ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 January 2013

ဘယ်နောက်ခံလူ အတွက် စတင်လှုပ်ရှားနေပြီဖြစ်တဲ့ မန်ယူ


digne
မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ ဘယ်နောက်ခံလူ နေရာအတွက် ပြင်သစ်ကလပ် လိုင်လီ အသင်းမှ လူငယ်နောက်ခံကစားသမား လူးကပ်စ် ဒစ်ဂ်နီကို ခေါ်ယူရန် ပြင်ဆင်နေတယ်လို့  သိရပါတယ် အဆိုပါ ကစားသမား နွေရာသီ အပြောင်းအရွှေ့ 
ကာလမှာ အရခေါ်သွားဖို့  စီစဉ်နေတယ်လို့  သိရပါတယ် အသက် ၁၉ နှစ် အရွယ်ရှိ ကစားသမားလေးဟာ ဒီရာသီ သူ့ ရဲ့ အကောင်းဆုံး ပုံစံကို ပြသနေတာ ဖြစ်ပြီး လိုင်လီအသင်းရဲ့ ပွဲစဉ် ၂၅ ပွဲကို ကိုယ်စားပြု ပါဝင်ထားတာ ဖြစ်ပါတယ် သတင်းများအရ  မန်ယူအသင်းဟာ အဆိုပါ ကစားသမားလေးကို ရာသီကုန်မှာ ခေါ်ယူဖို့  ပြင်နေတယ်လို့  သိ၇ပြီး အဆိုပါကစားသမားလေးကို မန်ယူအသင်းအပြင် စီရီးအေ ကလပ် ဂျုဗင်တပ်စ် အပါအ၀င် လာလီဂါ ထိပ်သီး ရီးရဲလ် အပြင် ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့  သိရပါတယ် လူးကပ်ဒစ်ဂ်နီ ဟာ မကြာသေးခင်ကမှ လိုင်လီအသင်းနဲ့ စာချုပ်သက်တမ်း တိုးထားတာ ဖြစ်ပြီး ကစားသမားခေါ်ယူရန် မန်ယူအသင်းဟာ အောက်တိုဘာလကတည်းက စောင့်ကြည့် နေတာ ဖြစ်တယ်လို့  သိရပါတယ် လက်ရှိ ဘယ်နောက်ခံလူနေရာမှ အီဗရာ အသက်အရွယ်ကြောင့် ထိုနေရာကို အစားထိုးရန် မန်ယူအသင်းက နောက်ခံလူ တစ်ယောက်ကို ရှာဖွေနေပြီး ဘတ်နာဟာလည်း အရန်သင့် သုံးနိုင်သေးသူ မဟုတ်တာကြောင့် နွေရာသီမှာ အပြောင်းအရွှေ့  ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပြီး အီဗရာ ဘတ်နာ ပြီးနောက် မန်ယူအသင်းရဲ့ ဘယ်နောက်ခံလူ ဖြစ်လာမလား စောင့်ကြည့် ရမှာ ဖြစ်ပါတယ်

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ