ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 January 2013

အငူမော် ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ တန်းဖိုးရှိသဲမှ အကျိုးရလဒ် ဒေသခံများမျှော်လင့်





Aneu More 01ရခိုင်ပြည် ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာအနီး မိုင်(၂၀)ခန့်ဝေးကွာသော အငူမော်ပင်လယ်ကမ်းခြေတစ်လျှောက်မှ ထွက်ရှိသော တိုက်တေနီယမ်သတ္တုပါဝင်သည့် တန်းဖိုးရှိသဲမှ ရရှိလာမည့်အကျိုးရလဒ်တစ်စုံတစ်ရာအား ခံစားရရှိရန် ဒေသခံများမျှော်လင့်နေကြောင်း သိရသည်။

တိုက်တေနီယမ်သတ္တုပါဝင်သည့်သဲမှ ရရှိလာမည့် အကျိုးရလာဒ်နှင်ပတ်သက်၍ " Gold Finder ကုမ္ပဏီက ပြောတာကတော့ အဲဒီ သဲထဲမှာ အင်မတန် တန်ဖိုးရှိတဲ့ တိုက်တေနီယမ်သတ္တုတွေ၊ ပြဒါးတွေပါတယ်လို့ ပြောပါတယ်။ ဆိုတော့ ဒီလောက်တန်ဖိုးကြီးတဲ့ သတ္တုတွေက ရလာမဲ့အကျိုးရလဒ်ကို ကျနော်တို့ဒေသခံတွေအနေနဲ့လည်း ခံစားခွင့်ရှိသင့်တယ်။ ပြောရရင်တော့ ၅၀ ရာခိုင်နှုန်း လိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်ကထွက်တဲ့ သဘာဝသယံဇာတတွေက အများကြီးဘဲ။ အခုအချိန်ထိ ဒေသခံပြည်သူတွေအနေနဲ့ ဘာတစ်ခုမှ ခံစားခွင့်မရသေးဘူး။ ရခိုင်ပြည်က ထွက်သမျှ သယံဇာတတွေရဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော်အစိုးရနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ့တဲ့ကုမ္ပဏီတွေကပဲ ခံစားနေတယ်။ အခုတော့ တိုင်းပြည်လည်း ပြောင်းလည်းလာပြီဆိုတော့ အစိုးရကလည်း ဒေသခံတွေအတွက် လုပ်ပေးလိမ့်လို့မျှော်လင့်ပါတယ်။ " ဟု အငူမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းကျော်က အာရ်ကန်တိုင်းမ်စ်အား ပြောသည်။
ထို့အပြင် စစ်တွေမြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသိန်းရွှေက နစကနှင့်ပေါင်းပြီ အငူမော်ပင်လယ်ကမ်းခြေမှသဲများကို တူးဖော်နေကြောင်းနှင့် အဆိုပါတူးဖော်ပြီးသည့် သဲအိတ်များကို စစ်တွေမြို့ရှိ ရေချမ်းပြင်သို့ ပို့ဆောင်ထားကြောင်းလည်း သိရရသည်။
" ဦးသိန်းရွှေက ကျနော်တို့ရွာနားမှာရှိတဲ့ သဲကိုလုခြုံရေးယူနေကြတဲ့ နယ်မြေ (၈) အမှတ်(၂၅)၊ န.စ.ကတွေနဲ့ပေါင်းပြီးတော့ သဲတွေကိုယူကြတယ်။ ပြီတော့ စစ်တွေကိုပို့ထားကြတယ်။ ကျနော်တို့သိရသလောက် အစိုးရမှ ခွင့်ပြုလို့ယူတာမဟုတ်ဘူးဆိုတာကို သိရတယ်။ သူယူတာက ၂၀၁၂ ဒီဇင်ဘာလ ၁၀ ရက်နေ့က စယူတယ်။ အဲဒါကို အစိုးရကသိတော့ ဟန့်တာပေါ့။ ဆိုတော့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ တန့်သွားတယ်။ အဓိကပြောချင်တာက ဒေသခံတွေအတွက် အကျိုးမဲ့စေတဲ့အလုပ်ကို မလုပ်စေချင်ဘူး။ အဲဒီတော့ နိုင်ငံတော်အစိုးရလည်း ဒီတိုက်တေနီယမ်ပါတဲ့သဲကို ဘယ်သူ့ကိုပဲရောင်းရောင်း ဒေသခံတွေရဲ့အကျိုးကိုရှေးရှုပြီး ဦးစားပေးဆောင်ရွက် စေချင်ပါတယ်။ " ဟု ဆိုသည်။
ထို့ပြင် Gold Finder ကုမ္ပဏီမှ ရသေ့တောင်နယ်နဲ့ မောင်တောနယ် တစ်ဝိုက်တွင် တိုက်တေနီယမ်သတ္တုပါဝင်သည့် ၄င်းသဲကိုတူးဖေါ်ရန် ရခိုင်ပြည်အစိုးရထံ လျှောက်လွှာတင်ထားကြောင်း သိရသည်။
၎င်းတန်ဖိုးရှိ တိုက်တေနီယမ်ပါဝင်သည့် သဲတည်ရှိသော ဧရိယာမှာ ဧက ၅၀၀၀ မှ ၆၀၀၀ ထိရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။


Arakan Time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ