ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

သိမ်းထားသည့်မြေပေါ်တွင် အခမဲ့ လုပ်ကိုင်ခွင့်ပေးရန် ကာချုပ် ညွှန်ကြားထား


စစ်တပ်က သိမ်းဆည်းထားတဲ့ မြေတွေအနက် တပ်ရင်းတပ်ဖွဲ့အတွက် သုံးပြီးပိုနေတာတွေကို စစ်တပ်က သိမ်းထားတာပါလို့ ရှင်းပြပြီး သိမ်းဆည်းခံတောင်သူတွေကို အခကြေးငွေ မယူဘဲ လုပ်ကိုင်ခွင့်ပေးထားဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားကြောင်း တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က ပြောပါတယ်။

ဇန်န၀ါရိ ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ စစ်ထောက်ချုပ်ရုံး တာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ သူက ခုလို ပြောခဲ့တာပါ။
စစ်တပ်အနေနဲ့ သိမ်းထားတဲ့မြေတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှု ၄၃၀ ထဲက ၄၁ မှုကို ဖြေရှင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ လယ်နဲ့ ခြံမြေ ဧက ၂၀၀၀ နီးပါးအတွက် လျော်ကြေး ကျပ် သန်း ၁၀၀၀ ပေးခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်မင်းနိုင်က ပြောပါတယ်။
လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆီကို တိုင်ကြားလာတဲ့ တိုင်ကြားမှုတွေအနက် စစ်တပ်က သိမ်းဆည်းမှုတွေက အများဆုံးဖြစ်တယ်လို့ စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွဋ်က သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ