ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 January 2013

ဘောလုံးသတင်းအတိုအထွာများ


-  အေစီမီလန်အသင်းသည် မန်စီးတီးအသင်း၏ တိုက်စစ်မှူးဖြစ်သူ ဘာလော့တယ်လီအား ၂၆သန်းဖြင့်ခေါ်ယူရန်အဆင်သင့် ဖြစ်ကြောင်းပြောသွားခဲ့ပါတယ်။

-  မန်ချက်စတာအသင်း၏ နောက်ခံကစားသမားဖြစ်သူ ဖီးဂျုံးစ်က မန်ယူအသင်းသားအားလုံး  စိတ်ဓာတ်အမြင့်ဆုံးရောက်နေပြီး  ဖလားများရရှိရန် ကြိုးပမ်းသွားမည်ဟု ပရိတ်သတ်များကို ပြောသွားခဲ့ပါတယ်။
-  စပါးအသင်းသည်   တူးလော့စ်အသင်း၏ ကွင်းလယ်ကစားသမားဖြစ်သူ မူဆာဆစ်စကိုအား  ပြောင်းရွေ့ကြေးမြင့်မားမှုကြောင့်လက်လျော့လိုက်ပြီဖြစ်ပြီး  နန်စီအသင်း၏နောက်ခံလူဖြစ်သူ ဟန်ဒါရာအား အသင်းသို့ပြောင်းရွေ့ရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း သိရပါတယ်။
- ချဲလ်ဆီးအသင်းသည် အသင်း၏ နောက်ခံလူဖြစ်သော  အက်ရှေလေးကိုးအား  တပတ် ပေါင်၂သိန်းဖြင့် ၁နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး  ကိုးအနေနဲ့ ကမ္ဘာပေါ်ရှိ ခံစစ်မှူးများထဲတွင် လစာအများဆုံးရသော ကစားသမားတဦးဖြစ်လာခဲ့ပါတယ်။
- အက်စတွန်ဗီလာအသင်းနည်းပြဖြစ်သူ ပေါလမ်းဘတ်က  အသင်း၏တောင်ပံကစားသမားဖြစ်သူ ဇော့ဘီယာ ဒဏ်ရာမှပြန်သက်သာလာသည့်အတွက် အလွန်ပင်ဝမ်းသာကြောင်း ပြောသွားခဲ့ပါတယ်။
- မန်ချက်စတာယူနိုက်တက်အသင်း၏ ကာလရှည်ကြာစွာ စိတ်ဝင်စားခံရသော စနိုက်ဒါမှာ ယခုအခါ တူရကီကလပ် ဂါလာတာစာရေးသို့  တပတ်လစာ ပေါင်၁၂၀၀၀၀ ဖြင့် ခေါ်ယူပြီးစီးခဲ့ပြီဖြစ်ပါသည်။
-  အာဆင်နယ်အသင်းကွင်းလယ်ကစားဖြစ်သူ ၀ဲကော့လ်က  အသင်းအနေနဲ့  ယခုအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပဲ ကြိုးစားသွားရမည်ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။
-  ချဲလ်ဆီးအသင်း၏ ခံစစ်မှူးဖြစ်သူ ကာဟေးသည် ထိပ်ဆုံးက မန်ယူနှင့် ၁၁မှတ်ကွာ အနေအထားတွင်ရှိနေသော်လည်း အသင်းမှာ ချန်ပီယံလမ်းကြောင်းပေါ်မှာပဲ ရှိနေဆဲပါဟု ပြောဆိုခဲ့ပါတယ်။
- အင်တာမီလန်အသင်း၏ လူငယ်ကစားသမားဖြစ်သူ ဖလစ်ပီကော်တင်ဟိုက  လီဗာပူးကစိတ်ဝင်စားသည်ဟုသိရသောကြောင့် ပျော်ရွင်မိကြောင်း ၀န်ခံခဲ့ပါတယ်။
-  မန်ချက်စတာစီးတီးအသင်းတိုက်စစ်မှူးဖြစ်သူ ဒီဇီကိုက  အသင်းအနေနဲ့  မန်ချက်စတာယူနိုက်တက်အသင်းကို အမှတ်တွေလျော့အောင် ဖိအားပေးဖို့  လိုအပ်ကြောင်းပြောသွားခဲ့ပါတယ်။
- ခရစ်စတယ်ပဲလေ့စ် အသင်း၏လူငယ်ကစားသမားဖြစ်သူ ဇာဟာအနေနဲ့ မန်ယူအသင်းကိုရောက်ရှိလား မရောက်၇ှိသလား ယခုထိ အတိအလင်းမသိရသေးပါဘူး။
-  မန်ချက်စတာအသင်းခံစစ်မှူးဖြစ်သူ ဖာဒီနန်က  စပါးနှင့်ပွဲတွင်သရေကျခဲ့သော်လည်း နောက်ပွဲတွေမှာ ချန်ပီယံဖြစ်ရေးအတွက်  ပူပန်မနေပဲ  အကောင်းဆုံး ကစားသွားမည်ဟု ပရိတ်သတ်များကို အင်တာဗျူးမှတဆင့်ပြောသွားခဲပါတယ်။
- ရီဒင်းအသင်းသည် ဇာဘီယာကြယ်ပွင့်ကစားသမားဖြစ်သူ  ဆန်ဇူကို  ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
Premier

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ