ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 January 2013

စပါးနဲ့ ပွဲစဉ်ကို ဆက်လက် လွဲချော်ရဦးမဲ့ အီဗန်စ်



431240_535935533092076_193766225_n
မန်ယူအသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဂျွန်နီအီဗန်စ်ဟာ လာမဲ့တနင်္ဂနွေ နေ့မှာကစားမဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ရဦးမှာ ဖြစ်တယ်လို့ နည်းပြ ဆာအဲလက်စ် ဖာဂူဆန်က အတည်ပြု ပြောဆို သွားခဲ့ပါတယ်။
အီဗန်စ်ဟာ ပြီးခဲ့တဲ့ ၀က်စ်ဟမ်းနဲ့ FAဖလား ပထမအကျော့ ပွဲစဉ်မှာ တံကောက်ကျော ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ဒီဒဏ်ရာကြောင့် ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ပွဲစဉ်ကိုပါ လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။
သူ့ရဲ့ ဒဏ်ရာကြောင့် ကြံ့ခိုင်မှု ပြည့်ဝခြင်း မရှိတဲ့အတွက် လာမဲ့စပါးနဲ့ ပွဲစဉ်ကိုပါ အသင်းနဲ့အတူ ပါဝင်ခွင့် ရရှိဦးမှာ မဟုတ်ပါဘူး။ သို့ပေမဲ့ အခြားဒဏ်ရာရ ကစားသမား တွေကတော့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီး ဖြစ်တဲ့အပြင် ၀က်စ်ဟမ်းနဲ့ FAဖလား ဒုတိယအကျော့ ပွဲစဉ်မှာ နည်းပြကြီးက ပါဝင်ကစားခွင့် ပြုခဲ့ပြီး ဖြစ်ပါတယ်။
ဆာအဲလက်စ်က ဒီနေ့မှာ ပြုလုပ်တဲ့ ပွဲကြိုကွန်ဖရန့်မှာ ” ဂျွန်နီအီဗန်စ်က ပါဝင်နိုင်ဦးမှာ မဟုတ်ပေမဲ့ ကျွန်တော်တို့ဟာ တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထား ပါပြီ။ အီဗန်စ်ဟာ ၁၀၀ရာနှုန်းပြည့် ကြံ့ခိုင်မှု မရှိသေးပါဘူး။ ဒါကလွဲရင် ကျန်တဲ့အသင်းသား တွေအားလုံးရဲ့ အခြေအနေက အားလုံးအိုကေပါ။ ဗုဒ္ဒဟူးနေ့က ပွဲစဉ်မှာ ပွဲကစားခွင့် လိုနေတဲ့ ကစားသမားတွေ အားလုံးကို ထည့်သွင်းအသုံးပြု ခဲ့ပါတယ်။ သူတို့အားလုံးဟာ ပုံစံကောင်း ရရှိခဲ့ပြီး ကောင်းကောင်းစွမ်းဆောင် နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ ပြောကြား သွားခဲ့ပါတယ်။


MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ