ့ပဲ တွက်ချက်ပြီး ဆောက် ခဲ့တာလေ။ အခုနောက်ပိုင်းမှာ Loading တွေက အရမ်းကျပ်လာတယ်။ အရင်က်က်က ထက် သုံးဆလောက် Loading တက် လာတယ်။ ပြီးတော့ ကုန်တင်ကားတွေက တရားမ၀င် ကုန်စည်အပို တင်ဆောင်မှုတွေနဲ့ဆိုတော့ ဒီဒဏ်တွေကို ခံနေရတာ။ ခြုံငုံပြောရရင်တော့ တံတားဆောက်တဲ့ သူတွေအနေနဲ့ နှစ်ကိုကြည့်ပြီး ဆောက် လို့မရတော့ဘူး။ နောင် ၁၀ နှစ်၊ နှစ် ၅၀ မှာ တက်လာနိုင်တဲ့ Loading ကိုပါ ထည့်သွင်း တွက်ချက်ပြီး တည်ဆောက်ဖို့ လိုအပ်နေပြီ" ဟု ဦးဟန်ဇော်က ဆက်လက်ပြော ကြားသည်။



ပြည်မြန်မာ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ