ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 January 2013

ဂမ်ရှောင်(သို့မဟုတ်) ဒုတိယအိုစမာဘင်လာဒင်






      ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၁၁)ရက်နေ့မှာ ရွှေဟင်္သာသတင်းဌာနကနေ ဂမ်ရှောင်ရဲ့ သက်သေခံချက် Interview ကို ကြည့်လိုက်ရပါတယ်။ ဘယ်လက်တစ်ချောင်းသာ ကတုန်ကယင်နဲ့ လှုပ်နိုင်ပြီး အားမရှိသလို ယူနီဖောင်း ဘောင်းဘီကိုတောင် ကောင်းကောင်းမ၀တ်နိုင်တော့တာ ဘုရားသခင်အလိုအတိုင်း ပြစ်ဒဏ် ခတ်ခံနေရပြီလို့ ယူဆမိပါတယ်။ သူရဲ့ပြောဆိုချက်တွေကတော့ “ဒီ ဇွန်လ(၉)ရက်နေ့က ပြန်စခဲ့တဲ့ စစ်ပွဲဟာ ဘုရားသခင်ရဲ့ ကောင်းချီးအပြည့် ပါတဲ့ စစ်ပွဲလို့ ခံယူတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ဘဲ ကျွန်တော်တို့ဟာ မမျှော်လင့်တဲ့ ကျေးဇူးတွေ အများကြီးခံစားရတယ်။”
 
KIA တပ်ဖွဲ့ဝင်တွေ သေကြေထိခိုက်ဒဏ်ရာရ၊ ပြည်သူတွေ အိုးအိမ်စွန့်ခွာလို့ ဒုက္ခသည်စခန်းတွေမှာ မ၀ရေစာ စားပြီး ကူးစက်ရောဂါဖြစ်တာတွေ၊ မြို့/ရွာအနှံ့မှာ မိုင်းတွေနင်းမိလို့ ခြေပြတ်၊ လက်ပြတ်ဖြစ်တာတွေ၊ အသက် သွေးချွေးတွေနဲ့ ရင်းပြီးမှ ရတဲ့ လုပ်အားခတွေအားလုံးနီးပါး  KIA ကို ဆက်ကြေးပေးနေရတာတွေကို မမျှော်လင့်တဲ့ ကျေးဇူးတွေလို့ ဆိုလိုတာလားခင်ဗျာ…. “ဒါတွေအားလုံးက ဘုရားကလုပ်တဲ့အလုပ်တွေဘဲ သက်သေခံချင်တယ်။ ကျွန်တော်တို့ လုပ်နိုင်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဘာမှ မဖြစ်ဘူး။ ဘုရားကလုပ်ပေးလို့ ဒီစစ်ကို ဘုရားက ဦးဆောင်ပေးလို့ ဘုရားက ကောင်းချီးပေးထားလို့ဘဲ ကျွန်တော်တို့ ကချင်တွေဟာ ဒီအလုပ်ကို လုပ်နိုင်တယ်” လို့ ဂမ်ရှောင်က ပြောပါတယ်။

တစ်ကမ္ဘာလုံးက ကိုးကွယ်ဆည်းကပ်နေတဲ့ ဘုရားရှင်တွေဟာ လူသားအားလုံးကို မေတ္တာထားပြီး ဘေးအန္တရာယ် အပေါင်းကနေ ကယ်ဆယ်တာတွေ၊ လူသားအားလုံးကို မေတ္တာထားပြီး ဘေးအန္တရာယ် အပေါင်းကနေ ကယ်ဆယ်တာတွေ၊ လူအားလုံးကို မေတ္တာထားတာတွေ၊ သူတစ်ပါးအသက်ကို မသတ်ဖို့ မေတ္တာထားကြဖို့ဆိုတာတွေဘဲ ရှိပါတယ်။ စစ်ပွဲတွေ ဖန်တီးဖို့၊ အဖျက်အမှောက်တွေ လုပ်ကြဖို့ ဘယ်တရား တော်၊ ဘယ်ကျမ်းစာမှာမှ မပါပါဘူး။ ဘာသာရေးအစွန်းရောက်နေတဲ့ ဂမ်ရှောင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထားကိုဘဲ ပေါ်လွင်အောင် ပြသနေသလိုပါဘဲ။

နောက်ပြောတာရှိသေးတယ်။

“(၁၇)နှစ်ကာလအတွင်းမှာ အဖွဲ့အစည်းသုံးဖို့ဆိုတဲ့ ဒီငွေရေးကြေးရေးအခက်အခဲရှိတယ်။ ဒါပမေယ့် စစ်ထ ဖြစ်လိုက်တဲ့အချိန်မှာ ဘုရားရှင်ကစီစဉ်ပေးတယ်။ ဘယ်လိုလုပ်ပါဆိုတဲ့ အသေးစိတ်တော့ ကျွန်တော် မပြော တော့ဘူး။ ဒါပေမယ့် သူ့ဟာနဲ့သူ ဘုရားစီစဉ်ပေးတဲ့အချိန်မှာ ဟို(၁၇)နှစ် ငြိမ်းချမ်းနေတဲ့ အချိန်ကအခြေအနေ ထက် ငွေရေးကြေးရေးကပိုပြီး ပြည့်စုံလာတယ်။ ဒါက တစ်အားထူးဆန်းတယ်။ စစ်မြေပြင်မှာ သုံးဖို့၊ လက်နက် ၀ယ်ဖို့ဟာတွေ၊ စစ်ပြေးဒုက္ခသည်စားဖို့၊ သောက်ဖို့၊ နေဖို့၊ ထိုင်ဖို့ဟာတွေ ဘုရားက ချက်ချင်းစီစဉ်ပေးတယ်။ (၁၇)နှစ်ကာလအခြေအနေ ဒီလိုကျွန်တော်တို့ မခံစားရဘူး။ စစ်ရေးမှာဘဲ ငွေကြေးအင်အားဟာ သုံးဖို့ လိုအပ်တာတွေ အားလုံး ဘုရားက ပေးတယ်။ ဒါက အတိုချုံးပြောတ အဲဒီလို ထူးထူးဆန်းဆန်း စီစဉ်ပေးတာ အံ့သြတယ်”။

ဒီပြောဆိုချက် အဓိပ္ပာယ်ကို ဖွင့်ကြည့်ရင် စစ်ဖြစ်တဲ့ အချိန်မှာ ဘုရားရှင်က ပိုက်ဆံတွေ  အထုပ်လိုက် အထည် လိုက် မိုးပေါ်ကနေလာချပေးသွားတာလား? .. ဘုရားရှင်းက “ ဟေ့ကောင် ဂမ်ရှောင် ဖားကန့်မှာ ရွှေတွင်း၊ ကျောက်စိမ်းတွင်းတွေ ကုမ္ပဏီတွေကိုသွား ဆက်ကြေးတောင်း  မပေးရင် ကုမ္ပဏီကို မီးရှို့လိုက်၊ လမ်းဘေးက အကြော်ဆိုင်၊ ကွမ်းယာဆိုင်ကအစ ပိုက်ဆံတောင်း၊ တရုတ်ကုန်သည်တွေကို မြန်မာပြည်ထဲဝင်ခိုင်း၊ သစ်တွေ ကြိုက်သလောက်ခုတ်၊ ပြီးရင်ပိုက်ဆံရှင်းခိုင်း” လို့ တိုးတိုးလေးကပ်ပြီး ခိုင်းသွားတာလား? .. ဒါကို ရှင်းပြရဲပါ သလား။ မရှင်းပြရဲရင် KIA တစ်ဖွဲ့လုံးအတွက် သိန်းပေါင်းသိန်းချီပြီး ဆက်ကြေးကောက် ပို့ခိုင်းနေတာ KIA ဗဟိုက ခိုင်းလို့ တပ်ရင်း(၆)ဇော်ဒွဲက ကောက်ပြီးပို့ပေးနေတာ နိုင်ငံတကာကတောင်သိပါတယ်။ ကိုယ့်ဖာသာ ကိုယ်ဆက်ကြေးကောက်လို့ရတာကို ဘုရားသခင်က ဖန်တီးပေးတာလို့ ပြောရတာလဲ? ..မေးချင်ပါတယ်။

နောက်ပြောတာရှိသေးတယ်..

“ ကျွန်တော်တို့ ကချင်တွေဟာ နှစ်ပေါင်း(၅၀)ကျော် စစ်တိုက်နေတာဟာ လက်နက်ကိုင်ချင်လို့ ဒီစစ်သွေး ဆာနေတဲ့သူကို ဗမာက မီဒီယာထဲမှထည့်တဲ့ အကြမ်းဖက်သမားမဟုတ်ဘူး။ စစ်သွေးကြွတွေ မဟုတ်ဘူး။ သေနတ်ကိုင်ချင်လို့၊ စစ်တိုက်ချင်လို့၊ လူရိုင်းလူမျိုးတွေကို အရိုင်းအစိုင်းတွေပုံစံမျိုးနဲ့ လုပ်နေတာ မဟုတ်ဘူး” ဆိုတော့ KIA က စစ်တပ်ကို ကြိုက်သလောက်တိုက်၊ ကြိုက်သလောက်သတ် ဘာမှ မပြောလိုပါ။ စစ်တပ်နဲ့ မပတ်သက်တဲ့ ဆဒုံးက အုပ်ချုပ်ရေးမှူးနဲ့ ၀န်ထမ်းတွေ၊ ဖားကန့်က အရပ်သားတွေကို ရက်ရက်စက်စက် ပစ်သတ်တာတွေ၊ ပြည်သူအများအပြား စီးနင်းတဲ့ မန္တလေး-မြစ်ကြီးနား ရထားကို မိုင်းခွဲလို့ တိမ်းမှောက်ရင် လူအများကြီး သေမယ်ဆိုတာ သိလျက်နဲ့ မိုင်းခွဲလို့ ရထားတွဲတွေ ပိုးလိုးပက်လက်လန်ပြီး ပျက်စီးတာတွေ၊ အင်အားလိုလို့ လူငယ်၊ လူရွယ်တွေကို လက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီး ခေါ်ဆောင်သင်တန်းပေး၊ သေနတ်ကိုင် ခိုင်းတာတွေဟာ အကြမ်းဖက် လုပ်ရပ်တွေ မဟုတ်လို့ လူယဉ်ကျေးအလုပ်တွေလားလို့ မေးချင်ပါတယ်။ ဘုရားသခင်ရဲ့ စီမံမှုကြောင့်လို့ဘဲပြောအုံးမှာလား။

ဂမ်ရှောင်ရဲ့ ပြောဆိုမှု လက်တွေ့လုပ်ဆောင်နေမှုတွေဟာ အသေဆိုးနဲ့ သေသွားတဲ့ အိုစမာဘင်လာဒင်ရဲ့  လုပ်ရပ်တွေနဲ့ တစ်တပ်ထဲ ဖြစ်နေပါတယ်။ အခုလက်ရှိလည်း ခင်ဗျားကိုယ်တိုင် ခြေမလှုပ်နိုင်၊ လက်မလှုပ်နိုင်နဲ့ ဘုရားသခင်ရဲ့ ဒဏ်ခတ်မှုကို ခံနေရပါပြီ၊ ဆက်ပြီး ဘာသာရေးအစွန်းရောက် တစ်ယူသန် လုပ်နေအုံးမယ် ဆိုရင် ဘင်လာဒင်လမ်းကြောင်းအတိုင်း သွားရမှာကိုတော့ မမေ့ပါနဲ့။ KIA တိုင်း ကချင် မဟုတ်ပါဘူး။ ကချင် တိုင်းလည်း KIA မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။

မောင်သစ္စာ(ဖားကန့်မြေ)

 
  ကချင်နေစဉ်သတင်း 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ