ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

မောင်တောတွင် ကောလဟလ သတင်းမျိုးစုံပျံ့


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကောလဟလ သတင်းမျိုးစုံ ပျံ့နှံ့နေကြောင်း သတင်း ရရှိသည်။
Maungdaw watch tower
ထိုသို့ သတင်းမျိုးစုံ ပျံ့နှံ့နေသဖြင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်စိတ်များ တိုးပွားနေကြောင်း သိရသည်။

“ သတင်းတွေက မျိုးစုံ ပျံ့နှံ့နေတာပါဘဲ။ ဘယ်က စပြီးကောက်ပြောရမှန်းတောင် မသိဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။
နောက်ဒေသခံ တစ်ဦးကလည်း ယခုလ ၃၀ နေ့တွင် အကြမ်းဖက်မူများ ထပ်မံပေါ်ပေါက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ဆိုသည်။
“ ဟိုနေ့မှာ ဘာလုပ်မယ်။ ဒီနေ့မှာ ဘာလုပ်မယ်။ ကောင်းတဲ့ သတင်းတွေ မဟုတ်ဘူး။ မကောင်းတဲ့ သတင်းတွေက နေရာ အနှံ့ ထွက်ပေါ်နေပါတယ်။ ဒီလ ၃၀ နေ့မှာလည်း အကြမ်းဖက်မူတွေ ဖြစ်မယ်ဆိုပြီး သတင်းထွက်နေပါတယ်” ဟု ဆိုသည်။
အတည်မပြုနိုင်သေးသော သတင်းတစ်ခုအရ မွတ်ဆလင်မိသားစု တချို့ ထွေလာဂျီများဖြင့် မောင်တောမြို့ထဲ ကနေ မြို့ပြင်သို့ ပြောင်းရွှေ့နေကြသည်ဟု ဆိုသည်။
“ ခုလို ပြောင်းနေတာတော့ တွေ့တယ်။ ဘာကြောင်းလဲဆိုတာ မသိဘူး။ သာမန် ရွှေ့တာလား။ နောက်ကွယ်မှာ တစ်ခုခု ရှိသလားဆိုတာ မပြောနိုင်ဘူး” ဟု မောင်တော ဒေသခံက ဆိုသည်။
ဇန္န၀ါရီလ ၂၈ ရက်နေ့က ဂေါက်ကွင်းရှိ အဆောင်တစ်ခု မီးရှို့ခံရမူနှင့်လည်း လူပေါင်း (၅၀) ခန့်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေသည်ဟု ဆိုသည်။ အဆိုပါ မီးရှို့မူ ကိစ္စနှင့် ပတ်သက်ပြီးလည်း အခြေအနေများ အထူး ရှုပ်ထွေးနေသည်ဟု သိရသည်။
ထိုကဲ့သို့ အခြေအနေမျိုးတွင် မောင်တောမြို့နယ် တရားသူကြီး ဦးခင်ဇော်က ဇွန်လ အတွင်းက မောင်တော တောင်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မူကို ဦးဆောင်သူ မာမတ်အာလောင်နှင့် အပေါင်းအပါ (၆) ဦးကို ကျပ်ငွေ သိန်းရာကျော် ယူပြီး လွှတ်ပေးလိုက်သည်ဆိုသော သတင်းလည်း ပျံ့နှံ့နေပြီး ဒေသခံများ အကြား စိုးရိမ်စိတ်များ ယခင်ကထက် တိုးပွားနေကြောင်း သိရသည်။
ယခုကဲ့သို့ သတင်းများ အမျိုးမျိုးပျံ့နှံ့နေသဖြင့် မောင်တောမြို့နယ်တွင် လုံခြုံရေးကို အရင်ကထက် တိုးမြှင့်ထားဟု သိရသည်။

narinjara

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ