ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

18 January 2013

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံး


အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးသွားပြီး ရေကြီးတဲ့ ဒုတိယနေ့မှာ မြို့တော်ရဲ့ စီးပွားရေးနယ်မြေမှာ နောက်ကျိနေတဲ့ ရေတွေ လွှမ်းနေပြီး ဖရိုဖရဲတွေ ဖြစ်နေတယ်လို့ အာဏာပိုင်တွေက ဒီနေ့ ပြောကြားလိုက်ပါတယ်။
၅ နှစ်အတွင်း အဆိုးဝါးဆုံး ရေကြီးမှုကြောင့် လူပေါင်း
၁၈,၀၀၀ လောက် နေအိမ်တွေကို စွန့်ခွာခဲ့ရပြီး လူတွေအများကြီးကို ဖောင်တွေပေါ် တင်ဆောင်ပြီး ယာယီခိုလှုံရေးစခန်းတွေဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ၅ ဦးက လျှပ်စစ်ဓာတ်လိုက် သေဆုံးတာလို့ အမျိုးသား ဘေးအန္တရာယ်အေဂျင်စီ ပြောခွင့်ရ ဆူတိုပို ပူရ်ဝို နူဂရိုဟိုက ဆိုပါတယ်။
မြို့လယ်ကို ပြေးဆွဲတဲ့ ရထားနဲ့ ဘတ်စ်ကားလိုင်း အတော်များများလည်း ရပ်ဆိုင်းထားဆဲ ဖြစ်ပါတယ်။
သမ္မတနန်းတော်မှာလည်း ရေတွေ လွှမ်းမိုးနေပြီး ဇန်န၀ါရီ ၁၇ ရက်နေ့မှာ သမ္မတ ဆူဆီလိုဘန်ဘန်း ယူဒိုယိုနိုက ဘောင်းဘီရှည်ကို လိပ်တင်ပြီး ပြည်သူတွေ ဘေးကင်းလုံခြုံအောင် တာဝန်ရှိသူတွေကို ညွှန်ကြားနေတဲ့ ရုပ်ပုံတွေလည်း ပေါ်လာခဲ့ပါသေးတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ