ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 January 2013

မန်ယူပြန်လာမှာပါ – ဖီးလ်ဂျူံးစ်


စပါးအသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် ၀ှိုက်ဟတ်လိန်းကွင်းတွင် နောက်ကျချေပဂိုး ခွင့်ပြုပေးခဲ့ရခြင်းကြောင့် သရေရလဒ် ဖြစ်ခဲ့ပြီး ရမှတ်(၂)မှတ် လျော့နည်းခဲ့ရသည့် မန်ချက်စတာ ယူနိုက်တက် အသင်းအနေဖြင့် ထိုအခြေအနေမျိုးမှ အမြန်ဆုံး ပြန်လည် ရုန်းထလာလိမ့်မည် ဖြစ်ကြောင်း  ဖီးလ်ဂျူံးစ်က ပြောကြားလိုက်သည်။ ။


လက်ရှိအချိန်တွင် မန်ယူအသင်းသည် ဇယားဒုတိယနေရာမှ မန်စီးတီး အသင်းကို (၅)မှတ်ဖြတ်၍ ဇယားထိပ်နေရာ၌ ဦးဆောင်နေပြီး၊ ပရီးမီးယားလိဂ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလမှ စ၍ ရှူံးပွဲ လုံးဝ မရှိထားချေ။ ။

အင်္ဂလန် လက်ရွေးစင် ကစားသမားဖြစ်သူ ဖီးလ်ဂျူံးစ်က “ယုံကြည်ချက်တွေက အမြင့်ဆုံး အနေအထားမှာ ရှိနေပါတယ်၊ ဒါပေမယ့် အခုချိန်ထိ့ ကျွန်တော်တို့မှာ လုပ်နိုင်စွမ်းတွေ ရှိနေဆဲဆိုတာကို ကျွန်တော်တို့ သိထားပါတယ်၊ ကစားပွဲတွေမှာ ကျွန်တော်တို့အလုပ်အတွက် အချိန်အတိုအတွင်း ကျွန်တော်တို့ဟာ အမြဲတမ်း ပြန်လည်တည်ဆောက် နိုင်ခဲ့ကြပါတယ်။ အချိန်အတော်ကြာ ကတည်းက ကျွန်တော်တို့ ဘာတွေလုပ်ရင် ဘာတွေ ရလာမလည်း ဆိုတဲ့အပေါ်မှာပဲ အာရုံစိုက်ထားခဲ့ပါတယ်၊ကျွန်တော်တို့ ကစားပွဲ အပေါ် ထားရှိတဲ့ အစီအမံတွေအရ ကျွန်တော်တို့ အဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု့ပြောကြားခဲ့သည်။ ။

ယူနိုက်တက် အသင်းသည် အခြားပြိုင်ဖက် အသင်းများထက် ကျော်လွန် သာလွန်လိမ့်မည် ဖြစ်ကြောင်း၊ အထူးသဖြင့် ချန်ပီယံ မန်စီးတီးရဲ့ နေရာကို (ပြန်လည်လုယူ) ထိန်းချုပ် နိုင်လိမ့်မည် ဟု့လည်း {အသက်(၂၀)အရွယ်} ဂျူံးစ်က ယုံကြည်လျက် ရှိသည်။ ။

ဆက်လက်၍ ဂျူံးစ်က “ခရစ္စမတ် ကာလကတော့ အချိန်တိုလေး အတွင်းမှာ ပွဲတွေ အများကြီး ကစားရပြီး အမြဲလိုလို ခက်ခဲကြမ်းတမ်းတဲ့ အချိန်အခါပါ၊ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်တို့ဟာ ကြောက်ရွံ့စိတ် ကင်းကင်းနဲ့ ဒီရာသီရဲ့ မှတ်တိုင်တွေကို ရှေ့ဆက် ဖြတ်သန်းနေပါတယ်။ ဒီလို အချိန်ကာလမှာ ခင်ဗျားဆိုရင်လည်း ဂရုစိုက်မှူ့အပြည့်နဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ စိန်ခေါ်မှူ့တွေကို ကျွန်တော်တို့ အားလုံးက ကြိုက်နှစ်သက်ပါတယ်။ အသင်းမှာရှိတဲ့ ကစားသမား အားလုံးက အရမ်းကို အာရုံစိုက်ထားကြပြီး၊ နောက်တစ်ပွဲအတွက် ကျွန်တော်တို့ အားလုံးဟာ အဆင်သင့် ဖြစ်နေကြပါတယ်” ဟု့ ပြောဆိုခဲ့သည်။ ။

လာမည့် စနေနေ့တွင် အက်ဖ်အေဖလား ပွဲစဉ်အဖြင့် ဖူလ်ဟမ်နှင့် ကစားရမည့် ပွဲမတိုင်မှီ ယခုရက်သတ္တပတ်တွင် မန်ယူအသင်းသား အဖွဲ့သား အားလုံးတို့သည် နွေးထွေးသည့် ရာသီဥတုရှိသည့် ကာတာ နိုင်ငံတွင် လေ့ကျင့်ရေး ဆင်းနေကြလျက်ရှိသည်။ အဆိုပါ ဖူလ်ဟမ်နှင့် တွေ့ဆုံရမည့် ပွဲတွင် ပြီးခဲ့သည့် သြဂုတ်လက မန်ယူအသင်းမှ ဖူလ်ဟမ်အသင်းသို့ ထွက်ခွာသွားသော ဘာဘာတော့ဗ်နှင့် ပြန်လည် ရင်ဆိုင် ကစားရမည် ဖြစ်ပြီး၊ ဘာဘာတော့ဗ်အနေဖြင့် အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက်ပိုင်း အိုးထရက်ဖို့ဒ်သို့ ပထမဦးဆုံး အကြိမ် ပြန်လည် ခြေချရမည် ဖြစ်သည်။ ။

ဂျူံးစ်က “အက်ဖ်အေဖလားဟာ ကြီးကျယ်တဲ့ ပြိုင်ပွဲတစ်ခုပါ၊ ကျွန်တော်တို့ အနိုင်လိုချင်ကြတာက ထပ်တူပါပဲ၊ ကျွန်တော်တို့ လုပ်နိုင်စွမ်းသမျှကို ကျွန်တော်တို့ လုပ်ဆောင်သွားချင်ပါတယ်၊ အဲ့ဒီကြီးကျယ်တဲ့ ပြိုင်ပွဲကြီးကို ကျွန်တော် အမြဲတမ်း ရူ့စားခဲ့ရပါတယ်။
ဘာဘာတော့ဗ် အိုးထရက်ဖို့ဒ်ကို လာပြီးကစားမှာကို မြင်ရမှာ သိပ်ကောင်းပါလိမ့်မယ်၊ သူဟာ နည်းပညာအရ အလွန်ထူးချွန်တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ရှေ့ဆက်သွားနိုင်ပြီး၊ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ် ရနိုင်မယ်လို့ မျှော်လင့်မိပါတယ်” ဟု့ ဖြည့်စွက် ပြောကြားခဲ့သည်။ ။

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ