ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 January 2013

ကချင်နှင့်ငြိမ်းချမ်းရေးတွင် အစိုးရမခိုင်းလို့ ဝင်မပါဟု အကြောင်းပြခဲ့သည့် ဒေါ်စု အစိုးရမခိုင်းပဲ ကရင် ဆက်ဆံရေးရုံးသို့သွားရောက်

ကချင်နှင့်ငြိမ်းချမ်းရေးတွင် အစိုးရမခိုင်းလို့ ဝင်မပါဟု အကြောင်းပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရမခိုင်းပဲ ကရင် ဆက်ဆံရေးရုံးသို့သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အကြောင်းအမျိုးမျိုးပြကာ ကချင်ပြည်နယ်သို့မသွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ကရင်ပြည်နယ် ကျောက်ကြီး မြို့ရှိ KNU ဆက်ဆံရေး ရုံးမှ တာဝန်ရှိသူများနှင့် အစိုးရစေခိုင်းခြင်းလုံးဝမရှိပဲ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

       လက်တလောအားဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် KIA တို့မှာ ရထားလမ်းများ သာမက ကားလမ်းများပါ မိုင်းထောင်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်တယ်တွင်း မိုင်းရှင်းရန် အတွက် အုပ်ချုပ်ရေး အာဏာပိုင်များ နှင့်လည်း တွေ့ဆုံ ပြီးဖြစ်ကြောင်းနှင့် အဆိုပါ ကိစ္စတွင် ပူးပေါင်းပါဝင်ရန်တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။

        သမ္မတကြီးဦးသိန်းစိန် နှင့် ငြိမ်းချမ်းရေးခေါင်းဆောင် ဦးအောင်မင်းတို့၏ ထူးချွန်မှုကြောင့် KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီ မှုရယူထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဖော်ဆောင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

        "KNU ဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေထက် စောပြီး ဒီစားပွဲတွေကို ရောက်နေတယ်" ဟု နိုင်ငံတော်သမ္မတ၏ အကြံပေးတစ်ဦးဖြစ်သော ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက KNU နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဖော် ဆောင်မှုအား သုံးသပ်ပြောဆိုထားသည်။

     ငြိမ်းချမ်းရေးနိုဘယ်ဆုအား မည်သို့မည်ပုံ ရရှိထားမှန်းမသိသော ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် လုပ်ဆောင်နိုင်သည့် အရည်အချင်းမရှိသော ပြည်တွင်းငြိမ်းချမ်းရေးအား အကြောင်းအမျိုးမျိုးပြ ကာ ရှောင်လွှဲလျှက်ရှိနေပြီး ၎င်းလုပ်ချင်တာတွေကို အစိုးရ မခိုင်းသည်ဖြစ်စေ လုပ်နေခြင်းကြောင့် လူထု က စိတ်ပျက်လျှက်ရှိပြီး ငြိမ်းချမ်းရေးနိုဘယ်ဆု အပေါ်တွင်လည်း အထင်ကြီးမှု လျှော့နည်းလာကြောင်း သတင်းရရှိသည်။

ကချင်သတင်းဌာန
 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ