ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

စီးပွားကူးသန်းပိုင် တက္ကစီကားဟောင်းတွေ လျှော့ဈေးနဲ့ ရောင်းထုတ်မည်


စီးပွားကူးသန်းဝန်ကြီးဌာနပိုင် တက္ကစီကားဟောင်းတွေကို ပြင်ပပေါက်ဈေးထက် ၆၀ ရာခိုင်နှုန်းလျော့ပြီး ထုတ်ရောင်းပစ်တော့မယ်လို့ သက်ဆိုင်ရာဝန်ကြီးရုံး ညွှန်ကြားရေးမှူးက  ဒီဗွီဘီကို ပြောပါတယ်။

၁၉၉၀ ခုနှစ်ကထဲက  ၀န်ကြီးဌာနက ၀ယ်ယူခဲ့တဲ့ တက္ကစီကားစီးရေ ၂၆၀ ကျော်ကို ထုတ်ရောင်းမှာ ဖြစ်ပြီး ၀ယ်ယူခွင့်ရှိမယ့်သူတွေနဲ့ ပတ်သက်ပြီး စီးပွားကူးသန်းဝန်ကြီးရုံး ညွှန်မှူး ဦးတင်ရဲဝင်းက ပြောပါတယ်။
“အရှင်းဆုံးပြောရရင် အစီးရေရဲ့ ၉၀ ရာခိုင်နှုန်း၊ အကြမ်းဖျင်း ၂၅၀နဲ့အထက်ကတော့ ၆၀ ရာခိုင်နှုန်းလျော့ပြီး ၀ယ်ခွင့်ရပါမယ်။ ဘယ်လိုလူမျိုးတွေ ၀ယ်ခွင့်ရမလဲဆိုရင် တရားဝင်စာချုပ်စာတမ်းတွေအရ ငှားရမ်းခွင့်ရရှိသူများ ၀ယ်ခွင့်ရမှာဖြစ်ပါတယ်။ ကျနော်တို့ရောင်းချပေးမယ့်သူကလည်း တရားဝင်ငှားရမ်းခွင့်ရသူများကိုပဲ ရောင်းပေးမှာပါ။”
၁၉၉၀ လောက်တုန်းက စီးပွားကူးသန်းဌာနမှာ တက္ကစီအငှားယာဉ် ၀န်ဆောင်မှုလုပ်ငန်းတရပ် ထူထောင်ခဲ့တယ်။ ဌာန၀န်ထမ်းတွေထဲက တက္ကသိုလ်ကျောင်းသားနဲ့  ကျောင်းသူတွေကို ပညာရေးရန်ပုံငွေ ထောက်ပံ့ပေးဖို့ ထူထောင်ခဲ့တာဖြစ်ပြီး တရားဝင် စာချုပ်စာတမ်းနဲ့ ငှားရမ်းလုပ်ဆောင်ခွင့်ပြုခဲ့တယ်။
အခု အဲ့ဒီ တရားဝင်စာချုပ်စာတမ်းနဲ့ ငှားရမ်းလုပ်ဆောင်ခွင့်ပြုခဲ့သူတွေကိုပဲ ရောင်းချပေးမှာ ဖြစ်တယ်လို့လဲ သူက ရှင်းပြပါတယ်။
အခု လျှော့ဈေးနဲ့ ရောင်းချပေးမယ်ဆိုတဲ့ကားတွေဟာ ချုံးချုံးကျနေတဲ့ ကားဟောင်းတွေပဲ ဖြစ်ပြီး  ၀န်ကြီးဌာနအနေနဲ့ ဒီကားတွေကို  ရှင်းလင်းတဲ့အနေနဲ့ ထုတ်ရောင်းချတာဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးရုံး ညွှန်ကြားရေးမှူးက ပြောပါတယ်။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ