Angela Cotton ဆိုသူ အသက် ၃၂ နှစ်အရွယ် ကျောင်းဆရာမ လုပ်သူဟာ အမြွှာပူးကလေးတွေကို မွေးဖွားရင်း အမြွှာပူး တစ်ယောက်ရဲ့ လက်သည်း ဒါမှမဟုတ် ဆံပင်ဟာ သွေးထဲကို ရောက်ရှိသွားကာ သွေးထွက်လွန်ပြီး သွေး ၂၂ ပုလင်း သွင်းယူရတယ်
တဲ့အထိ ဖြစ်သွားတယ်လို့ သိရပါတယ်။ ဒီလိုအဖြစ်မျိုးဟာ ရှားပါးလှပြီး ကလေး ရှစ်သိန်း မွေးရာမှာ တစ်ယောက်သာ ဖြစ်ပေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။ သူရဲ့ အမြွှာပူး ကလေးနှစ်ယောက် ဟာလည်း ငါးပတ် စောပြီး မွေးဖွားလာခဲ့ကာ အောက်ဆီဂျင်နဲ့ အသက် ဆက်ခဲ့ရတယ်လို့ သိရပါတယ်။ သူမဟာ သွေးဆိပ်တက်ကာ သွေးဖိအားတွေ မြင့်တက်ပြီး ဖောရောင်နေတာကြောင့် ဆေးရုံတက်ကာ သားအိမ်ကို လှုံ့ဆော်မှုပေးပြီး ကလေး မွေးဖွားလာအောင် ပြုလုပ်ပေးခဲ့ရပါတယ်။
အဲဒီလို ပြုလုပ် နေစဉ်အတွင်း သူမဟာ ချောင်းဆိုးပြီး အသက်ရှူ ရခက်ခဲ လာပါတယ်။ သန္ဓေသား ပတ်လည်မှာရှိတဲ့ ရေမြွှာရည်တွေက သားအိမ်တွင်း သွေးကြောမှတစ်ဆင့် မိခင်ရဲ့ သွေးအတွင်း စိမ့်ဝင်သွား တဲ့ Amniotic Fluid Embolism ကြောင့် အဆုတ်အလုပ် မလုပ်နိုင်တော့တာကို ဆရာဝန်တွေက သိရှိသွားကြ တဲ့အတွက် ကလေးရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့ သူမကို အောက်ဆီဂျင် ပေးကာ ဗိုက်ခွဲမွေးဖွား ပေးခဲ့ကြပါတယ်။ ကလေးနှစ်ယောက်ရဲ့ အလေးချိန်ဟာ လေးပေါင် နှစ်အောင်စနဲ့ လေးပေါင် ၁၀ အောင်စ အသီးသီး ရှိကြပါတယ်။ ကလေးကို အောင်မြင်စွာမွေးဖွား ပြီးနောက်ပိုင်းမှာ သူမအနေနဲ့ သွေးခဲမှုစွမ်းရည်မရှိတော့ တာကြောင့် သွေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ကာ သွေး ၂၂ ပုလင်း အထိ သွင်းခဲ့ရပါတယ်။ သူမကို ဆရာဝန်တွေက ရက်ပေါင်း များစွာ သတိမေ့နေမယ်လို့ ထင်ခဲ့ပေမယ့် မွေးဖွားပြီး ၁၂ နာရီအကြာမှာ သတိပြန်လည်ရရှိလာပါတယ်။ ရေမြွှာရည်တွင်းရှိနေတဲ့ သန္ဓေသားရဲ့ လက်သည်း ဒါမှ မဟုတ် ဆံပင်လိုမျိုး ဆဲလ်တွေက သူမရဲ့အဆုတ်တွင်းကို ရောက်ရှိပြီး ပြင်းထန်တဲ့ ဓာတ်မတည့်မှုဆိုင်ရာ တုန့်ပြန်မှုဖြစ် ပေါ်စေတယ်လို့ ဆိုပါတယ်။ Amniotic Fluid Embolism ဟာ အမြွှာပူးကိုယ်ဝန်ဆောင်တွေမှာ ဒါမှမဟုတ် သားအိမ် ကို လှုံ့ဆော်မှုပေးပြီး ကလေးမွေးဖွားလာအောင် ပြုလုပ်ပေး ခံရသူတွေမှာ အဖြစ်များပေမယ့် တိုက်ရိုက်ဖြစ်ရ တဲ့အကြောင်းရင်းမရှိဘူးလို့ သိရပါတယ်။ ရောဂါ ဖြစ်နှုန်းဟာလည်း အလွန်ရှားပါးပြီး ကြိုတင် မှန်းဆ ကာကွယ်လို့ မရဘူးလို့ ဆိုပါတယ်။
By Good Health
No comments:
Post a Comment