ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 January 2013

မော်လမြိုင် တက္ကသိုလ်ကျောင်းသူ တစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ


မော်လမြိုင် တက္ကသိုလ်ကျောင်းသူ တစ်ဦးထံမှ စိတ်ကြွဆေးများ ဖမ်းဆိးရမိမွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူ တစ်ဦးထံမှ ရာဘမူးယစ် စိတ်ကြွဆေးပြား ၅၀ ပြား တိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်း ထားလျက် ရှိကြောင်း သိရသည်။ ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒ ပထမနှစ် တက်ရောက်နေသည့်
တက္ကသိုလ် ကျောင်းသူသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင် နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောက်ျားလေး အဖော်လူငယ်တစ်ဦးလည်း အတူ ရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူး ရဲအရာရှိ တစ်ဦးက ပြောသည်။
မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီး မိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကိုလည်း ဖမ်းဆီးမိတာ ဖြစ်တယ်၊ ရှေ့ဆက် ဘယ်လို ကိုင်တွယ်သွားမလဲ ဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက် လုပ်ဆောင်နေတယ်”ဟု ပြောသည်။ ထို့နောက် ထပ်မံစစ်ဆေးချက် အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီး ရရှိခဲ့သည်ဟုလည်း သိရသည်။ အလားတူ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ် စိတ်ကြွဆေးပြား ရောင်းသူ ၃ ဦးကို လွန်ခဲ့သည့် တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက် ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်းဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှု ရှိနေတဲ့သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရကလည်း လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာ လက်နက်ငယ်တွေ ကိုင်ဆောင်ခွင့် ပြုထားတာ တွေ့နေရတယ်” ဟုပြောသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ်စိတ်ကြွဆေးဝါး သုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိ ခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြား လာနေသည်ဟုလည်း မွန်တိုင်းရင်းသား လွှတ်တော် အမတ်တစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။
Ref by - http://www.maukkha.org, လွတ်လပ်သော မွန်သတင်းအေဂျင်စီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ