ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌကို သာသနာရေးဝန်ကြီးမခန့်ရေး ဒေသခံများ တောင်းဆို


ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို လစ်လပ်နေတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်း  မပြုလုပ်ဖို့ တိုင်းအတွင်းရှိ ထောင်ပေါင်းများစွာသော ဒေသခံပြည်သူတွေက ပြည်ထောင်စုလွှတ်တော် နာယကထံ စာရေးသားပေးပို့ တောင်းဆိုနေကြပါတယ်။
ဧရာတီတိုင်းအတွင်းရှိ
မြို့နယ်ပေါင်းစုံက တောင်သူလယ်သမား၊ ရေလုပ်သားနဲ့ အခြေခံလူတန်းစားပေါင်းစုံ တောင်းဆိုနေကြတာပါ။ စာပါ တောင်းဆိုချက်တချို့ကို တိုင်းလွှတ်တော်ရုံး တာဝန်ရှိသူတဦးက “တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများရဲ့ ခံစားချက် ဆန္ဒများကို ချုပ်၍တင်ပြရမည်ဆိုလျှင် လွှတ်တော်ဥက္ကဋ္ဌကြီးအား ပြောင်းရွှေ့ခြင်းမှာ နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံရေးပေါ်လစီကို အကောင်အထည်ဖော်ဆောင်ရွက်မှု အရှိန်ကို တန့်အောင် ပြုလုပ်သကဲ့သို့ဖြစ်ရပါသည်တဲ့။ သို့ဖြစ်၍ လွှတ်တော်ဥက္ကဋ္ဌကြီးအား အနည်းဆုံး လွှတ်တော်သက်တမ်း ၁ ကြိမ် ပြီးဆုံးသည်အထိ ကျနော်တို့၏ တိုင်းဒေသကြီးအတွင်းမှာပင် ဆက်လက် တာဝန်ထမ်းဆောင်စေလိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်တဲ့” လို့ ဖတ်ပြပါတယ်။
ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဇန်န၀ါရီလ ၂၂ ရက်မှာ သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာပေးပို့ထားပြီး၊ လွှတ်တော်က ဇန်ဝါရီလ ၃၁ ရက်မှာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်ရင် ဦးဆန်းဆင့်ဟာ သာသနာရေးဝန်ကြီး ဖြစ်လာတော့မှာပါ။
တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကတော့ ပြည်သူ့ဆန္ဒအတိုင်း လုပ်ဆောင်လိုတယ်လို့ ပြောပါတယ်။ လွှတ်တော်က အတည်ပြုပေးလိုက်ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ သူက
“လွှတ်တော်မှာ ပြန်ဆွေးနွေးမယ်ထင်ပါတယ်။ လွှတ်တော်မှာ ပြန်ဆွေးနွေးလို့ ကန့်ကွက်ကြတယ်ဆိုရင် သူတို့က အဲဒါကို လက်ရှိမှာပဲဆိုပြီး ပြန်လည်ဆုံးဖြတ်လိုက်တယ်ဆိုရင်လည်းပဲ ကန့်ကွက်တဲ့အရ လွှတ်တော်မှာတော့ ဆုံးဖြတ်ကြတာပဲလေ။ အဲဒါကြောင့် ဒီက စာတွေရော ဖက်စ်တွေရော သွားနေတယ်လို့ အကြမ်းဖျင်းသိရသလို ကျနော်တို့ဆီကိုလည်းပဲ တချို့မြို့နယ်တွေကတင်ထားတာ ၃-၄ ခုလောက် ရောက်နေလို့ ပြည်ထောင်စုလွှတ်တော်မှာ ဒါကို ပြန်ဆွေးနွေးမယ်လို့ထင်ပါတယ်။”
တိုင်းလွှတ်တော်ဥက္ကဋ္ဌဟာ တိုင်းအတွင်း တရားဥပဒေစိုးမိုးရေး၊ ဥပဒေပြုရေးအပိုင်းတို့မှာ ဥပဒေဘောင်အတွင်းက  ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တာတွေကြောင့် တိုင်းအစိုးရအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး၊ တိုင်းအစိုးရကို စွပ်စွဲပြစ်တင်ဖို့အထိ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလို ကိစ္စရပ်တွေကြောင့် အခုလို သာသနာရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးဖို့ လုပ်တာဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ဒီအပေါ် ဦးဆန်းဆင့်က “နံပါတ် ၁ အချက်က တိုင်းဒေသကြီးထက်စာရင် ပိုမိုပြီးကျယ်ပြန့်တဲ့ ပြည်ထောင်စုအဆင့်ကို တိုးမြှင့်တာဝန်ပေးတယ်လို့ ကျနော်ထင်ပါတယ်။ ဒုတိယတချက်က တိုင်းဒေသကြီးမှာ တချို့အထင်အမြင်လွဲမှားနေတာတွေ ပြေပျောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥပဒေပြုရေးအပိုင်း၊ အုပ်ချုပ်ရေးအပိုင်းတွေရဲ့ ထိရှမှုလေးတွေ၊ ပွန်းတိုက်မှုလေးတွေ ရှိပါတယ်။ အဲဒီအပေါ်မူတည်ပြီးတော့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်သွားအောင် ရည်ရွယ်တယ်လို့လည်း ကျနော်ထင်ပါတယ်။”
ရန်ကုန်တိုင်းမှာ တာဝန်ကျတုန်းကတည်းက သာသနာရေးကိစ္စတွေ ကိုင်တွယ်ဆောင်ရွက်ဖူးတာကြောင့် အခုလို တာဝန်ပေးဖို့ လုပ်တာ ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့က သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးမြင့်မောင် ရာထူးက အနားယူသွားတဲ့အတွက်  သူ့နေရာမှာ  အစားထိုးခန့်အပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ဇန်န၀ါရီ ၃၁ ရက်မှာ ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စုလွှတ်တော်စည်းဝေးမှာ သာသနာရေးဝန်ကြီး ခန့်အပ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်နာယကက သမ္မတရဲ့ သ၀ဏ်လွှာကို ဖတ်ကြားခြင်းနဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူခြင်း ဆိုတဲ့ အစီအစဉ်တခု ပါတယ်လို့ စုံစမ်းသိရှိရပါတယ်။
 

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ