ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

ဘာကြောင့် မန်ယူအသင်းက ကမ္ဘာ့တန်ဖိုး အရှိဆုံး အသင်းအဖြစ် (၃)ဘီလီယံကျော် တန်နေရတာလည်း? (သတင်းဆောင်းပါး)



မန်ချက်စတာ ယူနိုက်တက် အသင်းသည် ကမ္ဘာ့တန်ဖိုး အရှိဆုံး အသင်းအဖြစ် (၃)ဘီလီယံကျော် တန်ဖိုးရှိကြောင်း သတင်းကို ပြီးခဲ့သည့် ရက်ပိုင်းကပဲ ကမ္ဘာ့သတင်းဌာန ပေါင်းစုံမှာ ဖော်ပြခဲ့သလို ကျွန်တော်တို့ MMFC ဆိုဒ်မှာလည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ။

ထိုကဲ့သို့ တန်ဖိုးအရှိဆုံး အသင်းအဖြစ် ရပ်တည်နေသည့် အကြောင်းများထဲက အဓိက အချက်တွေက မန်ယူအသင်းဟာ ဖာဂူဆန် လက်ထက်မှစပြီး ပရီးမီးယားလိဂ်ဟု့ ပြောင်းလဲခေါ်ဝေါ်ခဲ့ချိန်မှ စပြီး အမှတ်ပေး ချန်ပီယံ အများဆုံး ဖြစ်ခဲ့ခြင်းကြောင့်၎င်း၊ (၉၉)ဖလား(၃)လုံး ရရှိခဲ့ခြင်းက၎င်း၊ ဖာဂူဆန်လက်ထက် ချန်ပီယံလိဂ် ဖလား(၂)ကြိမ် ရရှိခဲ့ခြင်းကြောင့်၎င်း၊ ကန်တိုနာ၊ ရွိုင်ကိန်း၊ ရှမိုက်ကယ်၊ ဂစ်၊ စခိုး၊ ဘက်ခမ်း၊ ရော်နယ်ဒိုနှင့် ရွန်နီတို့ကဲ့သို့ ထင်ပေါ်ကျော်ကြားသည့် ကစားသမားများ မွေးဖွားနိုင်ခဲ့မှူ့ကြောင့်၎င်း၊ ရုပ်သံထုတ်လွှင့်ကြေး များပြားစွာ ရရှိမှူ့နှင့်အတူ အသင်း၏ပုံရိပ် တန်ဖိုး မြင့်မားမှူ့ကြောင့်၎င်း၊ ကမ္ဘာတစ်လွှား အားပေးသည့် ပရိသတ် ဦးရေ များပြားမှူ့ကြောင့်၎င်း၊ အသင်း၏ စီးပွားရေးရာများကို ကိုင်တွယ်ဆောင်ရွက်နေသည့် တာဝန်ရှိပုဂ္ဂိုလ်များ၏ စွမ်းဆောင်နိုင်မှူ့ကြောင့်၎င်း၊ အစရှိသဖြင့် အချက်များအပြင် မန်ယူအသင်း၏ အောင်မြင် ထင်ပေါ် ကျော်ကြားမှူ့ကြောင့် မန်ယူအသင်း၏ နာမည်အရှိန်အ၀ါကို အသုံးပြုပြီး စီးပွားရေး လုပ်လိုသည့် ကုမ္ပဏီကြီးများ၏ စပွန်စာ စာချုပ် များပြားမှူ့ကလည်း မန်ယူအသင်းကို ကမ္ဘာ့တန်ဖိုး အရှိဆုံး အားကစား အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်စေခဲ့သည့် အကြောင်းတစ်ရားများ ဖြစ်လို့နေပါတယ်။ ။  
Big names: Javier Hernandez, Rio Ferdinand and Ryan Giggs advertise Mister Potato crisps
Tasty treat? Mister Potato is United's 'official savoury snack partner'
အဆိုပါ  ကုမ္ပဏီကြီးများသည် မန်ယူအသင်း၏ ပုံရိပ်ကို အသုံးပြုပြီး စီးပွားရေး တိုးတက်အောင် ပြုလုပ်ရုံသာမက မန်ယူအသင်း၏ နာမည်ကျော် ကစားသမားများ ဖြစ်သည့် ဗန်ပါစီ၊ ရွန်နီမှ အစ အခြား မန်ယူအသင်းဖော်များနှင့်ပါ တစ်ဦးချင်း ပုံရိပ် ကျော်ကြားမှူ့ကို အသုံးချပြီး မိမိတို့ ကုမ္ပဏီ လိုဂို လူသိများစေရေးအတွက် စပွန်စာကြေး အများအပြားပေးကာ မန်ယူအသင်းနှင့် လက်တွဲခဲ့ကြပါတယ်။ ။
အဆိုပါ ကုမ္ပဏီကြီးများရဲ့ စပွန်စာ ပေးခဲ့မှူ့ကြောင့် မန်ယူအသင်းဟာ တစ်နှစ်တစ်နှစ်ကို ပေါင်သန်း(၁၃၀)ကျော် ၀င်ငွေ ရရှိနေတဲ့အပြင် ဆက်လက်၍လည်း ထို့ထက် များပြားတိုးတက် လာနေသောကြောင့် ယူနိုက်တက် အသင်းဟာ ကမ္ဘာ့တန်ဖိုး အရှိဆုံး အသင်းအဖြစ် (၃)ဘီလီယံကျော် တန်ဖိုး ရှိနေတဲ့ ကိစ္စဟာ အံ့သြဖွယ်ရာ မဟုတ်တော့ပါဘူး။ ။
မန်ယူအသင်းရဲ့ တရားဝင် ၀ဘ်ဆိုဒ်မှ ဖော်ပြထားချက်အရ မန်ယူအသင်းကို စပွန်စာပေးပြီး ပူးပေါင်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီ စုစုပေါင်း အရေအတွက်ဟာ (၃၅)ခု ရှိနေပါတယ်။ နောက်ဆုံး စပွန်စာ ပေးခဲ့တဲ့ ကုမ္ပဏီ (၃)ခုကတော့  ယခုနှစ် ဇန္န၀ါရီလ (၇)ရက်နေ့က အင်ဒိုနီးရှားမှ တာယာထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် PT MULTISTRADA နှင့်၎င်း၊ နောက်တစ်ပတ်အကြာမှာ တရုတ်အချိုရည် ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် WAHAHA နှင့်၎င်း၊ ဇန္န၀ါရီလ (၁၈)ရက်နေ့မှာတော့ ဂျပန် KANSAI အိမ်သုတ်ဆေး ကုမ္ပဏီနဲ့လည်း နှစ်ဘက်အကျိုးတူ ပူးပေါင်းနိုင်ခဲ့ပါတယ်။ ။
ထိုကုမ္ပဏီ (၃)ခုမှ တစ်ခုချင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ် သက်တမ်းတွေကတော့ (၃)နှစ်သက်တမ်းရှိပြီး၊ စာချုပ်ပါအချက်အရ ကုမ္ပဏီ(၁)ခုဆီကနေ တစ်နှစ်ဝင်ငွေ ပေါင်(၁)သန်းကနေ (၂)သန်း ကြားမှာ ရရှိမှာ ဖြစ်ပါတယ်။ ထို့အပြင် အသင်း၏ ရှယ်ယာအချို့ကိုလည်း နယူးယော့ခ် စတော့အိတ်ချိန်းမှ တစ်ဆင့် ရောင်းချခဲ့ရာတွင် အသင်း၏ ဈေးကွက်အင်အား ကြီးမားခြင်း၊ အသင်း၏ ဂုဏ်ရှိန်ဝါ ထည်ဝါခြင်းတို့ကြောင့် ရှယ်ယာ ၀ယ်ယူမည့်များ၏ စိတ်ဝင်စားခြင်းခံခဲ့ရပြီး ရှယ်ယာတန်ဖိုးများ မြင့်တက်ခဲ့ခြင်းကြောင့်လည်း အသင်း၏ တန်ဖိုးကို ပိုမိုမြင့်မားစေခဲ့သည်။ ။
Sign of the times: Sir Alex Ferguson attends a Chevrolet soiree in Shanghai last summer
မန်ယူအသင်းသည် ကမ္ဘာပေါ်၌ အကျော်ကြားဆုံး အသင်းတစ်သင်း ဖြစ်နေခြင်းနှင့်အတူ ပရိသတ်အင်အား များပြားမှူ့ကြောင့် အသင်း၏ အမှတ်တံဆိပ်မှာလည်း အလွန်တန်ဖိုးကြီးပြီး၊ မန်ယူအသင်း၏ ကျော်ကြားမှူ့ကို အသုံးချ၍ သက်ဆိုင်ရာ ကုမ္ပဏီများကလည်း သူတို့၏ အမှတ်တံဆိပ်များကို ဈေးကွက်ဝင်ရန်အတွက် ထိုကဲ့သို့ မန်ယူအသင်းကို စပွန်စာ ပေးနေကြခြင်းဖြစ်သည်။ ။
မန်ယူအသင်းရဲ့ စီးပွားရေးရာဆိုင်ရာ ဒါရိုက်တာ ရစ်ချက်အာနိုးကတော့ စပွန်စာကုမ္ပဏီများနှင့် ပူးပေါင်နိုင်မှူ့သည် နှစ်ဦးနှစ်ဖက် ညီမျှသော အကျိုးရှိသည့် ပူးပေါင်းမှူ့ဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့်၊ တစ်ကယ့်လက်တွေ့မှာတော့ မန်ယူအသင်းအတွက် အဓိက အကျိုးအမြတ် များလှသော တစ်ခုတည်းသော အပိုဝင်ငွေ ရစေသည့် ကိစ္စဖြစ်နေသည်။ မန်ယူအသင်းသည် အာရှပစိဖတ်ဒေသနှင့် အရှေ့အလယ်ပိုင်း ဒေသအတွက် စီးပွားရေး ပါတနာအဖြစ် မလေးရှားနိုင်ငံ အခြေစိုက် မာမီးခေါက်ဆွဲ ကုမ္ပဏီနှင့်လည်း အကျိုးတူ ပူးပေါင်းခဲ့ပြီး၊ မြန်မာနိုင်ငံရှိ မာမီးခေါက်ဆွဲ တီဗွီကြော်ငြာများတွင် မန်ယူအသင်း၏ ပုံရိပ်ကို အသုံးပြု၍ ကြော်ငြာလာသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
မန်ယူအသင်းသည် စီးပွားရေး အကွက်မြင်စွာ ဟောင်ကောင်၌လည်း ရုံးခွဲဖွင့်လှစ်ခဲ့သည်။ ထိုအကျိုးကျေးဇူးကြောင့် တရုတ် အချိုရည်နှင့် အဖျော်ယမကာ လုပ်ငန်းဖြစ်သည့် WAHAHA နှင့် အကျိုးတူ ပူးပေါင်းနိုင်ခဲ့ပါတယ်။ ထိုမတိုင်ခင်အရင် ဂျပန်မှ အချိုရည်နှင့် အဖျော်ယမကာ လုပ်ငန်းဖြစ်သည့် KAGOME ကုမ္ပဏီနှင့်လည်း စပွန်စာ စာချုပ် ချုပ်ဆိုနိုင်ခဲ့သေးသည်။ ထိုကုမ္ပဏီများနှင့် ချုပ်ဆိုခဲ့သည့် စပွန်စာတန်ဖိုးကိုတော့ ကလပ်က အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပဲ လျှို့ဝှက်ထားခဲ့ပါတယ်။
Chilly: But United's finances are warming up with their glut of sponsors
အချိုစပွန်စာကြေးကိုတော့ ကလပ်က လူအများကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အထူးသဖြင့် သာမန်ထက် ထူးခြားတဲ့ စပွန်စာ စာချုပ်တစ်ရပ် ဖြစ်ခဲ့တဲ့ CHEVROLET ကားကုမ္ပဏီက မန်ယူအသင်း ဂျာစီပေါ်တွင် ကြော်ငြာခွင့် စပွန်စာ စာချုပ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လက ချုပ်ဆိုခဲ့ရာ၌ (၂၀၁၄)မှ (၂၀၂၁)ခုနှစ်ထိ့ စာချုပ်သက်တမ်းရှိတဲ့ စာချုပ်ရဲ့ တန်ကြေးကိုတော့ အများသိအောင် ထုတ်ဖော် ကြေငြာခဲ့ပါတယ်။ မန်ယူအသင်းဟာ CHEVROLET ကားကုမ္ပဏီမှ တစ်နှစ်စပွန်စာကြေး ပေါင်(၄၄)သန်းကျော် ရရှိမှာဖြစ်ပြီး၊ စာချုပ်သက်တမ်း ကုန်မည့် (၂၀၂၁)ထိ့ စုစုပေါင်း ၀င်ငွေ ပေါင်(၃၅၇)သန်း ရရှိမှာ ဖြစ်ပါတယ်။ CHEVROLET ကားကုမ္ပဏီနဲ့ ပူးပေါင်းမှူ့ဟာ ဒီလောက်နဲ့ မကသေးပါဘူး၊ ဒီရာသီမှာလည်း အိုးထရက်ဖို့ဒ်က ပွဲကြည့်စင် ထိုင်ခုံတွေမှာ CHEVROLETရဲ့ အမှတ်တံဆိပ် လိုဂိုကို ကြော်ငြာခွင့် ပေးခဲ့ပြီး မန်ယူအသင်းက ပေါင်(၁၂)သန်း ထပ်မံ ရရှိခဲ့ပါတယ်။ ။
CHEVROLETနဲ့ ချုပ်ဆိုခဲ့တဲ့ စပွန်ကြေးကတော့ အမြင့်ဆုံးဖြစ်ပြီး၊ AON ကုမ္ပဏီ ကလည်း လက်ရှိအချိန်မှာ မန်ယူအသင်း ဂျာစီပေါ်တွင် ကြော်ငြာတဲ့အတွက် တစ်နှစ်ကို ပေါင်သန်း(၂၀) မန်ယူအသင်းကို စပွန်စာကြေး ပေးနေရပါတယ်။ ဒါ့အပြင် မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်း ၀တ်စုံနဲ့ လေ့ကျင့်ရေးကွင်း ဆက်စပ်အသုံးအဆောင် ပစ္စည်းတွေပေါ်မှာ ကြော်ငြာခွင့် ရထားတဲ့ DHL ကုမ္ပဏီ ကလည်း မန်ယူအသင်းကို တစ်နှစ်ပေါင်(၁၀)သန်း စပွန်စာကြေး ပေးဆောင်နေရပါတယ်။ မန်ယူအသင်းက နောက်ထပ် စပွန်စာ ၀င်ငွေများ နေရာဒေသအစုံမှ ထပ်မံရရှိဦးမယ် လို့လည်း ဆက်လက်မျှော်လင့် ထားပါသေးတယ်။
ထို့အပြင် NIKE ကလည်း မန်ယူအသင်းကို NIKE အားကစားဝတ်စုံ၊ ဘောလုံးနှင့် ဖိနပ်များ ၀တ်ဆင်စေရန် စပွန်စာပေးမည့် စာချုပ်သစ်ကို ရှေ့လတွင် ချုပ်ဆိုရန်အတွက် အကြိုသဘောတူညီမှူ့ ရခဲ့ကြောင်း၊ စပွန်စာကြေးအဖြစ် မန်ယူအသင်းက ပေါင်(၂၅.၄)သန်း ရရှိမည် ဖြစ်သည်။ ။
Coffers: Sir Alex Ferguson will hope to be able to spend some of United's income
လောင်းကစားဒိုင်ဖြစ်တဲ့ BWINကလည်း အိုးထရက်ဖို့ဒ် ဂိတ်ပေါက်မှာ လောင်းကြေးဒိုင် ဖွင့်ခွင့်ရတဲ့အတွက် မန်ယူအသင်းကို ပေါင်(၂.၄)သန်း ပေးချေရပါတယ်။ အိုးထရက်ဖို့ဒ်က ဘောလုံးပွဲတစ်ပွဲ ကျင်းပတိုင်း ဘီယာပုလင်း (20,000)လောက် ရောင်းရနေတဲ့ SINGHA ဘီယာကလည်း မန်ယူအသင်းကို ပေါင်(၂)သန်း ပေးဆောင်နေရပါတယ်။ ဒါ့အပြင် ယူနိုက်တက် ကစားသမားများသာမက အသင်းဖန်များပါ အဝေးကွင်းပွဲစဉ်များသို့ ခရီးထွက်ရာတွင် THOMAS COOK ခရီးသွား အကျိုးဆောင်က မန်ယူအသင်းနှင့် သက်ဆိုင်သည့် ခရီးစဉ်များကို တရားဝင် စီစဉ်ခွင့် ရသည့်အတွက် မန်ယူအသင်းကို ပေါင်(၁.၃)သန်း ပေးဆောင်ရပါတယ်။ ။
မန်ယူအသင်းဟာ MISTER အာလူးကြော် သရေစာမုန့်လုပ်ငန်းစု၊ SMIRNOFF သောက်ရေသန့် ကုမ္ပဏီ တို့အပြင် ကမ္ဘာတစ်လွှားက မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေး ကုမ္ပဏီ (၁၄)ခုနဲ့လည်း တရားဝင် စပွန်စာချုပ် ချုပ်ဆို ထားပါသေးတယ်။ ပြီးခဲ့သည့် အပတ်ကလည်း MUTVရဲ့ ရှယ်ယာ (၃၃)ရာနှူန်းကို BSkyB ရုပ်သံ ကုမ္ပဏီသို့ ရောင်းချနိုင်ခဲ့ပါတယ်။ ။
ထိုကဲ့သို့ မန်ယူအသင်း ၀င်ငွေ အမြောက်အများ ရရှိနေသော်လည်း ထိုအမြတ်ငွေများသည် ဂလေဇာအိတ်ထဲသို့ စီးဆင်းသွားပြီး၊ ကလပ်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ စာရင်းပိတ်ချက်အရ ကြွေးမြီ ပေါင်သန်း(၄၀၀)လောက် ကျန်ရှိနေတယ် ဆိုတဲ့ အချက်က မန်ယူဖန်များအတွက် နာကျင်ခံစားစရာ အချက်တစ်ချက် ဖြစ်နေပါတယ်။ ဂလေဇာကတော့ စီးပွားရေး အခွင့်အလမ်း ရပိုင်ခွင့်များနှင့် ပတ်သက်လျင်တော့ သက်ညှာတတ်သူ တစ်ယောက် မဟုတ်ဘူးလို့ စီးပွားရေးရာ ကျွမ်းကျင်သူ ပညာရှင် အများအပြားက သုံးသပ်ဝေဖန်ထားပါတယ်။ ။

Popout
မန်ယူအသင်းရဲ့ စီးပွားရေးရာ ကိစ္စရပ်တွေမှာ အတိုင်အပင်ခံ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ချက်သ်ဝေးက ယူနိုက်တက် အသင်းအနေဖြင့် မိုင်ထောင်ချီဝေးတဲ့ ဒေသတွေကနေ စပွန်စာ အသစ်တွေ ထပ်မံ ရရှိဖို့ အခွင့်အလမ်းတွေ အများကြီး ကျန်ရှိနေသေးကြောင်း၊ အထူးသဖြင့် မန်ယူအသင်းရဲ့ နောက်ထပ် ပစ်မှတ်ထားနေတဲ့ ဈေးကွက်က သြစတြေးလျနှင့် ယူအက်စ်အေတို့ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ။
ဆက်လက်၍ ဒေးဗစ်ချက်သ်ဝေးက “မန်ယူအသင်းရဲ့ စီးပွားရေးရာနဲ့ ပတ်သက်တဲ့ စပွန်စာတွေက ထပ်ပွားလာနေပါတယ်။ ဟာသအနေနဲ့ ပြောရရင်တော့ တစ်နေ့တစ်ခုလောက် စပွန်စာကြေး ချုပ်လို့ရနေတဲ့ စက်ရုံကြီး တစ်ခုလိုပါပဲ၊ မန်ယူအသင်းရဲ့ အမှတ်တံဆိပ်နဲ့ ပူးပေါင်းးချင်နေကြပါတယ်။ အကယ်၍ နောက်ထပ် (၃)(၄)ခု စပွန်စာ အသစ် ထပ်ရမယ် ဆိုရင်လည်း ကျွန်တော့်အနေနဲ့ အံ့သြမိမှာ မဟုတ်ပါဘူး။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကုမ္ပဏီ တစ်ခုတည်းနဲ့ အကြာကြီး အထိုင်ချပြီး၊ စပွန်စာ စာချုပ် ချုပ်လေ့ မရှိပါဘူး၊ သူတို့ဟာ နှစ်တို (၃)နှစ်လောက်ပဲ စာချုပ် ချုပ်လေ့ရှိပါတယ်။ သူတို့ဟာ စပွန်စာကြေးကို အရယူပြီး ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းတတ်တယ်။ ပြီးရင် (ကြေးပိုရမယ့်) နောက်ထပ် စပွန်စာ အသစ်နဲ့ ဆက်လက် လက်တွဲသွားတတ်ပါတယ်” ဟု့ပြောကြားခဲ့သည်။ ။
မန်ချက်စတာ ယူနိုက်တက် အသင်းသည် (၂၀၁၁-၂၀၁၂) ရာသီအတွက် အမြတ်ငွေ (၁၁၇.၆)သန်း ရရှိခဲ့ကြောင်း ပြီးခဲ့သည့် အပတ်က ထုတ်ဖော်ချက်အရ သိရသည်။ ဈေးကွက်ဝင်ငွေများ၊ ပွဲကစားသည့် နေ့မှ ရရှိသည့် ၀င်ငွေများ၊ ရုပ်သံထုတ်လွှင့်ကြေးမှ ရရှိသည့် ၀င်ငွေများကြောင့် ယူနိုက်တက်၏ အမြတ်ငွေသည် ဆထက်ထမ်းပိုး တိုးတက်လျက် ရှိနေကြောင်း သိရသည်။ ။
……………………………………………………………………….

မန်ယူအသင်းကို စပွန်စာ ပေးထားသော ကုမ္ပဏီများ (မန်ယူတရားဝင် ၀ဘ်ဆိုဒ်မှ ကိုးကားထားသည်)

AON
Principal sponsor of Manchester United – £20m a year
DHL
Official logistics partner of Manchester United – £10m 
NIKE
Official kit supplier of Manchester United – £25.4m 
CHEVROLET
Official automotive partner of Manchester United – £12m 
SINGHA
Official beer of Manchester United – £2m 
THOMAS COOK
Official travel partner of Manchester United – £1.3m 
BWIN
Official online gaming and betting partner of Manchester United – £2.4m 
CASILLERO DEL DIABLO
Official wine partner of Manchester United – £2m 
HUBLOT
Official timekeeper of Manchester United – £4m 
……………………………………………………………………….
ပေါင်(၁)သန်းနှင့် (၂)သန်းကြား စပွန်စာဝင်ငွေရသည့် ကူမ္ပဏီများစာရင်း
SMIRNOFF
Official responsible drinking partner of Manchester United 
TOSHIBA MEDICAL SYSTEMS
Official medical systems partner of Manchester United 
STC
Official integrated telecommunications partner of Manchester United for Saudi Arabia 
PCCW
Official integrated telecommunications partner of Manchester United in Hong Kong 
TURKISH AIRLINES
Official airline partner 
EPSON
Official office equipment partner of Manchester United 
MISTER POTATO
Official savoury snack partner of Manchester United 
YANMAR
Official global partner 
TM
Official integrated telecommunications partner of Manchester United in Malaysia 
GLOBACOM
Official integrated telecommunications partner of Manchester United for Nigeria, Ghana, Republic of Benin 
VIVA KUWAIT
Official integrated telecommunications partner of Manchester United in Kuwait 
MTN
Official integrated telecoms partner of Manchester United for South Africa / Zambia / Rwanda / Uganda / Swaziland / Botswana.
AIRTEL
Official telecommunications partner of Manchester United in India/Sri Lanka/Seychelles/Bangladesh.
ZONG
Official telecommunications partner of Manchester United in Pakistan 
GLOBUL
Official telecommunications partner of Manchester United in Bulgaria 
MAMEE
Official noodles partner of Manchester United for Asia, Oceania and Middle East 
VIVA
Official integrated telecommunications partner of Manchester United in Bahrain 
TURK TELEKOM
Official integrated telecommunications partner of Manchester United in Turkey 
A.P. HONDA
Official motorcycle partner of Manchester United in Thailand
AIRTEL AFRICA
Official telecoms partner in Burkina Faso, Chad, DR Congo, Gabon, Kenya, Madagascar, Malawi, Niger, Sierra Leone, Tanzania, Congo Brazzaville 
BEELINE
Official telecommunications partner of Manchester United in Vietnam, Cambodia and Laos
BAKCELL
Official telecommunications and broadcast partner of Manchester United for Azerbaijan 
KAGOME
Official soft drink partner of Manchester United for Japan 
WAHAHA
Official soft drink partner of Manchester United for China 
PT MULTISTRADA
Official tyre partner of Manchester United 
KANSAI
Official paint partner of Manchester United
ဗွီဒီယိုကြည့်ရန်

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ