ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 January 2013

မောင်တောမြို့နယ် နံ့သာတောင်ကျေးရွာရှိ နယ်စပ်ဒေသရခိုင်အမျိုးသား၊အမျိုးသ္မီးပညာဒါနပရဟိတစာသင်တိုက် ဆရာတော် ဦးစရနနှင့် လေးဝတီမှ ဆက်သွယ်မိန်းမြန်းချက်


nanthadaung (1)၂၀၁၂ ခုနှစ် ဇွန်လအတွင်းက မောင်တောမြို့နယ်အတွင်း ဘင်္ဂလီကုလားအကြမ်းဖက်မူကြောင့် အိုးအိမ်စွန်ခွာထွက်ဗြီးတိမ်းရှောင်ခရရေ ရခိုင်ပြည် အနောက်ဖက်တံတိုင်းကိုစောင့်ရှောက်နီထိုင်ဂတ်တေ မဖွံ့ဖြိုးမတိုးတက်ဘဲ ကုလားရန်ကို အသက်ပီး ကာကွယ်နီထိုင်ဂတ်တေ ရခိုင်သူ၊သားတိကို ပညာဒါနကို ပီးကမ်းစွန့်ကြဲနီရေ နံ့သာတောင် ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးစရနကို လေးဝတီက အဂုပိုင် ဆက်သွယ်မိန်းမြန်းထားပါသည်။
ဆရာတော်ဘွဲ့နာမေနန့် လက်ဟိသတင်းသုံးနီထိုင်ရေ နီရာကို အယင်ဦးဆုံး ပြောပြပီးပါ အရှင်ဘုရား။
ဆရာတော်ဦးစရန။ ။ဦးဇင်း ဘွဲ့နာမေ ဦးစရနပါ (ဘီအေ အစိုးရ ဓမ္မစာရိယ) ပါ။
လက်ဟိသတင်းသုံးနီထိုင်ရေနီရာက မောင်တောမြို့နန့် မိုင် ၃၀ လောက် ကွာဝီးရေ ရခိုင်ပြည်- ဘင်္ဂလား နယ်စပ်အမှတ် ( ) အနား၊ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပေါ်လက်ဝဲပိုင်း ရခိုင်တိုင်းရင်းသားတိနီထိုင်ရေ နံ့သာတောင်ကျေးရွာ နယ်စပ်ဒေသရခိုင်အမျိုးသား၊ အမျိုးသ္မီးပညာဒါနပရဟိတကျောင်းမှာ သတင်းသုံးနီထိုင်ပါရေ။
လေးဝတီ။          ။ဆရာတော် မွီးရပ်ဇာတိနန့် လက်ဟိ နံ့သာတောင်ရွာကို ဇာနှစ်ခုနှစ် စတင်ရောက်ရှိ သတင်းသုံး နီထိုင်ခပါလေ အရှင်ဘုရား။
ဆရာတော်ဦးစရန။ ။ဦးဇင်း ရသေ့တောင်မြို့နယ် မယူကမ်း ဈီးကုန်တန်း ဇာတိပါ။ ရခိုင်နှင့် ကုလားအရေးအခင်းကာလ ဦးဇင်း နံ့သာတောင်ရွာကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်လောက်ကပင် စတင်ရောက်ရှိ သတင်းသုံးနီထိုင်ခပါရေ။
လေးဝတီ။          ။နယ်စပ်ဒေသရခိုင်အမျိုးသား၊အမျိုးသ္မီးပညာဒါနပရဟိတကျောင်းကို ဇာ ခုနှစ်လောက် စတင်ဖွင့်လှစ်သင်ကြားခပါလေ။ အဓိက ဒေဂုပိုင် ပရဟိကျောင်းကို ဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်ကို အမိန့်ရှိပါ အရှင်ဘုရား။
ဆရာတော်ဦးစရန။ ။ဦးဇင်း ဒေပရဟိတကျောင်းကို ၂၀၁၂ ခုနစ် ဇူလိုင်လ (၃) ရက် နိ့က စလို့ တည်ထောင်စွာပါ။ ဦးဇင်က ဒေဖက်ကို သတင်းသုံးဖို့လာရေခါ ဒေမှာက တိုင်ရင်းသားတိနန့် မူဆလင်ကုလားတိ အရေးအခင်း ပြဿနာဖြစ်နိန်ခါ အစိုးရက စာသင်ကျောင်းတိကို ပိတ်ထားရရေ အချိန်ကာလမျိုးမှာ ဦးဇင်းရို့ မျိုးချစ်စိတ်ဓာတ်နန့် ရခိုင်သားချေရို့၏ ဘ၀မှာ တနစ်တာ ပညာရေး ဆုံးလားဖို့စွာကို ဦးဇင်းရို့ မြင်ရ ကြားနီရရေအတွက် မောင်တောမြို့နန့် မိုင် ၃၀ လောက် ၀ီးရေ အလွန်တရာမှ ၀ီးလွန်ခေါင်ပါးရေဒေသ လူမူရေး စီပွားရေး လမ်းပန်းဆက်သွယ်ရေးက အစ အစစအရာရာ နှိမ့်ချနီရေဒေသတိမှာ အနာဂတ်ရခိုင်အမျိုးသား အမျိုးသ္မီးချေအတွက် နောင်အနာဂတ်ပညာရေးကိုသော်လည်းကောင်း ဒေပိုင် ပရဟိတစာသင်ကျောင်းတစ်ခု ဖွင့်သင့်ရေအမြင်နန့် ကိုယ့်ရခိုင်သားချေတိအတွက် ဒေဖြစ်ရပ်တိကို အဆုံးရှုံးမခံနိုင်ရေ အမြော်အမြင်စိတ်ဓာတ်နန့် ဦးဇင်း တတ်ကျွမ်းသလောက်နန့် ယင်းပိုင်းမဖြစ်ရလီအောင်လို့ ကိုယ့်ရခိုင်လူမျိုးတိ ဖွံ့ဖြိုးတိုးတက်အောင် ဆိုရေ ရည်ရွယ်ချက်တိနန့် ဂုပိုင် ဒေပရဟိတကျောင်းကို စလို့ထူထောင်စွာဖြစ်ပါရေ။
nanthadaungလေးဝတီ။ ။လက်ဟိ ကျောင်းသားကျောင်းသူတိ ပညာသင်ကြားနီရေ နယ်စပ်ဒေသ ရခိုင်အမျိုးသား၊အမျိုးသ္မီး ပညာဒါန ပရဟိကျောင်းအခြီအနီကို အကျဉ်းချုပ်ပြောပြပီးပါ အရှင်ဘုရား။
ဆရာတော်ဦးစရန။  ။ဦးဇင်း ဒေကျောင်းကို စလို့ ထူထောင်စော်က ရခိုင်လူမျိုးတိမှာ ပညာရေးကအစ အားလုံးနှိမ့်ကျနီရေခါ ပညာမြင့်မှ လူမျိုးတင့်မည် ဆိုရေ ဆောင်ပုဒ်အတိုင်း ပညာရေးကို အဓိကထားပနာ ဦးဇင်းလုပ်နီပါရေ။ အဂုလက်ဟိ ကျောင်းအခြီအနီက ကျောင်းသားကျောင်းသူတိအတွက် စာအုပ်စာတန်းတိက လုံလောက်နီပါရေ ယေဂေ့လေ့ အဂုကား ကျောင်းမှာ စားဝတ်နီရေးအခက်အခဲနန့် ဦးဇင်းရို့ ကြုံတွိ့နီရတုန်းပါ၊ ကျောင်းကို စတင်ထူထောင်ချိန်ခါ သူငယ်တန်းကပင် ၁၀ တန်းအထိ ကျောင်းသားကျောင်းသူ ၆၃ ယောက် ဟိပါရေ။ ဒေကျောင်းသားကျောင်းသူတိ စားဝတ်နိန်ရေး မဖုံလုံသိမ့်ရေအပြင် ဒေမှာ ဆရာ ဆရာမ (၂၃) ယောက်ကို လစဉ် ထောက်ပံ့ငွှေနန့် ဦးဇင်ရေ လစဉ်လတိုင်း ရင်ဆိုင်ရပါရေ ယပြီးကေ ကျောင်းသူ/ကျောင်းသားတိအတွက် စားဝတ်နိန်ရေး၊ ပဆိုး၊ အိပ်ရာနီရာတိအစ အဂုကား အခက်အခဲ ကောင်းကြုံတွိ့နိန်ရပါရေ။ ကျောင်းသားဦးရေက အယင် ၆၃ ယောက်ကပင် နောက် ရခိုင်နန့် ကုလား အရေးအခင်းနောက်ပိုင်းမှာ နံ့သာတောင်ရွာအပြင် အနီးအနားက ကြိမ်ချောင်း၊ ပရိန်၊ သင်္ဘောလှ၊ မီးဒိုက်၊ တောင်ပြို၊ သာယာကုန်းက ကျောင်းသားကျောင်းသူတိပါ ရောက်လာရေခါ အားလုံး စုစုပေါင်း ၂၂၀ ကျော် ဖြစ်လားပါရေ။ ကျောင်းမှာက ကျောင်းအိပ်ကျောင်းစား ကျောင်းသားက ၃၅ ယောက် ဟိရေခါ ယင်းကျောင်းသားတိအတွက် စားရေးသောက်ရေးအခက်အခဲတိကို ဦးဇင်း ရင်ဆိုင်နီရပါရေ။ ညဇာသား ၆ နာရီနောက်ပိုင်းဆိုကေ လျှပ်စစ်မီးမဟိခါ မီးစက်နိုးရစော်အတွက် ဆီ ထည့်ရစော် ဒီဇယ်ဆီအခက်အခဲတိက နိ့စိုင်နန့်အမျှ ယင်းပြဿနာတိကို နည်းမျိုးစုံနန့် ဦးဇင်းဖြေရှင်းနီရပါရေ။
လေးဝတီ။          ။အဂု ပရဟတကျောင်းလည်ပတ်ရေးအတွက် ဒေသခံ ကျောင်းသားကျောင်းသူ မိဖဘားက ကူညီထောက်ပံ့လှူဒါန်းမူတိနန့် လည်ပတ်နီစော်ပါလား၊ လက်ဟိ ကျောင်းလည်ပတ်ရေးကိုကား ဇာပိုင် ဖြေရှင်းနီပါလေ အရှင်ဘုရား။
ဆရာတော်ဦးစရန။  ။လက်ဟိ ဒေသခံကျောင်းသားမိဖတိက လက်လုပ်လက်စားများရေခါ သူရို့တိ ကူညီထောက်ပံ့လှူဒါန်းမူက မဟိန့်ပါ။ အဂု ကျောင်းလည်ပတ်နီစော်က မောင်တောမြို့မိမြို့ဖတချို့က လှူဒါန်းမူ စီချေဟိပါရေ။ နောက် ပြည်တွင်းက လူမူအဖွဲ့တချို့နန့် တခြားပြည်ပက အကူအညီတိလောက်နန့်ရာ ဦးဇင်းလည်ပတ်နိုင်စော်ပါ။ နောက်အခက်အခဲတိကား ဟိလာနိုင်ပါရေ ဇာပိုင် ဖြေရှင်းရမေ မသိပါဒေ။ အဂုကား အတတ်နိုင်ဆုံးက ဦးဇင်းလည်း အယင်အလှူငွေတိနန့် ဖြေရှင်းနီပါရေ နောက်ထပ်ယင်းအခက်အခဲတိကို ဖြေရှင်းဖို့အတွက် နောက်ထပ်အလှူရှင်တိကား အပေါ်ပါသိမ့် တကာ။
လေးဝတီ။          ။ဒေသအာဏာပိုင် အစိုးရအဖွဲ့အစည်းတိက ကူညီလှူဒါန်းမူတိ အခြီအနီကား ဇာပိုင်ဟိပါလေ။
ဆရာတော်ဦးစရန။  ။ဌာနဆိုင်ရာ အာဏာပိုင်တိဆိုကေ မောင်တောမြို့နယ်က ဒေ ၉ လပိုင်းလောက်ကတော့ကေ မယကရုံးက ဆန်အိတ် ၅၀ တခေါက်လှူခဖူးပါရေ။ နောက်ပိုင်းမှာ အစိုးရ ဌာနဆိုင်တိက ကူညီလှူဒါန်းမူဆိုလို့ တစ်ခုလေ့ မရဖူးပါသိမ့်။
လေးဝတီ။          ။အယင်က ဆရာတော်ရို့ ပရဟိတကျောင်းကို ပြည်တွင်းပြည်ပက ကူညီလှူဒါန်းခရေ အဖွဲ့အစည်းနာမေတိကို ဖော်ပြပီးစီချင်ပါရေ အရှင်ဘုရား။
ဆရာတော်ဦးစရန။  ။ဦးဇင်းကျောင်းစတင်ထူထောင်စိုင်က ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂ရ ရက်နိ့က WAO ကမ္ဘာ့ရခိုင့်လူငယ်များ ကူညီထောက်ပံ့ရေး အဖွဲ့(အမေရိကန်)က ကျပ်ငွေ ၁ သိန်း ကူညီလှူဒါန်းမူနန့် စလို့လည်ပတ်ခပါရေ။ နောက်ထပ် စက်တင်ဘာလမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ (ကျပ်ငွေ ၈၄၀၀၀) ကို ထပ်လို့ လှူဒါန်းခပါရေ။ အမေရိကန်က နာမေမှတ်မရလိုက်ပါယာ စေတနာအလှူရှင် ၃ ယောက်က ဒေါ်လာ ၆၀၀ ထပ်လို့ လှူဒါန်းခပါရေ။ နိုဝင်ဘာလမှာ စင်္ကာပူနိုင်ငံက ရခိုင်လူငယ်များအဖွဲ့က ကျပ်ငွေ ၁၀ သိန်း လှူခပါရေ။ နောက် ထိုင်းနိုင်ငံက ရခိုင်မျိုးချစ်လူငယ်များလေးဝတီအဖွဲ့က ဆန်အိတ် ၁၃၀၊ ဆီ ပိဿ ၃၀၊ မာမီးခေါက်ဆွဲ ၁၂ ဖာ လှူပါရေ။ ပြည်တွင်းက ပေးဆပ်သူများလူငယ်များအဖွဲ့က ဗလာစာအုပ် ဒါဇင် ၄၀၀၊ ဆန်အိတ် ၇၃ အိတ်၊ ၂၅ ကောင်ရေ မီးစက် ၁ လုံး လှူခစော်တိတော့ကေ ဟိခပါရေ။ နောက်ပိုင်းအလှူရှင်တိ မပေါ်ခပါ။
nanthadaung (9)လေးဝတီ။          ။ဒေသခံလူထုတိနန့် ဆရာတော်ရို့လက်ဟိ ကြုံတွိ့နီရရေ အခက်အခဲတိက ဇာတိ ဟိပါလေ။
ဆရာတော်ဦးစရန။  ။ဦးဇင်းအပါအ၀င် အနီးအနားဒေသက ရခိုင်လူမျိုးတိ အနီနန့်ကား ဇွန်လအတွင်းက ဖြစ်ပွားလားခရေ ဒေသခံရခိုင်လူမျိုးတိနန့် မူဆလင်ကုလားတိ အရေးအခင်းကြောင့် ယင်းဒေသက လူတိရေ ရီမြီတောတောင်တိကိုရာ မှီခိုလုပ်ကိုင်စားသောက်နီဂတ်ရရေအချိန်ကာလမှာ ဒေဖက်မှာ အပြင်တိလားလို့ လုပ်ကိုင်စားသောက်ဖို့ မလွယ်ပိုင် နောက်တခါ ဦးဇင်းသတင်းသုံးနီထိုင်ရေ နေရာအနီးအနားဝန်းကျင်က ထိုဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်နန့် အပါးချေဖြစ်တေအတွက်နန့် ယင်းဖက်က ပင်းဝါရို့ ၀ါးခတ်ချောင်းရို့မှာ အကြမ်းဖက်မူတိဖြစ်နီရေအပြင် ပြည်တွင်းမှာ ဖြစ်နီပိုင်ပါ။ ဒေဖက်က တိုင်းရင်းသားလူမျိုးတိ ဒေသခံ ရခိုင်လူမျိုးတိအတွက် ကြောင့်ကြရပါရေ။ ယင်းပိုင်ဖြစ်နီခါ ဒေသခံတိရေ ကြောက်ရွံ့ထိတ်လန့်ပနာ တစ်ခုချေလေ့သော့ ရီမြီတောတောင်တိကို လားပနာ လုပ်ကိုင်စားသောက်ဖို့ ကျခါ အဆင်မပြေ မလားဝံ့ မလာဝံ့ဖြစ်နီဂတ်ရပါရေ။ ဒေသခံလူထုတိ စားဝတ်နီရေး မဖုံလုံခါ သားသ္မီးတိ ပညာရေးအတွက်ကို ဒေနှစ်အတွင်းမှာက လုံးဝ ပညာသင်ပီးနိုင်ရေ အခြီအနီမဟိပါ။ ဒေမှာ ဦးဇင်း အဂုပိုင် ပရဟိတပညာဒါနကျောင်းဖွင့်လှစ်ထားခါ ယင်းအနီးအနားက ကျောင်းသားကျောင်းသူတိက ဒေနယ်စပ်ဒေသရခိုင်အမျိုးသားအမျိုးသ္မီးပညာဒါန ပရဟိတကျောင်းကိုရာ မှီခိုပနာ ပညာသင်ကြားနီရရေ အနီအထားပါ။ ဦးဇင်းအနီနန့်လည်း ဒေလောက်များပြားရေ ကျောင်းသားကျောင်းသူတိကို ထိန်သိမ်းစောင့်ရှောက်ထားရရေအပိုင်း နောက်တစ်ခါ အေကျောင်းသားကျောင်းသူတိအတွက် စားဝတ်နီထိုင်ရေးကအစ အဂုဆိုကေ ဆောင်းရာသီဖြစ်တေအတွက်နန့် အနွီးထည်၊ ပုဆိုး၊ စာအုပ်စာတန်းအပြင် စာဖတ်ဖို့ မီးထွန်းဖို့ ဆီပါ စသည်အားဖြင့် လက်ကုန်ကေ စာသင်ပြနီရေ ဆရာဆရာမတိ လစာထောက်ပံ့ငွေတိကို ဦးဇင်း လစိုင် ရင်ဆိုင်နီရရေ အခက်အခဲတိပါ တကာ။
လေးဝတီ။          ။ဆရာတော် သတင်းသုံးနီထိုင်ရေ အနီးအနားပတ်ဝန်းကျင်ရွာတိက ဒေသခံတိ အသက်မွှီးဝန်းကျောင်းအလုပ်အကိုင်တိနန့် အဓိက မှီခိုလုပ်ကိုင်စားသောက်နီရရေ စီးပွားရေးလုပ်ငန်းတိက ဇာတိကို လုပ်ကိုင်ဂတ်ပါလေ။
ဆရာတော်ဦးစရန။  ။ဒေသခံလူထုတိက နယ်စပ်ဒေသမှာ နီထိုင်နီဂတ်ရရေအတွက်နန့် အဓိက တောင်ယာ တောတောင်ကို မှီခိုစားသောက်ဂတ်ပါရေ။ ချောင်းမှာ ငါးရှာစားဂတ်ပါရေ။ ဂဏန်းမျှားဂတ်တေ ယင်းပိုင်ရီမြီတောတောင်ကို မှီခိုပနာ စားသောက်နီထိုင်ရရေအချိန်ခါမှာ ဒေ ကုလားအရေးအခင်းဖြစ်လားစော်မှာ ယင်းဒေသရေ မောင်တောမြို့နန့် အလွန်တရာ ၀ီးလွန်ခေါင်ပါးရေခါ ကုလား ၁၀၀ မှာ ဦးဇင်းရို့ ရခိုင်က ၁ ရာခိုင်နှုန်းလောက်ရာ ဟိပါရေ။ ယင်းအတွက်တာနန့် ဦးဇင်းရို့ ဒေအနီးအနားဒေသမှာ လူများစုကုလားအုပ်စုတိကို မယဉ်နိုင်ပါ။ စီးပွားရေးက အစ လားလာနီထိုင်ရေးကအစ လုပ်ကိုင်စားသောက်ဖို့ဆိုစော် မလွယ်ကူနိုင်ပါ။ ရီကို မှီခိုလူတိကလည်း ရီကိုမလားနိုင် တောတောင်ကို မှီခိုလူတိကလည်း မလားနိုင် အဂုအချိန်ထိ ယင်းအခက်အခဲတိက ဟိနီတုန်းသိမ့်ပါ။ တချိုး တောတောင်က ဈီးနိ့တိမှာ ဟင်းသီးဟင်းရွက်တိ ခူးဆွတ်ရောင်းချနီရရေလူတိကလည်း ကုလားရန်ကို ကြောက်လို့ တောတောင်တိကို မလားဝံ့ဘဲ ယင်းပိုင်ဘဲ စားဝတ်နီရေးက နိ့စိုင်နန့်အမျှဆိုရေပိုင် ဒေမှာဟိရေ ဒေသခံ ဒေပြဿနာတိကို ရင်ဆိုင်နီဂတ်ရပါရေ။ ကုလားရာခိုင်နှုန်းက များရေခါ အစစအရာရာ သူရို့ကို မယဉ်နိုင်ရေခါ စားသောက်လုပ်ကိုင်ဖို့စော်ထား ယင်းသူ့ရို့ရန်ကို ကြောက်လို့ လုပ်နိုင်ကိုင်နိုင် အနီအထားက ဒေမှာ မဟိပါ။ ဒေနှစ် တမိုးလောက်တော့ကေ ထိုအဖွဲ့အစည်း ဒေအဖွဲ့အစည်းလာလှူထားရေ ကယ်ဆည်ရေးဆန်ကိုရာ မှီခိုစားသောက်နီဂတ်ရရေ ဘ၀ပါ အဂုအနီအထားပါလေ။
လေးဝတီ။          ။ယင်းဒေသမှာ နီထိုင်ရေ ဒေသခံတိုင်းရင်းသားတိ ဘ၀လုံခြုံမူနန့် အစိုးရအာဏာပိုင်တိက ကာကွယ်ပီးမူတိအခြီအနီတိက အဂု ဇာပိုင်ဟိပါလေ အရှင်ဘုရား။
ဆရာတော်ဦးစရန။  ။ဦးဇင်းရို့ဒေသမှာ အဂု လက်ဟိ လုံခြုံရေးအနီအထားကတော့ကေ အစိုးရက လုံခြုံရေး တိုးချထားပါရေ။ ယင်းပိုင်လုံခြုံရေးတိုးချထားကေ့လေ့ နီရာဒေသအနှံ့အပြားမှာ လုံခြုံရေး မရောက်နိုင်ရေနီရာတိမှာကျကေ အဂုအချိန်ထိ စိတ်ချရရေ အနီအထားမျိုး ဟိရေပိုင် စိတ်မချရရေ အနီအထားတိလည်း ဟိသိမ့်ပါရေ။ ဇာဖြစ်လို့လည်းဆိုကေ အမှတ် (၃) နယ်မြေ ကင်းစခန်း လုံခြုံရေးစခန်းတိနန့် ၀ီးလားရေနီရာ အပြတ်အတောက်နီရာတိမှာကျကေ စိုးရိမ်စရာတိ ဟိပါရေ။ နယ်မြေကင်းစခန်းတိ အနီးအနားက လူတိကျကေ လုံခြုံမူဟိရေအတွက် စိတ်အီးလက်အီး နီထိုင်ဂတ်ရပါရေ။ လုံခြုံရေး စစ်ကြောင်းတိက ရ ရက် တ ပတ် တခါစီ စစ်ကြောင်း လာလှည့်ပီးပါရေ။ အဂုအေမောင်တောမြောက်ပိုင်းကျကေ အယင်ခါပိုင် စိုးရိန်မူတိကတော့ခါ မဟိပါယာ။ လုံခြုံရေးပိုင်းကလည်း နည်းနည်းလောက်တော့ကေ အဂု စိတ်ချရပါရေ။
nanthadaung (5)လေးဝတီ။          ။ ဆရာတော်အနီနန့်ပါလေ လက်ဟိ ပညာဒါနပရဟိတအပြင် တခြားဇာတိ ဆက်လက်လုပ်ကိုင်လားဖို့ အစီအစိုင်တိ ဟိပါလေ အရှင်ဘုရား။
ဆရာတော်ဦးစရန။  ။ဦးဇင်းရေ ဒေနယ်စပ်ဒေသရခိုင်အမျိုးသားအမျိုးသ္မီးပညာဒါနကျောင်းကို အခက်အခဲနည်းမျိုးစုံ ကြုံတွိ့နီကေလည်း ဒေပရဟိအလုပ်ကို ဦးဇင်းဆက်လက်လုပ်ကိုင်လားပါဖို့။ ယင်းအပြင် ဒေနှစ် နွီရာသီကျောင်းပိတ်ကေလည်း ဆက်လက် တခြားပညာရပ်တိကို သင်လားပါဖို့။ ဒေပရဟိတဆိုစော်ကို အများအကျိုးအတွက် ဘာသာနန့် လူမျိုး ရူဒေါင့်က လုပ်ဆောင်လားပါဖို့။ နွီရာသီကျောင်းပိတ်ကေလည်း ကျောင်းသားတိကို အလတ်မထားပါ ကိုးတန်း ဖြေထားတိုင်းသားတိကို ၁၀ တန်းတက်ဖို့ ပြင်ဆင်လားပါဖို့ ၁၀ တန်းဖြေထားတိုင်သားတိကို တက္ကသိုလ်အဆင့်ထိ ပညာသင်ဖို့ စီစိုင်လားပါဖို့။ သင်ရို့သင်ခန်းစာတိကိုလည်း ဦးဇင်းကိုယ်တိုင် ပို့ချသင်ကြားလားပါဖို့ အစီအစိုင်တိ ဟိပါရေ။ နောက် တခြားဆရာဆရာမတိနန့် ပို့ချလားဖို့လည်း ဟိပါရေ။ နောက် IT ပညာရပ် ကွန်ပျူနည်းပညာတိက အစ သင်ကြားပို့ချလားဖို့ အစီအစိုင်တိပါ ဟိပါရေ။ အဂုလည်း ကိုယ့်တတ်နိုင်သလောက် တတ်ကျွမ်းသလောက်ကို သင်ပြပီးလားပါဖို့။ ဘာသာရေးအရဆိုကေ ဒေဗုဒ္ဓဘာသာယဉ်ကျေးမူသင်တန်းတိကို နွီရာသီကျောင်းပိတ်ရက်တိမှာ ကျောင်သားကျောင်းသူတိကို ပို့ချသင်ကြားလားပါဖို့ အစီအစိုင်တိ ဟိပါရေ။ နောက်နှစ်ခါလည်း ဒေပညာဒါနပရဟိတကျောင်းကို တိုးချဲ့ဖွင့်လှစ်လားဖို့ အစီအစိုင်တိ ဟိပါရေ။ ယင်းပိုင်အစီအစိုင်တိကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်တွင်းမှာပါ ပြည်ပကိုရောက်နီဂတ်တေ အလှူရှင်တိ မျိုးချစ် ပြည်ချစ်တိ လူမှုအဖွဲ့အစည်းတိက ယင်းပိုင်အထောက်အပံ့တိ လုံလုံလောက်လောက် ရရှိမှသာလျှင် အလှူငွေတိ ရရှိမှသာလျှင် လက်ဟိထက် ဒေကျောင်းကို တိုးချဲ့လုပ်ကိုင် သင်ကြားပို့ချဖို့အပိုင်းတိကို ရည်ရွယ်ချက်အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်ပါဖို့။
လေးဝတီ။          ။ပြည်တွင်းက အလှူရှင်တိပါ ပြည်ပရောက်ရှိနီဂတ်တေ နိုင်ငံတကာက အလှူရှင်တိအပြင် တခြားစေတနာရှင်တိကို ဆရာတော်အနီနန့် ဇာတိ မိန့်ကြားချင်ပါလေ အရှင်ဘုရား။
ဆရာတော်ဦးစရန။  ။ဦးဇင်း ဒေကျောင်းကို WAO အသင်းအဖွဲ့တိကိ စတင်မတည်လို့ အဂုပိုင်အဆင့်ထိရောက်လာစော်ပါ။ ယင်းအသင်းအပြင် တခြားအသင်းအဖွဲ့ အလှူရှင် တကာတကာမတိကို ဦးဇင်း ကျေးဇူးတင်ဟိပါကြောင်းနန့် အဂုအချိန်မှာ ကျောင်းသားကျောင်းသူတိပါ ပညာသင်ကြားနိုင်ရေအခြီအနီပါ စိတ်ချလက်ချ ပညာသင်ကြားနိုင်ဂတ်ပါယာ။ သင်ကြားရေးအပိုင်းမှာလည်း ထိရောက်မူတိ ဟိလာရေအတွက် တခြားအလှူရှင်တိလည်း လှူဒါန်းခစော်တိကို ဦးဇင်း ကျေးဇူးတင်ပါရေ။ ဒေဂုပိုင် အလှူရှင်တိ စေတနာသဒ္ဒါတရားကြောင့် ကျောင်းကတော့ကေ လက်ဟိအနီအထား အချိန်ထိ လည်ပတ်နီပါရေ။ နောက်နောင်တော့ခါ အလှူရှင်တိအားနည်းလားကေတော့ကေ အခက်အခဲတိ ရင်ဆိုင်ရဖို့ ဖြစ်နီပါရေ။ ယင်းကြောင့် နိင်ငံတကာ ရောက်ဟိနိကတ်တေ ကိုယ်ရို့ ရခိုင်လူမျိုးတိဘဲဖြစ်ဖြစ် တခြားအလူရှင်တိဘဲဖြစ်ဖြစ် ပြည်တွင်းမှာဟိရေ အလုရှင် ဒါယကာ/ဒါယိကာမတိဘဲဖြစ်ဖြစ် ပြည်တွင်းပြည်ပ အလှူရှင် ဒါယကာ/ဒါယိကာတိကို လိုအပ်တေအခက်ခဲတိကို တခေါက်လောက် ကူညီလှူဒါန်းပီးပါလို့ဦးဇင်းအနိန်နန့်မေတ္တာရပ်ခံအပ်ပါရေ။
မောင်တောမြို့နယ် နံ့သာတောင်ကျေးရွာရှိ နယ်စပ်ဒေသရခိုင်အမျိုးသား၊အမျိုးသ္မီးပညာဒါနပရဟိတစာသင်တိုက် ဘုန်းတော်ကြီးကျောင်းအတွက် နိုင်ငံတကာရောက် တသီးပုဂလ အလှူရှင်တိနန့် ရခိုင်လူမူအဖွဲ့အစည်းအသီးသီးမှ ကူညီလှူဒါန်းလိုသူများ ဟိပါက ပြည်တွင်းမှ ရခိုင်လူမူအဖွဲ့အစည်းတိက တဆင့် ဖြစ်ဖြစ် တိုက်ရိုက်ဆက်သွယ်ချင်ပါက ဖုန်းနံပါတ် +8801960295863 / +8801554565816 / +8801845199839 ကိုလည်း ဆက်သွယ်လှုဒါန်းနိုင်ကြောင်း လေးဝတီက နိုးဆော်အသီးပီး ပြန်ကြားလိုက်ရပါသည်။
nanthadaung (8)







nanthadaung (6)




လေးဝတီ

1 comment:

  1. i don't know what to said....thank you so much.......welcome very said situation.....we need independent........to grow our national.

    ReplyDelete

facebook မှကြည့် ချင်ရင် like လုပ်ပါ