ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 January 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ် Mr. Masaharu NAKAGAWA မှ လာရောက် တွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ်နှင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဟောင်း Mr. Masaharu NAKAGAWA  လာရောက် တွေ့ဆုံစဉ်။  
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ်နှင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဟောင်း Mr. Masaharu NAKAGAWA လာရောက် တွေ့ဆုံစဉ်။
နေပြည်တော် ဇန်နဝါရီ ၂၂
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ်နှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဟောင်း Mr. Masaharu NAKAGAWA မှ ဇန်နဝါရီ ၂၂ ရက်၊ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဇေယျာ သီရိ ဗိမာန်၌ လာရောက် တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ်နှင့် သဘာဝ ဘေးအန္တရာယ်  စီမံ ခန့်ခွဲရေး ဝန်ကြီးဟောင်း Mr. Masaharu NAKAGAWA နှင့်အတူ အထက်လွှတ်တော် အမတ် Mr. Michihiro ISHIBASHI တို့  တက်ရောက် ကြ သည်။
တွေ့ဆုံပွဲတွင် ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ် များနှင့် ဒုက္ခသည်များ ဆိုင်ရာ ကိစ္စရပ် များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြပြီး တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ