ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 January 2013

ရုရှား နိုင်ငံသည် စစ်သုံးဂြိုဟ်တု ၃ စင်း လွှတ်တင် ခဲ့ခြင်း

ရုရှား နိုင်ငံသည် နိုင်ငံ မြောက်ပိုင်း Plesetsk ဂြိုဟ်တု လွှတ်တင်ရေး စခန်းမှ နေ၍ စစ်သုံးဂြိုဟ်တု ၃ စင်း ပါဝင်သည့် Plesetsk အမည်ရှိ ဂြိုဟ်တုသယ် ဒုံးယာဉ်အား ဇန်နဝါရီလ ၁၅ ရက်နေ့ ဒေသ စံတော်ချိန် ည ၈ နာရီ ၂၅ မိနစ် (ဂရင်းနစ် စံတော်ချိန် ၁၆၂၅ နာရီ) တွင် လွှတ်တင် ခဲ့ကြောင်း လေကြောင်း နည်းပညာ ကာကွယ်ရေး ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ Alexei Zolotukhin ကပြောကြား ခဲ့သည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။
အဆိုပါ ဂြိုဟ်တု ၃ စင်းသည် သတ်မှတ် ဂြိုဟ်ပတ်လမ်း အတွင်းသို့ ဒေသ စံတော်ချိန် ည ၁ဝ နာရီ ၉ မိနစ် (ဂရင်းနစ် စံတော်ချိန် ၁၈ဝ၉ နာရီ) တွင် ရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့ပါသည်။ အဆို ပါ ဂြိုဟ်တုများအား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အစောပိုင်း ကတည်းက လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း ရုရှား သုတေသနနှင့် ထုတ်လုပ်ရေး ဆိုင်ရာ Khrunichev အာကာသ ဌာနက တာဝန်ယူ တည်ဆောက်သည့် Briz အရှိန်မြှင့် စနစ် တည်ဆောက်မှုတွင် ချွတ်ယွင်းချက်များ ရှိသဖြင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်ပါသည်။ အဆိုပါ ဂြိုဟ်တု လွှတ်တင်မှုသည် ယခုနှစ် အတွင်း Plesetesk ဂြိုဟ်တု လွှတ်တင်ရေး စခန်းမှ နေ၍ ကာကွယ်ရေး ကဏ္ဍမှ အာကာသသို့ ပထမဆုံး အကြိမ် ဂြိုဟ်တု လွှတ်တင်မှု ဖြစ်ပါသည်။ ၁ဝ၇ တန် အလေးချိန်ရှိ Rokot ဂြိုဟ်တုသယ်ဒုံး ယာဉ်သည် RS-18 (SS-19 Stiletto) တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးပျံကို အခြေခံ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။


မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ