ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 January 2013

ထူးခြားသည့်မင်္ဂလာပွဲ ကျင်းပလိုသည့်မလေးရှားမင်းသမီး မီချဲလ်ယို


အိုင်ပို့ခ်ျ ဇန်နဝါရီ ၂၁
မလေးရှား မင်းသမီးချော ဒါတောက်ခ် ဆီရီမီချဲလ်ယိုသည် သူမ၏ ဇာတိမြို့ လေးတွင် မင်္ဂလာပွဲကို ဆင်နွှဲလို ကြောင်း သတင်းများ ထွက်ပေါ် လာပြီးနော က် မီချဲလ်၏ သတင်းများအား အွန်လိုင်းတွင် ပရိသတ်များက အထူး စိတ်ဝင်စားလျက် ရှိကြောင်းသိရသည်။ မီချဲလ်က မိမိ၏ မင်္ဂလာပွဲ အတွက် ထူးခြားအောင် မည်ကဲ့သို့ ပြင်ဆင်ရမည်ကို စဉ်းစားလျက် ရှိကြောင်း၊ မိမိ၏ မင်္ဂလာပွဲအား ပြည်ပသို့ သွား လာရန် ခက်ခဲသည့် သူမ၏ ဖခင်ကြီး နေထိုင်လျက် ရှိသော အိုင် ပို့ခ်ျတွင် ကျင်းပလိုကြောင်း ပြောကြား ခဲ့သည်။
မီချဲလ်သည် အဆိုပါ သတင်းနှင့် ပတ်သက်၍  Pad Yatra:AGreen Odys-sey ဇာတ်ကား ပွဲဦးထွက် ပြသခြင်း အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်ေ ကြာင်း သိရသည်။ ၎င်းဇာတ်ကားကို မီချဲလ်ကိုယ်တိုင် ထုတ်လုပ်သူ အဖြစ် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ၎င်းဇာတ်ကားသည် မှတ်တမ်းရုပ်ရှင် ဇာတ် ကားကောင်း တစ်ခုဖြစ်ပြီး ကမ္ဘာကြီး ပူနွေးမှုနှင့်  ဆက်စပ်လျက် ရှိသော ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်စီးခဲ့သော ရေခဲတောင် ဒေသကို ကယ်တင်နိုင် ရန် ဟိမဝန္တာ တောင်ကို ခြေကျင်ခရီး နှင်ခဲ့သော စွန့်စားသူ ၇ဝဝ ဦးပါဝင်သည့် အဖွဲ့ တစ်ဖွဲ့၏  စွန့်စားခန်းကို ရိုက်ကူး တင်ပြထားခြင်း ဖြစ်သည်။ မီချဲလ် သည် ၂ဝဝ၅ ခုနှစ် ကတည်းက နိုင်ငံတကာ ကား ထုတ်လုပ်ရေး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ အသက် ၆၇ နှစ် အရွယ်ရှိ Jean Todt နှင့် စေ့စပ်ထားကြောင်း သိရသည်။ မီချဲလ်ယိုသည် လက်ရှိတွင် မလေးရှား နိုင်ငံ၌ နေထိုင်သူ မဟုတ်ဟု သိရသည်။


မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ