ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

ဘက်ခမ်းဟာ ကျွန်တော့်ရဲ့ လူငယ်ကစား သမားလေးတွေကို ကူညီပေး နိုင်ပါလိမ့်မယ် : အာဆင်ဝင်းဂါး


beck at arsenal
အာဆင်နယ် အသင်းရဲ့ မန်နေဂျာ အာဆင်ဝင်းဂါးက လက်ရှိ အသင်းနဲ့အတူ လာရောက်လေ့ကျင့်ခန်း ဆင်းနေတဲ့ ဘက်ခမ်းအနေနဲ့
အာဆင်နယ် လူငယ်ကစားသမား လေးတွေအပေါ် အကူအညီများစွာ ပေးနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘက်ခမ်းဟာ ၎င်းရဲ့အနာဂါတ်ကို မဆုံးဖြတ်ရသေးခင် သုံးပတ်တာ ကာလမျှ အာဆင်နယ် အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းမယ်လို့ မနေ့က The Sun သတင်းစာမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ဒီနေ့ညမှာ လီဗာပူးလ် အသင်းကို လက်ခံကစားရမှာ ဖြစ်ပြီး အာဆင်ဝင်းဂါး ကတော့ ဘက်ခမ်းအနေနဲ့ နွေရာသီ မတိုင်မှီအထိ အသင်းသစ် ရှာဖွေဦးမှာ မဟုတ်ဘူးလို့ အရိပ်အမြွက် ပြောဆိုခဲ့ပြီး သူ့အနေနဲ့လည်း ဘက်ခမ်းကို လက်မှတ်ထိုး ခေါ်ယူဖို့ အလားအလာ မရှိဘူးလို့ ၀န်ခံခဲ့ပါတယ်။
ဝင်းဂါးက ” သူ့ကို အသင်းမှာ ခေါ်ယူထားရတဲ့ အကြောင်းအရင်း တစ်ခုကတော့ သူဟာ တကယ့် ကစားသမားကောင်း တစ်ဦး ဖြစ်လို့ပါပဲ။ ဘက်ခမ်းဆီမှာ အမြဲတမ်း လူတွေအတွက် ကောင်းတဲ့အရာတွေ ရှိနေတတ်ပါတယ်။ အင်္ဂလန် လူငယ်ကစားသမား တွေဟာ သူ့ကို စံပြထားပြီး အကြံဥာဏ်တွေ အများကြီး ရယူလေ့ ရှိပါတယ်။ သူ့ဆီက အကြံဥာဏ် တွေကလည်း လူငယ်တွေအတွက် ကောင်းမွန်တဲ့ အရာတွေပါပဲ။ သူဟာ တကယ့် အရည်အသွေး ကောင်းတွေကို ပိုင်ဆိုင်ထားပြီး ကစားသမား ဘ၀မှာလည်း အမြင့်ဆုံး ပုံစံတစ်ရပ်နဲ့ စွမ်းဆောင်ထားနိုင် ခဲ့ပါပြီ။ ဘောလုံးကို ချစ်မြတ်နိုးတဲ့ သူ့စိတ်ကြောင့် လေ့ကျင့်ပြီးတဲ့အခါ သူဆက်လက် ကစားဦးမှာပါ။ ” လို့ ဆိုပါတယ်။
ဘက်ခမ်းဟာ အမေရိကန်ကလပ် LA Glaxyနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အေးဂျင့်မဲ့ ကစားသမား ဖြစ်နေတာဖြစ်ပြီး မနေ့ကတော့ အာဆင်ဝင်းဂါးနဲ့ ခွင့်ပြုချက် နဲ့အတူ အာဆင်နယ် အသင်းမှာ ပူးပေါင်း လေ့ကျင့်ခန်း ဆင်းနေတာ ဖြစ်ပါတယ်။ မနေ့က လေ့ကျင့်ခန်း အစီအစဉ်မှာတော့ ဘက်ခမ်းဟာ ၀က်စ်ဟမ်းကို အငှားနဲ့ ရောက်ရှိသွားတဲ့ ချာမက်ရဲ့ ကျောနံပတ် ၂၉ကို ၀တ်ဆင် လေ့ကျင့်ခဲ့တာ တွေ့ရပါတယ်။
ဝင်းဂါးက ဆက်လက်ပြီး ” သူ့ရဲ့ ကြံ့ခိုင်မှုက အကောင်းဆုံး အနေအထားမှာ ရှိနေဆဲ ဖြစ်တဲ့အတွက် သူလက်မှတ်ထိုးမဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ သံသယ ရှိစရာ မလိုပါဘူး။ သူဟာ အားကစား သမားဖြစ်တာကြောင့် ကြံ့ခိုင်မှုရအောင် ဒီမှာလေ့ကျင့် နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ သုံးလေးလလောက် အနားယူပြီး လာမဲ့ဇွန်လမှာ အသင်းတစ်သင်းနဲ့ လက်မှတ်ထိုးဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူဟာ လူတွေကို အမြဲတမ်း ကူညီဖို့ လုပ်ဆောင်နေသူဖြစ်ပြီး အင်္ဂလန်အတွက်လည်း မြင့်မြင့်မားမား စွမ်းဆောင် ပေးခဲ့သူပါ ” လို့ ဆိုသွားခဲ့ပါတယ်။

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ