ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

ပရီးမီးယားလိဂ် သတင်းတိုများ


http://l3.yimg.com/bt/api/res/1.2/cndpMRIPgKDQ9W_J.T_xJQ--/YXBwaWQ9eW5ld3M7Zmk9aW5zZXQ7aD0zMDA7cT04NTt3PTQ0OQ--/http://media.zenfs.com/en_GB/Sports/Press_Association_Images/15576366.jpg
ပြောတာလည်း မင်းမှာပဲကွယ်
မန်ယူအသင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးအသင်းနဲ့ သရေကျခဲ့ပြီး နောက်ပိုင်း ရမှတ်ကွာဟမှူ့ (၇)မှတ်မှ (၅)မှတ်သို့ လျော့ကျခဲ့တဲ့အတွက် မန်စီးတီး ကစားသမားများက သူတို့အသင်းသည်
ရာသီကုန်ဆုံးချိန်၌ ယမန်နှစ်ကကဲ့သို့ မန်ယူအသင်းကို ကျော်ဖြတ်နိုင်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆိုကို ဒုတိယအကြိမ် ထပ်မံ ကိုင်မြှောက်နိုင်မည်ဟု့ လေလုံးထွားခဲ့ကြပါတယ်။ ဒါပေမယ်လို့ မနေ့က ပရီးမီးယားလိဂ် ပွဲစဉ်(၂၄)ကို ကျူပီအာအသင်းနဲ့ ကစားခဲ့ရာမှာတော့ မန်စီးတီး အသင်းဟာ ဂိုးမရှိ သရေကျခဲ့ပြီး ရမှတ်(၂)မှတ် လျော့နည်းခဲ့တာကြောင့် အကယ်၍ ယနေ့ည မန်ယူအသင်းကသာ အိမ်ကွင်းမှာ ဆောက်သမ်တန် အသင်းကို အနိုင်ကစား နိုင်ခဲ့မယ်ဆိုရင်တော့ ရမှတ်ကွာဟမှူ့ (၇)မှတ်ထိ့ ပြန်ကွာသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်ချင်တာနဲ့ ဖြစ်နေတာက လက်တွေ့ဘ၀မှာ ကွာခြားတတ်တာကြောင့် အပြောနဲ့ အလုပ် ညီစေဖို့တော့ လိုကြောင်း အချို့က ဝေဖန်နေကြလေရဲ့။
 .
http://i1.mirror.co.uk/incoming/article1516720.ece/ALTERNATES/s615/Mario+vs+Mancini+-+the+virals
လွမ်းလောက်စရာလား?
ဘာလော့တယ်လီ အေစီမီလန်အသင်းသို့ ပေါင်(၁၉.၅)သန်းနဲ့ ပြောင်းရွှေ့သွားတာကြောင့်  မိမိ၏ သားတစ်ဦး ထွက်ခွာသွား သကဲ့သို့ ကြေကွဲ ဝမ်းနည်းစွာ ခံစားရပါကြောင်း စီးတီး နည်းပြ မန်ချီနီက ၀မ်းနည်းစကား ဆိုနေပေမယ့် မန်စီးတီးအသင်းကတော့ ဘာလော့တယ်လီနေရာမှာ ဘာစီလိုနာအသင်းက ဒေးဗစ်ဗီလာနဲ့ အစားထိုးဖို့ အလျင်အမြန် စီစဉ်နေပါတယ်။ ဒေးဗစ်ဗီလာကို အာဆင်နယ် အသင်းနည်းပြ အာဆင်ဝင်းဂါးက အသည်းအသန် ခေါ်ယူဖို့ ကြိုးစားနေတဲ့အချိန်မှာ ယခုလို စီးတီးအသင်းကပါ ဗီလာလုပွဲမှာ ပါဝင်လာတာကြောင့် အာဆင်ဝင်းဂါးအတွက် ကစားသမား ခေါ်ယူဖို့ ပိုမိုခက်ခဲလာဖွယ် ရှိနေပါတယ်။ ဒါကြောင့် မန်ချီနီက နှူတ်ကသာ ဘာလိုတယ်ကို လွမ်းနေတယ်လို့ ဆိုနေပေမယ့် လက်တွေ့မှာ ပြသနာ ကစားသမားကို အမြန်ရောင်းထုတ်ချင်ခဲ့ကြောင်း၊ အမှတ်တစ်ကယ်လည်း ရောင်းချခဲ့ကာ၊ အစားထိုးဖို့ လူကိုလည်း အလျင်အမြန်ပဲ ရှာဖွေခဲ့တာကြောင့် တစ်ကယ်ရော လွမ်းလောက်စရာလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ။
 .
http://www.inthestands.co.uk/wp-content/uploads/2012/05/man-city-champions-2-470x264.jpg
မန်ယူကို မန်စီးတီးက လိုက်မှီနိုင်ပါတော့မလား ?
ဘာကလေပရီးမီးယားလိဂ်၏ ယခုရာသီ ဇယားထိပ်နေရာ အပြိုင်အဆိုင် ဖြစ်နေကြတဲ့ မန်ယူအသင်းနဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့ဟာ လက်ရှိအချိန်မှာ အမှတ်ကွာဟချက် (၄)မှတ် (မန်ယူတစ်ပွဲလျော့) ကွာဟာနေပါတယ်။ မန်ယူအသင်းကသာ ယနေ့ည ဆောက်သမ်တန် အသင်းကို အနိုင်ယူနိုင်ခဲ့ရင်တော့ အမှတ်ကွာဟချက်က (၇)မှတ် ပြန်ကွာသွားပါလိမ့်မယ်။ ဒါ့အပြင် မန်စီးတီးအသင်း နောက်ထပ် ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၃)ပွဲက လီဗာပူးလ်၊ ဆောက်သမ်တန်နဲ့ ချယ်လ်ဆီးအသင်းတို့ ဖြစ်ပြီး ပွဲကျပ်ကာလကို ဖြတ်သန်းရတော့မယ့် အချိန်ကာလ တစ်ခုကို ရင်ဆိုင်နေရပါပြီး၊ မန်ယူအသင်းကတော့ ဆောက်သမ်တန် အသင်းနှင့် ကစားပြီးလျင် နောက်ထပ် ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၃)ပွဲက ဖူလ်ဟမ်၊ အဲဗာတန်နဲ့ ကျူပီအာ အသင်းတို့ ဖြစ်နေတာကြောင့် မန်စီးတီးအသင်းထက် ပွဲပိုချောင်သည်ဟု့ ဆိုရမှာပါ။ မန်စီးတီးအသင်း အဆိုပါ (၃)ပွဲတွင် ရမှတ်များ ထပ်မံ လျော့နည်းပြီး မန်ယူအသင်းနဲ့ အမှတ်ကွာဟချက် ပိုများလာနိုင်ဖွယ် ရှိကြောင်း၊ ဘောလုံးကျွမ်းကျင်သူ အချို့က ခန့်မှန်းပြောကြားနေပါတယ်။ ဒါကြောင့် ဒီရာသီ မန်ယူအသင်းရဲ့ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ အနေအထားကို မန်စီးတင်းအသင်း လိုက်မှီ နိုင်ပါ့တော့မလားဆိုတဲ့ မေးခွန်းရဲ့ အဖြေတစ်ခုက မကြာမှီ ပိုပြီး ရုပ်လုံးပေါ်လာတော့မှာ ဖြစ်ပါတယ်။ ။


MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ