ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

နေပြည်တော်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံ၌ တပ်မတော်မှ ခွဲစိတ် ပါရဂူများနှင့် မလေးရှား နိုင်ငံ မာလာရာ တက္ကသိုလ်မှ ပါမောက္ခတို့ ပူးပေါင်း၍ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများအား ခွဲစိတ်ကုသ



နေပြည်တော် ဇန်နဝါရီ ၂၉
နေပြည်တော်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံမှ အစာအိမ် အူလမ်းကြောင်းနှင့် အသည်း ခွဲစိတ်ကု ဌာနမှ ဗိုလ်မှူးကြီး ဒေါ်သန်းသန်းရီ ဦးဆောင်သော ခွဲစိတ် ကုသမှု
အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ မာလာရာ တက္ကသိုလ်မှ ပါမောက္ခ Kin Fha Chinနှင့် ပူးပေါင်း၍ ဒေသခံ ပြည်သူနှင့် တပ်မတော်သား မိသားစုဝင် များကို အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများနှင့် ဝမ်းဗိုက် အတွင်းမှ မှန်ပြောင်းဖြင့် ခွဲစိတ် ကုသခြင်းများအား ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် စတင် ဆောင်ရွက်ရာ အဝလွန်ခြင်း ရောဂါ တစ်ဦး၊ အစာရေမျိုပြွန် ကျဉ်းခြင်း ရောဂါ တစ်ဦးနှင့် စားချဥ့် ပြန်ခြင်းရောဂါ ပြင်းထန်စွာ ခံစားနေရသူ တစ်ဦး စုစုပေါင်း သုံးဦးကို အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ ခွဲစိတ် ကုသမှုများအား ဆောင်ရွက် ပေးသည်။
အဆိုပါ ခွဲစိတ် ကုသမှုများသည် နိုင်ငံတကာ အဆင့်မီ နောက်ဆုံးပေါ် ခွဲစိတ် ကုသမှု နည်းပညာ ဖြစ်ပြီး ဝမ်းဗိုက်အား ဒဏ်ရာ ကြီးမားစွာ ခွဲစိတ်ရန် မလိုဘဲ အပေါက်ငယ် ကလေးများမှ တစ်ဆင့် မှန်ပြောင်းများဖြင့် ခွဲစိတ်ခြင်းကြောင့် ဒဏ်ရာ သေးငယ်ခြင်း၊ နာကျင်မှု သက်သာခြင်းနှင့် ဆေးရုံမှ ဆောလျင်စွာ ဆင်းနိုင်ပြီး လုပ်ငန်းခွင် ပြန်လည် ဝင်ရောက် လုပ်ကိုင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်းနှင့် အစာအိမ် အူလမ်းကြောင်း အသည်းဆိုင်ရာ ရောဂါများကို နောက်ဆုံးပေါ် စက်ကိရိယာ များဖြင့် နယ်မြေခံ တပ်မတော် ဆေးရုံ အစာအိမ် အူလမ်းကြောင်း အသည်း ခွဲစိတ်ကုဌာန၌ ဇန်နဝါရီ ၃၁ရက်အထိ ကုသခြင်းများ   ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

 
 
မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ