ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 January 2013

ယဉ်ကျေးလိမ္မာ ဆရာဖြစ် သင်တန်း ဖွင့်လှစ်


ရန်ကုန် ဇန်နဝါရီ ၂၁
မြန်မာ နိုင်ငံလုံး ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာ နုဂ္ဂဟ အသင်းမှ ကြီးမှူး ဖွင့်လှစ်သည့် ယဉ်ကျေး လိမ္မာ ဆရာဖြစ် သင်တန်း အမှတ်စဉ် (၃/၂ဝ၁၃) ဖွင့်ပွဲ အခမ်း အနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် ဇမ္ဗူသီရိ ဗိမာန်တော်၌ ကျင်းပရာ ရှေးဦးစွာ အသင်း ဥက္ကဋ္ဌ အဂ္ဂမဟာ သီရိ သုဓမ္မ မဏိဇောတ ဓရ ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေက အဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် အသင်း နာယက သာသနာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးဝင်းက အမှာ စကား ပြောကြားပြီး အသင်း ဒုတိယ ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်း ဒေသကြီး သာသနာ နုဂ္ဂဟ အသင်း ဥက္ကဋ္ဌ၊ သင်တန်းနည်းပြ မဟာ သဒ္ဓမ္မ ဇောတိက ဓဇ သီရိ သုဓမ္မ မဏိဇောတ ဓရ ဦးကျော်ခင် မြင့်က သင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းသင်တန်းကို စိတ်ထား ဖြူစင်၍ ယဉ်ကျေး လိမ္မာသော လူ့ဘောင် ဖြစ်ပေါ်လာရေး၊ မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဘာသာ သာသနာ အရှည် တည်တံ့ ခိုင်မြဲရေး အတွက် ထိန်းသိမ်း စောင့်ရှောက်ရေး စသည့် ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ပြီး ယင်းသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၇ဝ ဦး တက်ရောက်ကြကာ သင်တန်း ကာလမှာ တစ်လ ကြာမြင့်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ