ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

30 January 2013

စည်းကမ်းပျက်၊ စာမေးပွဲကျ ကျောင်းထုတ်ခံ ကျောင်းသားများအား ဆရာဝန် ပြန်ပေးလုပ်ရန် အစီအစဉ်မရှိ

     ဗကသ ဆိုတဲ့ ထောင်ထွက် ကျောင်းသား အဖွဲ့က မန္တလေးမှာ စာနယ်ဇင်း   တွေ၊ ကျောင်းသား မိဘတွေ၊ ကျောင်း သားတွေစုပြီး ဒီကိစ္စကို လုပ်ကြတော့ ထောင်ထွက် လူမိုက်တွေပဲ။ ဒါလုပ်တာ မဆန်းပါဘူး ဆိုပြီး ခပ်ပေါ့ပေါ့ ထားမိတယ်။ေ နာက်တစ်ခါ ဒီကိစ္စကို အန်အယ်လ်ဒီက ပြည့်တန်ဆာ ကိစ္စ တရားဝင် လုပ်ချင်တဲ့ ဒေါ်စန္ဒာမင်းကြီးဆီ သွား ပြောကြ တာ၊ လူတွေ စုပြီး တွေ့ဆုံကြတာ မြင်တော့လည်း သာမ န်ပဲလို့ ထင်ခဲ့မိတယ်။ နောက်ဆုံး ဒီကိစ္စကြီးက လွှတ်တော်ထဲ ရောက်လာတော့ တကယ်ကို စိတ်ပျက်ခဲ့မိပါ တယ်။   ဖြေကြားချက်နဲ့ မေးမြန်းချက်ကို လေ့လာကြည့်ပါ။

 ဦးသိန်းထွန်းဦး၊ အမရပူရမဲဆန္ဒနယ်၏ မေးမြန်းချက်အားကျန်းမာရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝင်းမြင့် မှ ပြန်လည်ဖြေကြားချက်-

       ၂၀၁၁ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် မှ ၅၁ ဦး၊ ဆေးတက္ကသိုလ် မန္တလေးမှ ၁၂၈ ဦး ၊ ဆေးတ က္ကသို လ် (၂) ရန်ကုန်မှ ၄၃ ဦး၊ ဆေးတက္ကသိုလ် မကွေးမှ ၃၇ ဦးရှိသည့်အတွက် များစွာ ကွာခြားခြင်း မ ဟုတ် ဘဲ တစ်ဝက်ခန့်များခြင်း   ဖြစ်ပါ   ကြောင်း၊ ဆေးတက္ကသိုလ်များတွင် ချမှတ်ထားသော စာမေးပွဲ စည်း မျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားပြီး ဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်း မောင်မယ် သွင်ကြိုဆိုပွဲတွင် ကျောင်းသားကျောင်းသူ များနှင့်တကွ မိဘအုပ်ထိန်းသူများပါ သိရှိရန် အချက် များနှင့်‌ အဆိုပါစာမေးပွဲဆိုင်ရာစည်းမျဉ်း စည်းကမ်းများကို ပါမောက္ခချုပ်မှ ရှင်းလင်း ပြောကြားခဲ့ပြီး အဆိုပါစည်းကမ်းချက်များ အား ကျောင်းသားကျောင်းများနှင့် မိဘ အုပ်ထိန်းသူများ သိရှိပြီးဖြစ်ကြောင်း ဝန်ခံ ကတိထိုးခဲ့ပြီး တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်သည် ပြည်သူလူထု၏ ကျန်းမာရေး အဆင့် အတန်းမြှင့် တင်ရန် ကျန်းမာရေး   စောင့်ရှောက်မှု လုပ်ငန်းများ အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အ ရည် အချင်း မြင့်မား   သော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်‌ မွေးထုတ်ပေးရန် အေ ကာင် အထည်ဖော် နေသောအချိန်ဖြစ်ကြောင်း၊ လူသားတို့၏ အသက်နဲ့ဆိုင်သော ကျန်းမာရေး   စောင့်ေ ရှာက်မှုကို တာဝန်ယူ ဆောင်ရွက် ပေးရသည့် အရည်အသွေးပြည့်ဝသော ဆရာဝန်   ကောင်းများ မွေးထုတ်ပေးရေး ဆောင်ရွက်နေ ချိန်လည်း ဖြစ်ကြောင်း၊ ဆေးတက္ကသိုလ် (မကွေး)၏ ပြဿနာ တစ်ခုအနေနဲ့ စဉ်စားရန် မဟုတ်ပဲ ဆေးတက္ကသိုလ် ၄ ခုလုံးကိုလဲ ခြုံငုံ စဉ်းစား ရန်လိုအပ်ကြောင်း၊ နှစ်တို ကိစ္စမဟုတ်ပဲ နှစ်ပေါင်းများစွာကိစ္စ ဖြစ်ပါသဖြင့် ယခုမေးမြန်းသော မေးခွန်းအား အစီအစဉ် လက်ရှိ မရှိသေး ပါကြောင်း ပြန်လည်   ဖြေကြားသွား ပါသည်။
=============================================
ဦးသိန်းထွန်းဦး၊ အမရပူရမဲဆန္ဒနယ်၏ မန္တလေးဆေးတက္ကသိုလ်ပညာသင်ခွင့် ရပ်စဲခြင်း ခံရသောကျောင်းသားကျောင်းသူများအား ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ အား   ဖြေလျော့၍ ဆေးတက္ကသိုလ် (မန္တလေး) သို့ ဆေးပညာပြန်လည်သင်ယူခွင့်ပြုရန်နှင့် စပ်လျဉ်း သည့်မေးခွန်း။

မန္တလေးဆေးတက္ကသိုလ်တွင် ဆေးပညာဘာသာ ရပ်သင်ကြားနေကြသော   ကျောင်းသား   ကျောင်းသူများ သည်   လတစ်နှစ်တွင် ကျောင်းသားဦးရေ ၁၀၀ ကျော် အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူ ခွင့်ရပ်စဲခြင်း ခံခဲ့ ရကြောင်း၊ အခြား ဆေးကျောင်းနှင့်‌ မန္တလေး ဆေးတက္ကသိုလ် ကျောင်း တို့နှင့်နှိုင်းယှဉ်လျှင် အဆ မတန် များပြားကြောင်း၊   ဆေးကျောင်း တက်စဉ် ဆေးတက္ကသိုလ် စည်းမျဉ်း စည်းကမ်းအရ ပညာသင်ယူခွင့်‌ ရပ် စဲခြင်း ခံခဲ့ရသော်လည်း ဆေးကျောင်းသား ကျောင်းသူတို့သည် အကျင့် စာရိတ္ထ အရာတွင် အဘက် ဘက်မှ မှတ်ကျောက် အတင်ခံနိုင် ကြသူများလည်း ဖြစ်ကြကြောင်း၊   နိုင်ငံတော် အတွက် အရေးပါလှသော လူ့ စွမ်း အား အရင်းအမြစ်များ ရရှိစေရန် မိမိတို့တိုင်းပြည် အတွင်းရှိ လူသားအရင်းအမြစ် အစစ် အမှန်ဖြစ်ေ သာ ဆေးတက္ကသိုလ်   ကျောင်းသား   ကျောင်းသူများကို ပညာသင်ယူခွင့်ရပ်စဲလိုက်ခြင်းသည် ကျောင်း သား မိဘများ၊   ကျောင်းသားများနှင့်အတူ နိုင်ငံတော် အတွက်လည်း နစ်နာကြောင်း၊ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၆၈၊ ၃၆၆ နှင့် ၃၄၇ တို့အားရှင်းလင်း ပြောကြားသွားပြီး မန္တလေးဆေး တက္ကသိုလ် ပညာ သင်ခွင့် ရပ်စဲခြင်းခံခဲ့ရသော ကျောင်းသား ကျောင်းသူများအား ချမှတ် ထားသော စည်း မျဉ်း စည်းကမ်း များအား ဖြေလျှော့၍ ဆေးတက္ကသိုလ် မန္တလေးသို့   ဆေးပညာ ပြန်လည်သင်ယူခွင့်ပြုရန် အစီအ စဉ်ရှိ မရှိ သိရှိလိုပါကြောင်း မေးမြန်း သွားပါသည်။
 


 


  ကချင်နေစဉ်သတင်း 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ