ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

ဟာနန်ဒက်ဇ်ရဲ့ ခြေစွမ်းက ကျွန်တော့ကို လူရွေးချယ်ရ ခက်ခဲ စေပါတယ် : ဆာအဲလက်စ်


734355_438504666202935_1147708779_n
မန်ယူအသင်းရဲ့ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က လက်ရှိ အသင်းရဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဇ်ရဲ့ ခြေစွမ်းကောင်း တွေကြောင့် တခါတရံမှာ လူရွေးချယ်ဖို့ ဘေးကျပ်နံကျပ် ဖြစ်စေကြောင်း ဖွင့်ဟ ၀န်ခံသွားခဲ့ပါတယ်။ အဆိုပါ မက္ကဆီကို တိုက်စစ်မှူးလေးဟာ ဒီရာသီ မန်ယူအသင်းအတွက်
၂၄ပွဲပါဝင် ပွဲထွက် ကစားပေးထားပြီး ပြိုင်ပွဲအရပ်ရပ်မှာ ဂိုးပေါင်း၁၄ဂိုးထိ သွင်းယူပေးထား နိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ FAဖလားပွဲမှာလည်း အနိုင်ဂိုး ၂ဂိုးကို သွင်းယူပေးထား နိုင်ခဲ့သူ ဖြစ်ပါတယ်။ သို့ပေမဲ့ အသင်းရဲ့ အဓိက ကစားသမား ၀ိန်းရွန်နီနဲ့အတူ ဂိုးသွင်းစွမ်းရည်မြင့် ဗန်ပါစီတို့ကြောင့် ဟာနန်ဒက်ဇ် အနေနဲ့ မန်ယူအသင်းရဲ့ ပွဲစဉ်တိုင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရရှိသေးတာ ဖြစ်ပါတယ်။
ဆောက်သမ်တန်နဲ့ ပွဲစဉ်မတိုင်ခင်မှာ ဆာအဲလက်စ်က ” ချီချာရီတိုရဲ့ ခြေစွမ်းတွေကြောင့် တခါတရံ ကျွန်တော် အသင်းအတွက် လူရွေးချယ်တဲ့ နေရာမှာ အကျပ်ရိုက် စရာတွေ ကြုံရလေ့ ရှိပါတယ်။ ဗန်ပါစီကို ထည့်သွင်းလိုတာကြောင့် တခါတရံမှာ သူ့ကို ကျွန်တော်တို့ ချန်ထားခဲ့ ရပါတယ်။ သူဟာလည်း ကျွန်တော်တို့ အလေးထားတဲ့ ကစားသမား ဖြစ်တာကြောင့် ဘာကြောင့် ချန်လှပ်ထားလဲ ဆိုတာကို ရှင်းပြလေ့ ရှိပါတယ်။ သူဟာ ထူးချွန်တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက်ဖြစ်တဲ့ အပြင် ပွဲတွေမှာလည်း မယုံနိုင်လောက်အောင် စွမ်းဆောင်ပြ နိုင်သူပါ။ ဒါ့အပြင် လေ့ကျင့်ခန်း အစီအစဉ်တွေမှာလည်း အမြဲတမ်း မရပ်မနား လေ့ကျင့်နေတတ်သူပါ။ သူ့ရဲ့ အခြေအနေကြောင့် ကျွန်တော် အရမ်းပဲ ကျေနပ်မိပါတယ်။ ဒါ့အပြင် ၀ိန်းရွန်နီကလည်း ဂိုးတွေပြန်လည် သွင်းယူ နိုင်တဲ့အတွက် တကယ်ကောင်းတဲ့ အခြေအနေပါပဲ ” လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ