ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

ကချင်လူမျိုးတွေကို ပြင်းပြင်းထန်ထန် စနစ်တကျနဲ့ အပြီးသတ်ချေမှုန်းနေတာ ဖြစ်ပါတယ်


မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ပဋိပက္ခဖြစ်တဲ့နေရာကနေ ပြန်လာတဲ့ လန်ဒန်တက္ကသိုလ်က သုတေသီ ဂိုင်ဟော်တန် (Guy Horton) ကို လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအခြေအနေ၊ ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်မှာ စစ်ဘေးဒဏ်ကို တနှစ်ခွဲလောက် ခံစားနေရတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကို အချိန်အတော်ကြာ တွေ့ဆုံမေးမြန်းခဲ့တယ်ဆိုတော့ ဘာတွေ တွေ့ကြုံခဲ့သလဲ။
“မော်တာတွေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တာကို ကြားနိုင်တဲ့
လက်တကမ်းအကွာမှာ ကျနော် နေခဲ့တယ်။ ဒီပစ်ခတ်သံတွေဟာ တဖြည်းဖြည်းနဲ့ နီးလာပြီးတော့ ကြောက်ရွံ့တာကို အာရုံရလာတယ်။ ကျနော်ရှိနေတဲ့နေရာက ဒေသခံတွေကတော့ အဆိုးဆုံးကို မျှော်လင့်ထားကြတယ်။ ဘုရားကျောင်းတွေကိုလည်း ၂၄ နာရီလုံး ဖွင့်ထားတာကို သတိထားမိတယ်။ လူတွေကလည်း သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ ဆုတောင်းနေတယ်။ အရပ်သားတွေကလည်း တိုက်ခိုက်ဖို့ တိတ်တဆိတ်ပြင်ဆင်နေတဲ့အတွက် ကြောက်စရာ ကောင်းတဲ့ ဘေးအန္တရာယ်တွေ ကျရောက်လာမှာကို ကျနော် အရမ်းစိုးရိမ်မိတယ်။”
အစောက အရပ်သားတွေက တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ် ပြောတော့ သူတို့က ကိုယ်တိုင် လက်နက် တပ်ဆင်တာလား၊ ဒါမှမဟုတ် ကေအိုင်အေက လက်နက်တပ်ထား ပေးတာလား။
“အမျိုးသမီးတွေ အပါအ၀င် လက်နက်ရှိတဲ့နေရာတွေ၊ လက်နက်တွေကို ပစ်ခတ်တတ်အောင် သင်ပေးတဲ့ သင်တန်းပေးနေတဲ့နေရာတွေကို သွားနေတာကိုတော့ ကျနော် မျက်မြင် မတွေ့ခဲ့ဘူး။”

ဒေးဗစ်
ဒီသီတင်းပတ်မှာ လိုင်ဇာ ပတ်ဝန်းကျင်နားက နောက်ဆုံးခံတပ်ကုန်းတွေထဲက တခု ကျသွားတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဒါဟာ ဗမာ့တပ်မတော်အတွက် သူပုန်တွေရဲ့ အမာခံနယ်မြေဆီကိုသွားတဲ့ လမ်းကြောင်းပွင့်သွားသလို ဖြစ်သွားပါတယ်။ ဘာတွေဖြစ်လာနိုင်သလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လက်တွေ့ ရင်ဆိုင်နေရတဲ့ ကွင်းထဲက လူတွေက ဘယ်လိုထင်သလဲ။
“ဖြစ်နိုင်ချေက ၂ ခု ရှိနေပါတယ်။ တခုက လိုင်ဇာနဲ့ ကေအိုင်အေ ဌာနချုပ်ကို အလုံးအရင်းနဲ့ ၀င်တိုက်နိုင်တယ်။ ဒီလိုဖြစ်လာရင်တော့ လိုင်ဇာက အရပ်သားတွေ ပြန်တိုက်ခိုက်မယ်။ သွေးချောင်းစီးမယ့်ပုံစံမျိုး ဖြစ်လာမှာကို ကျနော် စိုးကြောက်မိတယ်။ ဒါကလည်း မြန်မာမှာ အရင်က ကျနော်တွေ့ဖူးတဲ့ တိုက်ပွဲတွေနဲ့ တော်တော်လေး ကွာလိမ့်မယ်။ မပြင်းထန်တဲ့ ပြောက်ကျား တိုက်ပွဲ မဟုတ်သလို ရွှေဝါရောင်တော်လှန်ရေးနဲ့ ၈၈ အရေးအခင်းလိုလည်း မဟုတ်ပါဘူး။ ပြင်းထန်တဲ့ စစ်ဆင်ရေးတခုပါ။ ကတုတ်ကျင်းတွေနဲ့ ခံတပ်တွေ စတာတွေနဲ့ တိုက်တဲ့ တိုက်ပွဲပါ။ ပြည်သူတွေနားလည်ဖို့ ခက်ပါလိမ့်မယ်။  လိုင်ဇာကို အလုံးအရင်းနဲ့ တိုက်ခိုက်ဖို့ ဖြစ်နိုင်ပါတယ်။ အရပ်သားတွေအပေါ် ကပ်ဘေးတခုလို သက်ရောက်မှု ရှိပါလိမ့်မယ်။ ဒေသခံတွေကလည်း ပြေးစရာမြေမရှိဘူး ဆိုတာကို သိနေတာကလည်း ပြဿနာပါ။  သူတို့တွေက တရုတ်နယ်စပ်မှာ ပိတ်မိနေပြီးတော့ ပြေးဖို့ မြေမရှိပါဘူး။ ပြန်တိုက်ဖို့ကလွဲပြီးတော့ တခြား ရွေးစရာ မရှိပါဘူး။ မေးခွန်းကိုဖြေဖို့ နောက်ဖြစ်နိုင်ချေ တခုကတော့ မြို့ကို ၀ိုင်းထားမယ်။ ထိန်းချုပ်ထားမယ်။ တခြားကချင်ပြည်နယ်နဲ့ အဆက်အသွယ်ဖြတ်ထားမယ်။ နောက် တိတ်တဆိတ်လေး ဖျက်ဆီးမယ်။ ကျနော်တို့ မသိနိုင်ပါဘူး။ ဖြစ်နေတဲ့ အခြေအနေကို နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ တုံ့ပြန်မှုကို မူတည်ပြီးတော့လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ တုံ့ပြန်ချက်က အတိမ်းအစောင်းမခံဘူး၊ ဝေဖန်မယ် စိန်ခေါ်တာတွေ ရှိလာမယ်ဆိုရင်တော့ အဲဒီနေရာက ဗမာစစ်တပ်က ရှေ့ဆက်တိုးရဲမှာ မဟုတ်ပါဘူး။ ဒါကတော့ ကျနော်တို့ကြိုးစားလုပ်သင့်တယ်လို့ ထင်ပါတယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်က ဘယ်အခန်းကဏ္ဍကနေ ပါဝင်သင့်သလဲ။
ဂိုင်ဟော်တန် (Guy Horton)
“ဒီကိစ္စမှာ တရုတ်အနေနဲ့ အပြုသဘောဆောင်တဲ့ တကယ့်နေရာကနေ ကောင်းကောင်းပါဝင်သင့်တယ်။ ‘ပါဝင်သင့်တယ်’လို့ ဘာကြောင့် ကျနော်ပြောရသလဲဆိုတော့ ကျနော်တို့ ပြောနေတဲ့ မြောက်ပိုင်းကချင်ပြည်နယ် ဧရိယာက တရုတ်နဲ့ နယ်နမိတ်ခြင်း ထိစပ်နေသလို တရုတ်က သူရဲ့ နယ်စပ်မှာ စစ်မဖြစ်စေချင်ပါဘူး။ တရုတ်ထဲကို ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေ ၀င်လာမှာကိုလည်း တရုတ်က မလိုချင်ပါဘူး။ တရုတ်ရဲ့ အကျိုးစီးပွားအတွက် ဒါကိုလည်း တရုတ်က အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲတာလိုချင်တယ်၊ ရန်လိုတာတွေ ရပ်ချင်တယ်၊ သူရဲ့ ရပ်တည်ချက်က ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ တူတယ်။  တရုတ်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ၊ အမေရိကန်တို့ ပူးပေါင်းပြီး အလျင်အမြန်လုပ်ဆောင်မယ်ဆိုရင်  ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်ရေး အဖြေတခုကို ချမှတ်နိုင်မယ်။”
ခင်ဗျားအနေနဲ့ သူတို့ ကြုံတွေ့ခဲ့ရတဲ့ ဆိုးဆိုးဝါးဝါးအဖြစ်အပျက်တွေကို ကြားခဲ့ရတယ်လို့ ကျနော်တို့ နားလည်ထားပါတယ်။ ဘာတွေတွေ့ပြီး ဘာတွေကြားခဲ့ရသလဲဆိုတာကို ပြောပြပါဦး။
“ဒီမေးခွန်းကို ဖြေဖို့ဆိုရင် – ကချင်တွေဟာ သူတို့အချင်းချင်း တော်တော် စည်းလုံးမှု ရှိတယ်ဆိုတာကို အမှတ်ရ ရပါမယ်။ သူတို့က ကရင်တွေ ကေအန်ယူနဲ့ ဒီကေဘီအေ ကွဲနေတာလိုမျိုး၊ ရှမ်းအဖွဲ့အစည်းတွေလိုမျိုး မဟုတ်ပါဘူး။ သူတို့က အရမ်းကို စည်းလုံးကြပါတယ်။ အရပ်သားတွေကလည်း လက်နက်ကိုင်အဖွဲ့အစည်းဘက်မှာ၊ လက်နက်ကိုင်ကလည်း အရပ်သားတွေဘက်မှာ ရပ်တည်ကြပါတယ်။ ဒါ့ကြောင့်လည်း ဒီအရပ်သားတွေဟာ မြန်မာစစ်တပ်က ပစ်မှတ်ထားတာခံရမှာကို ကျနော်စိုးရိမ်မိတာပါ။ ဒီထက်ပိုပြီး စိုးရိမ်ရတာက တိုက်ပွဲဖြစ်တဲ့နေရာတွေက ထွက်ပြေးလာတဲ့ အရပ်သားတွေဆီက ကြားရတာတွေကြောင့်ပါပဲ။ အဲတာတွေက မြန်မာနိုင်ငံထဲမှာ ကျနော်ကြားဖူးသမျှထဲက အဆိုးဆုံး ဖြစ်ရပ်တွေပါပဲ။ အမျိုးသမီးတယောက်နဲ့ သူ့ ၁၇ လသားကလေးကို လှံစွပ်နဲ့ ထိုးသတ်တာ၊ နောက်အမျိုးသမီးတယောက်ကို အသက်ဆုံးရှုံးတဲ့အထိ အုပ်စုလိုက် မုဒိမ်းကျင့်တာ၊ အမျိုးသားတယောက်ကို ဗိုက်ကိုသေနတ်နဲ့ပစ်ပြီး အလောင်းကို အပိုင်းပိုင်းဖြတ်တာမျိုး ပြောပြချင်စရာတောင် မကောင်းတဲ့ ဖြစ်ရပ်မျိုးတွေပါ။ ဒါပေမယ့် ဒါတွေဟာ မြန်မာနိုင်ငံထဲ ကြားရသမျှ အဆိုးဆုံးအဖြစ်တွေပါပဲ။”
“ကျနော့်အနေနဲ့ ဒါမျိုးလုပ်ရပ်တွေကို အရပ်သားတွေပေါ်မှာ ထပ်ပြီး ကျူးလွန်လာမှာကို စိုးရိမ်ပါတယ်။ ဒီကိစ္စကို လိုင်ဇာတခုတည်း အနေနဲ့ မကြည့်ဘဲ၊ အနားတဝိုက် ၅ မိုင် ၆ မိုင် ၇ မိုင်လောက် အလျားရှိတဲ့ဒေသထဲမှာ လူပေါင်း ထောင်နဲ့ သောင်းနဲ့ချီတဲ့ အရပ်သားတွေဟာ မြန်မာစစ်တပ်နဲ့ တရုတ်နယ်စပ်ကြား ပိတ်မိနေတယ်ဆိုတာကိုပါ ထည့်ကြည့်ရမှာပါ။ အရပ်သား လူဦးရေများစွာ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။”
ဒီလိုသတင်းတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်အတွင်း မြန်မာနိုင်ငံ ပွင့်လင်းတိုးတက်လာပြီဆိုတဲ့ သတင်းတွေနဲ့ တချိန်တည်းလောက်မှာ ကြားနေရတဲ့သတင်းတွေဖြစ်ပါတယ်။ အခုစစ်တပ်ရဲ့ အပြုအမူလှုပ်ရှားပုံကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးက ဘယ်လောက်ခိုင်မာတယ်လို့ပြောနိုင်မလဲ၊ ပြီးခဲ့တဲ့ တပတ်ထဲ ခင်ဗျားတွေ့ခဲ့တာတွေကို အခြေခံပြီးတော့ရောပေါ့။
“သူတို့လုပ်တာက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ်မှာ မေးခွန်းသင်္ကေတအကြီးကြီး တပ်ပေးလိုက်တာပါပဲ။ ကျနော်တွေ့ခဲ့ရတာတော့ အကြီးအကျယ်စစ်ဖြစ်နေတာကိုပဲ တွေ့ရပါတယ်။ လက်နက်ကြီးတွေရော၊ ရဟတ်ယာဉ်တွေ၊ ဗုံးကြဲတိုက်လေယာဉ်တွေ၊ လှိုင်းလုံးလို လူအုပ်ကြီးတွေ ချီတက်လာတာတွေရော၊ ဒါဟာ ကချင်လူမျိုးတွေကို ပြင်းပြင်းထန်ထန် စနစ်တကျနဲ့ အပြီးသတ်ချေမှုန်းနေတာ ဖြစ်ပါတယ်။ ဒီလိုတွေဖြစ်နေတဲ့ကြားထဲက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ထဲမှာ နိုင်ငံတကာအသိုင်းအဝိုင်း ပါဝင်ပတ်သက်နေတာဟာ တော်တော် အဓိပ္ပာယ်မရှိပါဘူး။ ဒါဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတခုလုံးပေါ်မှာ မေးခွန်းသင်္ကေတအကြီးကြီးတခု တပ်လိုက်တာပါပဲ။”

DVB


မှတ်ချက်။  ။ အလားကားနေရင်း ထထအော်နေတဲ့ ကောင်းတွေ ဘယ်ရောက်နေကြသလဲ ရခိုင်အရေးေ၇ာ
               ကချင်အေ၇းပါ လွန်ခဲ့ တဲ့ ရက်ပိုင်က မောင်တော့မှာ ကုလားတွေ မီးလာချိုး တာကော ဘာမှပြန်မလုပ်ပါလား ငါတို့ အစိုးရက ပြည်သူတွေကိုနှစ်စက်ပြီး ပြည်ပက၀င်လာသူတွေကိုတော့ကြောက်တယ်ဗျာ
ပြီးတော့ ဘာလူမျိုးဆိုလဲ ၀က်လား(၀)လား ခင်ဗျာတို့ သင်ခဲကြလားကျောင်းတွေ့  မှာဘယ်တိုင်းရင်းသားထဲ့ မှာပါရှိလေ မြန်မာပြည် ထဲံ့မှာ ပြည်နယ်နဲ့တိုင်း ၁၄ ခုရှိတယ် လူမျိုးပေါင်း ၃၆၅ မျိုးရှိတယ် လူမျိုးကြီး (၈)မျိုးနေတိုင်ကြပါတယ် အဲဒီ ၀က်(၀)လူမျိုးကဘယ်ကရောက်လာပြီး ဘာလို့ နေမြေတွေပေးလုပ်ပိုင်ခွင့်တွေပေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပေးထားရတာလေ
ရင်နာလိုက်တာ။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ