ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 January 2013

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း


နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၄ ။)
၁၃၇၄ ခုနှစ်၊ ပြာသို လဆန်း ၁ဝ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ၂၁ ရက်)
ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်း လိုက်သည်။

၁။ ဤဥပဒေကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟုခေါ်တွင် စေရမည်။
၂။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေတွင်-
(က) ပုဒ်မ ၆ ကို အောက်ပါ အတိုင်း အစားထိုး ရမည်-
 ''၆။    နိုင်ငံတော် သမ္မတသည် မိမိ ရွေးချယ် ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ် ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ် ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ရွေးချယ် ထားသည့် အဖွဲ့ဝင် ၉ ဦး၏ အမည်စာရင်း ကိုလည်းကောင်း၊ ယင်းတို့ အနက် ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း၍ ရွေးချယ်သည့် အဖွဲ့ဝင် တစ်ဦး၏ အမည်ကို လည်းကောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး သဘော တူညီချက် ရယူ ရမည်။''
(ခ) ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဇ)၏ နောက်တွင် ပုဒ်မခွဲ (ဈ)ကို အောက်ပါ အတိုင်း ဖြည့်စွက် ရမည်-
 ''(ဈ) မိမိတို့၏ လုပ်ငန်း တာဝန်များ ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ မိမိတို့အား ရွေးချယ် သည့် သက်ဆိုင်ရာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ထံသို့ အသီးသီး အစီရင် ခံခြင်း။''
၃။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေတွင် ပုဒ်မ ၂၃ ကို ပုဒ်မ ၂၄ အဖြစ် လည်းကောင်း၊ ပုဒ်မ ၂၄ ကို ပုဒ်မ ၂၃ အဖြစ် လည်းကောင်း ပြန်လည် အမှတ်စဉ် ရမည်။ ထိုသို့ ပြန်လည် အမှတ်စဉ်သည့် ပုဒ်မ ၂၄ ကို အောက်ပါ အတိုင်း အစားထိုး ရမည်-
''၂၄။ ပုဒ်မ ၂၃ အရ ချမှတ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။''
၎။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေတွင် ပုဒ်မ ၂၅ ကို ပယ်ဖျက် ရမည်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ