ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 February 2013

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်မည်

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ကုမ္ပဏီ တွေ့ဆုံ
မွန်ပြည်နယ် အစိုးရ အဖွဲ့ ရုံးခန်းမ၌ ဇန်နဝါရီ ၂၉ရက် မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ထိုင်းနိုင်ငံ AmmitaCo မှ Mr.Aukklik ဦးဆောင်သော ထိုင်း လုပ်ငန်းရှင် များနှင့် မော်လမြိုင်-ရန်ကုန် ကျည်ဆန်ရထား

မော်တော်ယာဉ် လိုင်းများ စတင် အသက်ဝင် ဒေသခံများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာ လျက်ရှိ


မြစ်ကြီးနား ဖေဖော်ဝါရီ  ၁
ကချင်ပြည်နယ် အတွင်း ဒေသတွင်း တည်ငြိမ် အေးချမ်းစ ပြုလာပြီ ဖြစ်သဖြင့် မြစ်ကြီးနားမြို့ ခရီးသည်နှင့် ကုန်စည် သယ်ယူ ပို့ဆောင်ရေး ကားဝင်းမှ မော်တော်ယာဉ် လိုင်းများမှာ ဇန်နဝါရီ ၃ဝ ရက်မှ စတင်ကာ အသက်ဝင် လှုပ်ရှားလာပြီး ဒေသခံ ခရီးသွား ပြည်သူများ လည်း စိတ်ချမ်းမြေ့စွာ ခရီးသွားလာလျက် ရှိသည်။

ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ

ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။  တရားရုံးက ပြစ်မှုထင်ရှားမတွေ့ရှိဖူးဆိုပြီး သူတို့ကို အခုလိုအပြီးသတ် လွှတ်လိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ဦးအေးမောင် က RFA ကို ပြောပါတယ်။  “ကျတော်တို့ ၁ဝ ဦးက ဒီနေ့ပဲ ဒုတိယခရိုင်တရားရုံးကနေပြီးတော့ ၅ နာရီလောက်မှာ အခုလွတ်လာပါပြီခင်ဗျ၊ ဒီအမှုမှာ ကျနော်တို့က အမှုမမြောက်ဘူး၊ အမှုမှာ မထင်ရှားဘူးပေါ့၊ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူးဆိုပြီးတော့ တရားရုံးက အဲသည်လို ဆုံးဖြတ်ပါတယ်ခင်ဗျ”  မနေ့က လွတ်မြောက်လာတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို အဲဒီကျေးရွာတစ်ဝိုက်မှာ လုံခြုံရေးယူနေတဲ့ ခမရ-၃၇၅ တပ်ရင်းက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပါတယ်။  သူတို့ကို စစ်တွေအကျဉ်းထောင်မှာ ထားရှိခဲ့ပြီးနောက် စစ်တွေ ဒုတိယခရိုင်တရားရုံးမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှု၊ ပုဒ်မ ၄၃၆ အိုးအိမ်ဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှု အားပေးကူညီမှုစတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ဒါပေမယ့် တရားလိုပြသက်သေ ၁၅ ဦးကို စစ်ဆေးအပြီးမှာ တရားရုံးက အခုလို သူတို့ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။  ကျောက်တော်မြို့နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ လက်ရှိအမှုရင်ဆိုင်နေရသူ ၁၅ ဦး ကျန်ရှိနေသေးတယ်လို့လည်း မနေ့က လွတ်မြောက်လာသူ ဦးအေးမောင် က ပြောပါတယ်။  Credit to : RFA Burmese Post By : အေးချမ်းမွန် https://www.facebook.com/excellencemediaရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။

တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး


တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး Saturday, 02 February 2013  မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။  ဟီနန်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ အရှည်ဆုံးလမ်းဖြစ်သော G 30 အမြန်လမ်းမပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် လမ်းပိုင်းအများ အပြားပျက်စီးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် လူလေးဦး သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် တရုတ် အသံလွှင့်ဌာနကမူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ကနဦးတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံဖော်ပြမှု မရှိတော့ပေ။  ပြိုကျခဲ့သော ယီချန်တံတားအနီးမှ ဒေသခံများ၏ ပြောကြားချက်အရ တံတားပြိုကျရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ကျယ်လောင်သော ပေါက်ကွဲသံကြားခဲ့ရပြီး ကုန်တင်ကားမှာ တံတားမပြိုကျမီ သို့မဟုတ် ပြိုကျပြီးမှ ပေါက်ကွဲသည်ကိုလည်း မသိရသေးကြောင်း နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ဖော်ပြခဲ့သည်။  အမြန်လမ်း ပြိုကျမှုကြောင့် လမ်းမပေါ်မှ မော်တော်ယာဉ်များစွာ ပြုတ်ကျ ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ အရှိန်ဖြင့် ပေါက်ကွဲမှုကြောင့် ကားများစွာသည် လမ်းမပေါ်မှ လွင့်စင်ခဲ့သည်ဟု မျက်မြင်သက်သေများ က ပြောကြားခဲ့သည်။ တံတားအောက်တွင် မိုးပေါ်ဘီးထောင်နေသော ထရပ်ကားများသုံးစီး အပါအ၀င် လိမ္မော်ရောင် ယူနီဖောင်း ၀တ်ထားသော ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်ရေး လုပ်နေပုံများကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။  မော်တော်ယာဉ် ခြောက်စီးကို အပျက်အစီးများကြားမှ ပြန်လည်ဆယ်ယူခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။  တံတားပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းတံတားဘေးတွင် တံတားသစ်တစ်ခု စတင်ဆောက်လုပ်နေကြောင်း သိရသည်။ ယခုပြိုကျခဲ့သော တံတားမှာ အရှည် ၄၄၀၀ ကီလိုမီတာ (မိုင် ၂၇၀၀) ရှည်လျားပြီး တရုတ်အနောက်ဖက် ကာဇက်စတန်နယ်စပ်မှ အရှေ့ဖက် ပင်လယ်ဝါအထိ ရောက်ရှိနိုင်ကာ မြေပြင်ပေါ်မှ အမြင့် မီတာ ၃၀ ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။  တရုတ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကျရောက်ဆင်နွှဲမည့် နှစ်သစ်ကူး ပွဲတော်အတွက် လူသန်းပေါင်းများစွာသည် နေရပ်များသို့ ပြန်လာနေရာ နိုင်ငံတွင်းရှိ လမ်းအများစုမှာ ပြည့်ကျပ်နေပြီး ကမ္ဘာ့အများဆုံး နှစ်စဉ်ရွှေ့ပြောင်းသွားလာမှု ဖြစ်သည်။ ယင်းအချိန်ကာလမှာ ပွဲတော်အတွက် မီးရှူးမီးပန်းများကို ၀ယ်ယူမှုများပြားနေရာ ယင်းလုပ်ငန်းရှင်များအတွက် စီးပွားရေး အကောင်းဆုံးရာသီ ဖြစ်သည်။  တရုတ်တွင် မကြာသေးမီ နှစ်များအတွင်း တံတားပြိုကျမှု ဖြစ်စဉ် အချို့ ဖြစ်ပွားခဲ့ပြီး လမ်းပေါ် မတော်တဆမှုများကြောင့် နှစ်စဉ် လူ ၇၀၀၀ ၀န်းကျင် သေဆုံးခဲ့ပြီး လူ ၃၀၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ====================================== Ref: BBC;AFP Credit to Eleven Media Group

မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု
ဖြစ်ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း
သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲ တစ်ရပ် ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း


အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ့ ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခုဖြစ်စေပါတော့မယ်။ ကမ္ဘာ့ တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့
တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို နိုင်ငံ
အရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေစိုက် ဖေါ်ဆောင် လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကိုအခြေချပါတော့မယ်။

ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ထက်ဝက်လျော့ချထားသည်မှာ ရေတိုစီမံချက်သာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ထက်ဝက်လျော့ချထားသည်မှာ ရေတိုစီမံချက်သာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား  Saturday, 02 February 2013 16:04  ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားကျောင်းသူ ဦးရေကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ခဲ့ပြီး ယင်းကဲ့သို့ လျော့ချမှုသည် ရေတိုစီမံချက်သာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။  ယင်းပြောကြားချက်ကို ဖေဖော်ဝါရီလ၂ ရက်နေ့က ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ နှစ် (၅၀) ပြည့် ရွှေရတုသဘင် ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။  ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆေးပညာသင်ကြားရေးမှာ အရည်အသွေး တိုးတက်လာစေဖို့အတွက် ဆေးတက္ကသိုလ် လေးခုကို ကျောင်းသားဦးရေ ၂၄၀၀ လက်ခံရာကနေ ၁၂၀၀ အထိ လျော့ချခဲ့ကြောင်း၊ ဒါသည် ရေတိုစီမံချက်သာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တိုးတက်လာတဲ့လူဦးရေ အရ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်သည့်အတွက် ပြန်လည်ဝင်လာမယ့်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် ဆရာဝန်ဦးရေမှာ တစ်နှစ်ကို ၂၄၀၀ နှင့်အထက် လိုအပ်ကြောင်း၊ သို့သော် ဆေးကျောင်းသား ၂၄၀၀ ကို ဆေးတက္ကသိုလ် ၁၀ ခု သို့မဟုတ် ၂၀ ခုလောက်က မွေးထုတ်ပေးနိုင်မယ် ဆိုပါက အဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဆေးကျောင်းလေးကျောင်းမှ ကျောင်းသားဦးရေ ၂၄၀၀ ဆိုပါက တစ်ကျောင်းကို ၆၀၀ နှုန်း ဖြစ်နေသည့်အတွက် အရည်အသွေး လျော့သည့်ဘက်သို့ အနည်းငယ်ရောက်နေကြောင်း၊ ကျောင်းသားဦးရေ ၂၄၀၀ ကို ဆက်လက်မွေးထုတ်နိုင်ဖို့အတွက် ဆေးကျောင်းများကို တိုးချဲ့ဆောက်လုပ်သင့်ပေမယ့်လည်း လတ်တလော လုပ်ရန် အဆင်မပြေသေးသည့်အတွက် ကျောင်းသားဦးရေကို ခေတ္တလျော့ချထားခြင်းဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။  ထို့အပြင် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေပေါ် မူတည်ပြီး ကျောင်းများကို ပိုမိုတိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းနှင့် ဆေးပညာသင်ကြားရေးတွင် အရည်အသွေး ပြည့်ဝပြီး နိုင်ငံတကာ အဆင့်မီနိုင်စေရန်အတွက် သင်ရိုးညွှန်းတမ်းများကိုလည်း ပြန်လည်ပြင်ဆင် ရေးဆွဲဖို့ စီစဉ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။  ထို့နောက် မြန်မာနိုင်ငံ မြန်မာလူမျိုး၏ အဓိက ကျန်းမာရေးပြဿနာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် အခြေခံဆရာဝန်များ မွေးထုတ်ပေးနိုင်ဖို့အတွက် လက်ရှိသင်ကြားနေတဲ့ ဆရာဆရာမများကို မေတ္တာရပ်ခံလိုပါကြောင်း၊ အခြေခံဆရာဝန်ကောင်းများ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့အတွက် လေ့ကျင့်သင်ကြား မွေးထုတ်ပေးသည့် သင်တန်းကြီးတစ်ခုအဖြစ် ဦးတည်လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ စာမေးပွဲအောင်ဖို့ အတွက်ကိုပဲ ဦးစားပေးသင်ကြားမည် ဆိုပါက လုပ်ငန်းကျွမ်းကျင်မှုတွင် ခက်ခဲမည်ဖြစ်ကြောင်း၊ ၁၀ တန်းလို အမှတ်ကောင်းဖို့ စာမေးပွဲအောင်ဖို့ပဲ သင်ကြားသည့် တက္ကသိုလ်မဟုတ်ဘဲ နိုင်ငံ၏ ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သည့် အခြေခံဆရာဝန်များကို မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် ဆက်လက်ရပ်တည်သွားရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။  ဆေးတက္ကသိုလ် (၂) ရန်ကုန်အား ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်  Credit to : Eleven Media Group Post By : အေးချမ်းမွန် https://www.facebook.com/excellencemedia၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားကျောင်းသူ ဦးရေကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ခဲ့ပြီး ယင်းကဲ့သို့ လျော့ချမှုသည် ရေတိုစီမံချက်သာဖြစ်ကြောင်း

မျက်တောင်ခတ်ခြင်းနှင့် မျက်စိကျန်းမာရေး




သင့်မျက်စိကျန်းမာရေးနဲ့ အမြင်အာရုံကို ထိန်းသိမ်းစောင့်ရှောက်ချင်ရင် မကြာခဏ ညင်ညင်သာသာ မျက်တောင်ခတ်တဲ့ အလေ့အထရှိဖို့ လိုအပ်ပါတယ်။ သင်ဟာ မကြာခဏ မျက်တောင်ခတ်မှသာ သင့်မျက်ခွံက မျက်စိကို မျက်ရည်အလွှာ သုံးလွှာနဲ့ မှန်မှန်ဖုံးအုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်မျက်စိကျန်းမာရေးအတွက် မျက်ရည်အလွှာသုံးလွှာကို မရှိမဖြစ် လိုအပ်ပါတယ်။

တရားမမှုများတွင် တရားစွဲပါကရုံးခွန် ၁၅ သိန်းပေးသွင်း ရခြင်းကို ပြုပြင်ပေးရန် လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ်တင်သွင်းမည်

တရားမမှုများတွင် တရားစွဲပါကရုံးခွန် ၁၅ သိန်းပေးသွင်း ရခြင်းကို ပြုပြင်ပေးရန် လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းမည်  ရန်ကုန်၊ ဖေဖော်ဝါရီ ၂။  ရုံးခွန် အဆ၁၀၀ တိုးမြှင့်လိုက်သဖြင့် တရားမမှုများတွင် တရားစွဲဆိုမှု ပြုလုပ်ပါကရုံးခွန်အဖြစ် ငွေကျပ် ၁၅သိန်း ပေးသွင်းနေရခြင်းကို ပြန်လည်ပြုပြင်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းသွားရန်ရှိကြောင်း သိရသည်။  ပိုက်ဆံရှိသူများသာတရားစွဲဆိုနိုင်ပြီးပိုက်ဆံမရှိသူများ  တရားစွဲဆိုရန် ခက်ခဲသောငွေပမာဏဖြစ်သည့် တရားစွဲ ဆိုလျှင် ရုံးခွန် ငွေကျပ် ၁၅သိန်း ပေးသွင်းရခြင်းကိစ္စရပ်ကို ပြုပြင်ပေးရန် မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှ  ပြည်သူ့ လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌသို့ တင်ပြရာ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးနိုင်ရန် အရေးကြီးအဆိုအဖြစ်တင်သွင်းရန် ပြည်သူ့လွှတ်တော် တရားစီရင်ရေးဥပဒေရေးရာကော်မတီဥက္ကဋ္ဌက ပြောကြားသည်။  “ရုံးခွန်တော်ကိုအဆတစ်ရာတက်လိုက်တာက ကျွန်တော်တို့ နိုင်ငံက လူတွေတရားမစွဲနိုင်အောင် ပြဌာန်းသလိုဖြစ်နေတယ်။  ပိုက်ဆံရှိတဲ့ သူတွေပဲ တရားစွဲနိုင်ပြီး ပိုက်ဆံမ၇ှိတဲ့သူတွေ ခံရမယ့် ပုံစံဖြစ်နေတယ်”ဟုရှေ့ နေများကွန်ယက်မှ ဦးကိုနီက ပြောကြားသည်။  တရားမမှုများဖြစ်ပေါ်ပါကတရားစဆွဲလျှင် ရုံးခွန်တော် ငွေကျပ် ၁၅သိန်းပေးသွင်းရပြီး၊ အမှုရှုံးလျှင် ထို ၁၅သိန်း ပြန်ယူခွင့်မရှိကြောင်း၊ အမှု ရှုံးသူဘက်မှ နောက် တစ်ဆင့်  အယူခံတက်လိုလျှင် ငွေကျပ် ၁၅သိန်း ထပ်မံသွင်းရကြောင်း၊ ပြင်ဆင်မှု အဖြစ်လျှောက်ထားလျှင်လည်း ငွေကျပ် ခုနှစ်သိန်းခွဲ ပေးသွင်းနေရကြောင်း၊ ထိုကြောင့် မတရားစွပ်စွဲတရားစွဲခံရသူ များမှာ ငွေကြေးမတတ်နိုင်သူများ ဖြစ်ပါက တရားရှုံးလျှင် ပြန်လည် တရားစွဲဆိုရန် ၊ ပြန်လည် အယူခံဝန်ရန် မတတ် နိုင်သဖြင့် ပိုက်ဆံရှိသူများ၏ မတရား၊ တရားစွဲဆိုမှုများကို ခံနေရကြောင်း ရှေ့နေဦးကိုနီကပြောကြားသည်။  ယခင်က တရားစွဲဆိုရာတွင် ရုံးခွန်အဖြစ် ရ၅၀၀ကျပ် ပေးသွင်းရပြီး၊ ၈၈ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရုံးခွန် နှစ်ဆတက်ခဲ့ပြီး ၁၅၀၀၀ ကျပ်ပေးသွင်းရကြောင်း၊ ယခုဒီမို ကရေစီအစိုးရသစ် လက်ထက်တွင် ရုံးခွန်ကို အဆတစ်ရာ တိုးမြှင့်ပြီး ၁၅သိန်းကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။  ရုံးအခွန်ငွေ တိုးမြှင့်ခြင်းနှင့် ပတ်သတ်ပြီးယခင်ကလွှတ်တော် တွင် ဆွေးနွေးမှု ပြုလုပ်ဖူးသော်လည်း မှတ်တမ်းတင်သည့် အဆင့်သာ ရောက်ရှိခဲ့ကြောင်းလာမည့် အပတ်လွှတ်တော်တွင် ထပ်မံဆွေးနွေးနိုင်ရန် အရေးကြီးအဆိုအဖြစ် တင်သွင်းရန် ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ပြောကြားသည်။  ဆုဝေ
ရုံးခွန် အဆ၁၀၀ တိုးမြှင့်လိုက်သဖြင့် တရားမမှုများတွင် တရားစွဲဆိုမှု ပြုလုပ်ပါကရုံးခွန်အဖြစ် ငွေကျပ် ၁၅သိန်းပေးသွင်းနေရခြင်းကို ပြန်လည်ပြုပြင်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းသွားရန်ရှိကြောင်း သိရသည်။

1 February 2013

အမေရိကန်သံရုံး(ရန်ကုန်)ထုတ်ပြန်ချက်အပေါ် အငြိမ်းစားစစ်သည်ဟောင်းတစ်ဦး၏ တုန့်ပြန်ချက်






အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွက် အလွန်ပင် စိုးရိမ်ပူပန် လျက်ရှိကြောင်း သိရှိရသည့်အတွက် ကျွန်တော်တို့မှလည်း ကျွန်တော်တို့နိုင်ငံကို စိတ်ဝင်တစား ရှိသည့်အတွက် အလွန်ပင် ဝမ်းသာဂုဏ်ယူမိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ပင်စင်လစာကို တလုံးတည်း တွက်ချက်ပေးရန် အစီအစဉ်မရှိသေး



  နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာကို တလုံးတည်း တွက်ချက်ပေးရန် အစီအစဉ်မရှိသေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆိုသည်။

မြန်မာ့တပ်မတော်စစ်ဆင်ရေးများတွင် ကျည်ကာအင်္ကျီနှင့် ဦးထုပ်များစတင်အသုံးပြု

မြန်မာ့တပ်မတော်စစ်ဆင်ရေးများတွင် ကျည်ကာအင်္ကျီနှင့် ဦးထုပ်များစတင်အသုံးပြု Friday, 01 February 2013  ကချင်ပြည်နယ်တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များအတွက် ကျည်ကာအင်္ကျီနှင့် ဦးထုပ်များကို တပ်ဆင်ပေးထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။   မှန်ပါတယ်။ တပ်မတော်သားတွေကို ကျည်ကာအင်္ကျီနှင့် ဦးထုပ်တွေ ထုတ်ပေးထားပါ တယ်။ဒီပစ္စည်းတွေဟာ ပြည်ပနည်းပညာအသုံးပြုပြီး နိုင်ငံအတွင်းမှာ ထုတ်ပေးနေတာပါ။ တဖြေးဖြေးနဲ့ တပ်မတော်သား အားလုံးကို ထုတ်ပေးသွားမှာပါဟုပြောဆိုသွားသည်။   ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း KIA နှင့် ABSDF မြောက်ပိုင်းတို့မှ တပ်ဖွဲ့ဝင်အချို့ ကျည်ကာအင်္ကျီဝတ်ဆင် ထားသည် ကိုသတင်းဓာတ်ပုံများတွင် တွေ့ရှိရသည်။   ကချင်ပြည်နယ်ရှိ တပ်ဖွဲ့ဝင်များအားကျည်ကာအင်္ကျီနှင့် ဦးထုပ် များ ထုတ်ပေးထားကြောင်းကိုလဲ လဂျားယန်စခန်းတွင်တာဝန်ထမ်းဆောင် နေသည့်အရာရှိတစ်ဦး မှလည်း ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။  အမေ့အိမ် ဓာတ်ပုံ - Opposite Eye
ကချင်ပြည်နယ်တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော
မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များအတွက် ကျည်ကာအင်္ကျီနှင့် ဦးထုပ်များကို တပ်ဆင်ပေးထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံခြားရေး ၀န်ကြီး တာဝန်မှ ဟီလာရီ ကလင်တန် အနားယူ


U.S. Secretary of State Clinton and  Sen. Kerry arrive for Kerry's Senate Foreign Relations Committee confirmation hearing on Capitol Hill in Washington
 ယေလ်း တက္ကသိုလ် တွင် ဥပဒေဘာသာရပ် အဆင့်မြင့် ကို တက်ရောက် သင်ကြား နေစဉ်
ကတည်း က ပင် ငွေကြေး ချို့  တဲ့ သူများ ၏ အမှု များ တွင် အခမဲ့ ဥပဒေ အကြံ ပေး အဖြစ်
စေတနာ့ ၀န်ထမ်း တာဝန်ထမ်းဆောင် ခဲ့ သည့် ဟီလာရီ ကလင်တန် သည် ယနေ့  လေး
နှစ် ကျော် ထမ်းဆောင်ခဲ့ သည့် နိုင်ငံ ခြားရေး ၀န်ကြီး တာဝန်မှ အနားယူ လိုက် ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေ ရှေ့နောက်မညီ

ဒေသခံပြည်သူများ ဆန္ဒပြနေမှုမြင်ကွင်း

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို  ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေကနေ ပြဌာန်းအတည်ပြုပေးထားပါတယ်။

မြန်မာ နိုင်ငံ ပြန်တမ်း


ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးများ ပြောင်းရွှေ့ ခန့်ထားခြင်းနှင့် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူး အတည်ပြု ခန့်ထားခြင်း
၁။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတသည် အောက်ဖော်ပြပါ ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူး များအား ၄င်းတို့နှင့် ယှဉ်တွဲ ဖော်ပြထားသည့် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူး ရာထူး နေရာများသို့ တာဝန် ဝတ္တရားများကို စတင် ဆောင်ရွက် သည့်နေ့မှ စ၍ ပြောင်းရွှေ့ ခန့်ထား လိုက်သည်-

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများရှိ လွှတ်တော်များနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများရှိ လွှတ်တော်များနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး
နေပြည်တော် ဇန်နဝါရီ ၃၁
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ (ကိုယ်စား) ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးအား ဥရောပ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံခြား ရေးရာနှင့် လုံခြုံ ရေးရာ အကြီး အကဲ၏ အကြံပေး ပုဂ္ဂိုလ် မစ္စတာ ရောဘတ် ကူးပါးနှင့် အဖွဲ့သည် ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ အဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လာရောက် တွေ့ ဆုံသည်။

တရားမဝင် သစ်များနှင့် ဆင်သေ တစ်ကောင် ဖမ်းဆီး ရမိ



ဇန်နဝါရီ ၁၉ ရက်က မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် သစ်တော ဦးစီးဌာန လက်ထောက် ညွှန်ကြားရေး မှူး ဦးဆောင်၍ ရမည်းသင်းနှင့် ပျော်ဘွယ် မြို့နယ် တို့မှ သစ်တော ဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် ရမည်းသင်း မြို့နယ် ချောင်းဖျား ကျေးရွာ အနီးမှ တရားမဝင် အခြားသားသစ်လုံး/ ခွဲသား ၁ ဒသမ ၁၉၅၆ တန်၊ သစ်စက် တစ်လုံး၊ ရှပ်တန်း တစ်ခု၊ ဆက်လက်၍ တရားမဝင် အခြားသား သစ်လုံး/ ခွဲသား ၁ ဒသမ ၆၆ဝ၆ တန်၊ သစ်စက် တစ်လုံး၊ ရှပ်တန်း တစ်ခု တို့ကို ထပ်မံ သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ အမှုနှင့် သက်ဆိုင် သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်ဆဲ ဖြစ်ကြောင်း သိရှိ ရသည်။

ကုလသမဂ္ဂသည် အစ္စရေး တပ်ဖွဲ့ဝင် များမှ ကျည်စစ် ကျည်မှန်များ အသုံးပြု၍ ပါလက်စတိုင်း တက်ကြွ လှုပ်ရှား သူများအား တားဆီး ခဲ့မှုကြောင့် စိုးရိမ်


ကုလသမဂ္ဂသည် အစ္စရေး တပ်ဖွဲ့ဝင် များမှ ကျည်စစ် ကျည်မှန်များ အသုံးပြု၍ ပါလက်စတိုင်း တက်ကြွ လှုပ်ရှား သူများအား တားဆီး ခဲ့မှုကြောင့် ထိခိုက် ဒဏ်ရာရသူ အရေအတွက် မြင့်မား လာမှုအပေါ် စိုးရိမ်လျက် ရှိကြောင်း သိရှိ ရပါသည်။

သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယို မိန့်ခွန်း အပြည့်အစုံ


သမ္မတ ဦးသိန်းစိန်ဟာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီက ပြောကြား တဲ့ ရေဒီယို မိန့်ခွန်းဖြစ်ပါတယ်။ အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန စာမျက်နှာကနေ ပြန်လည် ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။
Myanmar President U-Thein-Sein
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီ အစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း

ခြောက်လုံးပြူးနဲ့ WY စိတ်ကြွဆေးပြား ကယ်ရီ လုပ်ပေးရာမှ ရဟန်းတော် အဖမ်းခံရခြင်းဟု ဆို


ရခိုင်ပြည်နယ် စစ်တွေမြို့ သင်္ဘောဆိပ်ကမ်းမှာ ခြောက်လုံးပြူးတစ်လက်၊ WY လို့ခေါ်တဲ့ ယာဘားဆေးပြားတွေနဲ့ အတူ ဒီဇင်္ဘာလ ၂၄ ရက်နေ့က ဖမ်းခံခဲ့ရတဲ့ ရဟန်းတော်ဟာ သူများ ပစ္စည်း ကယ်ရီ လုပ်ပေးရာကနေ အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းတွေ ရရှိပါတယ်။
စစ်တွေ ဆိပ်ကမ်းမှ အမြန်ယာဉ်များ။ ( ဓါတ်ပုံ - နိရဉ္စရာ)
စစ်တွေ ဆိပ်ကမ်းမှ အမြန်ယာဉ်များ။ ( ဓါတ်ပုံ – နိရဉ္စရာ)
သူနဲ့ နီးစပ်တဲ့ မိတ်ဆွေ တစ်ဦးရဲ့ ပြောပြချက် အရ အဖမ်းခံရတဲ့ ရဟန်းတော် ဦးအိန္ဒြာစာရဟာ ဘူးသီးတောင်မြို့ ဇာတိဖြစ်ပြီး စစ်တွေကနေ အဲဒီအိတ်ကြီးကို အခကြေးငွေယူပြီး သယ်ယူပေးစဉ်မှာ စစ်တွေ သင်္ဘော ဆိပ်ကမ်းမှာ ဒီဇင်္ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာကို တိုင်းရင်းသားခေါင်းဆောင်များနှင့် တန်းတူထား၍ ဗြိတိန်သံအမတ် ပွဲထုတ်နေ၍ စိတ်ပျက်မိကြောင်းပြော


မြန်မာတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်ဆုံတိုင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးက ရိုဟင်ဂျာ တစ်ဦးပါ ခေါ်ထားပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အတူ ပွဲထုတ်နေတဲ့ အတွက် စိတ်ပျက်မိတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။
b
“ ခွဲခြားဆက်ဆံတဲ့ သဘောမျိုး ပြောတာတော့ မဟုတ်ပါဘူး။ သူတို့က မြန်မာတိုင်းရင်းသား မဟုတ်ပါဘူးလို့ ပြောထားတဲ့ကြားထဲက တိုင်းရင်းသား ခေါင်းဆောင်တွေကို ခေါ်တွေ့တိုင်း သူတို့ပါလာတာက ပြောရဆိုရတဲ့ နေရာမှာ စိတ်ပျက်စရာ ကောင်းတယ်လို့”  ဦးလှစောက ပြောပါတယ်။

မိုင်းထိခံ ရခိုင်အမျိုးသားတစ်ဦးအား သူနာပြုဆရာမများ လစ်လှူရှုထား








KO ZAW HTAYဇန္န၀ါရီလ(၁၃)ရက်နေ့က အစိုးရနှင့်ကေအိုင်အေတိုက်ပွဲကြောင့် မိုင်းထိသွားသော အပြစ်မဲ့ပြည်သူ ရခိုင်အမျိုးသား ကိုဇော်ဌေးကို ရန်ကုန်ဆေးရုံသို့ပို့ထားကာ သူနာပြုဆရာမများက ဂရုတစိုက်ပြုစုစောင့်ရှောင့်မှုမရှိဘဲ လူနာအားအစစအရာရာ လစ်လှူရှုထားကြောင်း သတင်းရရှိသည်။

30 January 2013

လယ်သမားတွေအကြွေး ကျေအောင် ထမင်းလျှော့စားဖို့ ဝန်ကြီး ဦးမြင့်လှိုင် တိုက်တွန်း




ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ၀န်ကြီးရဲ့ ဧရာဝတီတိုင်း ခရီးစဉ်အတွင်းမှာ လယ်သမားတွေကို ခြိုးခြံချွေတာဖို့ တိုက်တွန်းတဲ့ မှတ်ချက်အပေါ် ဒေသခံတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ ခြိုးခြံချွေတာရေး အတွက် ထမင်းလျှော့စားပါလို့ ဝန်ကြီးက ပြောခဲ့တာကြောင့် အခုလို မကျေမနပ် ဖြစ်နေတာပါ။  ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စည်းကမ်းပျက်၊ စာမေးပွဲကျ ကျောင်းထုတ်ခံ ကျောင်းသားများအား ဆရာဝန် ပြန်ပေးလုပ်ရန် အစီအစဉ်မရှိ

     ဗကသ ဆိုတဲ့ ထောင်ထွက် ကျောင်းသား အဖွဲ့က မန္တလေးမှာ စာနယ်ဇင်း   တွေ၊ ကျောင်းသား မိဘတွေ၊ ကျောင်း သားတွေစုပြီး ဒီကိစ္စကို လုပ်ကြတော့ ထောင်ထွက် လူမိုက်တွေပဲ။ ဒါလုပ်တာ မဆန်းပါဘူး ဆိုပြီး ခပ်ပေါ့ပေါ့ ထားမိတယ်။ေ နာက်တစ်ခါ ဒီကိစ္စကို အန်အယ်လ်ဒီက ပြည့်တန်ဆာ ကိစ္စ တရားဝင် လုပ်ချင်တဲ့ ဒေါ်စန္ဒာမင်းကြီးဆီ သွား ပြောကြ တာ၊ လူတွေ စုပြီး တွေ့ဆုံကြတာ မြင်တော့လည်း သာမ န်ပဲလို့ ထင်ခဲ့မိတယ်။ နောက်ဆုံး ဒီကိစ္စကြီးက လွှတ်တော်ထဲ ရောက်လာတော့ တကယ်ကို စိတ်ပျက်ခဲ့မိပါ တယ်။   ဖြေကြားချက်နဲ့ မေးမြန်းချက်ကို လေ့လာကြည့်ပါ။

 ဦးသိန်းထွန်းဦး၊ အမရပူရမဲဆန္ဒနယ်၏ မေးမြန်းချက်အားကျန်းမာရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝင်းမြင့် မှ ပြန်လည်ဖြေကြားချက်-

. ကားရေဆေးလုပ်ငန်းများ အလုပ်အကိုင်ကောင်းလျက်ရှိ



ရန်ကုန်မြို့ တွင် ကားအသစ်များတင်သွင်းခွင့်ပြုပြီးသည့်
နောက်ပိုင်းတွင် ကားရေဆေး၊ ဆီထိုးလုပ်ငန်းများ အလုပ် အကိုင်ကောင်းလျက်ရှိပြီး တစ်နေ့လျှင် အနည်းဆုံးကား
အစီးရေ ၅၀ခန့် ရေဆေးပေးရကြောင်း ကားရေဆေးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

ထိုင်းတွင် လုပ်ခလစာများ မြင့်မားနေခြင်းကြောင့် မြန်မာ ရွှေ့ ပြောင်းလုပ်သား အများစုလာမည့် သုံးနှစ်အထိ ဆက်ရှိနေမည် ခန့်မှန်း




ထိုင်းတွင် လုပ်ခလစာများမြင့်မားနေခြင်းကြောင့် နိုင်ငံတွင်း၌ လာရောက်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများ
သည် လာမည့် သုံးနှစ်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးရာ သုတေသီတစ်ဦးက ပြောကြားသည်။

အမေရိကန်က ရခိုင်ပဋိပက္ခဒေသခံများအတွက် ဒေါ်လာ လေးသန်းကျော် ထပ်မံထောက်ပံ့




အမေရိကန်ပြည်ထောင်စုက ရခိုင်ပြည်နယ်ပဋိပက္ခ ဒေသခံများအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီများဆောင်ရွက်ရန် ဒေါ်လာ လေးသန်းကျော် ထပ်မံအကူအညီပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

ပရီးမီးယားလိဂ် သတင်းတိုများ


http://l3.yimg.com/bt/api/res/1.2/cndpMRIPgKDQ9W_J.T_xJQ--/YXBwaWQ9eW5ld3M7Zmk9aW5zZXQ7aD0zMDA7cT04NTt3PTQ0OQ--/http://media.zenfs.com/en_GB/Sports/Press_Association_Images/15576366.jpg
ပြောတာလည်း မင်းမှာပဲကွယ်
မန်ယူအသင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးအသင်းနဲ့ သရေကျခဲ့ပြီး နောက်ပိုင်း ရမှတ်ကွာဟမှူ့ (၇)မှတ်မှ (၅)မှတ်သို့ လျော့ကျခဲ့တဲ့အတွက် မန်စီးတီး ကစားသမားများက သူတို့အသင်းသည်

ဘာကြောင့် မန်ယူအသင်းက ကမ္ဘာ့တန်ဖိုး အရှိဆုံး အသင်းအဖြစ် (၃)ဘီလီယံကျော် တန်နေရတာလည်း? (သတင်းဆောင်းပါး)



မန်ချက်စတာ ယူနိုက်တက် အသင်းသည် ကမ္ဘာ့တန်ဖိုး အရှိဆုံး အသင်းအဖြစ် (၃)ဘီလီယံကျော် တန်ဖိုးရှိကြောင်း သတင်းကို ပြီးခဲ့သည့် ရက်ပိုင်းကပဲ ကမ္ဘာ့သတင်းဌာန ပေါင်းစုံမှာ ဖော်ပြခဲ့သလို ကျွန်တော်တို့ MMFC ဆိုဒ်မှာလည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ။

Man United 2 – 1 Southampton Premier League Highlights


Cover

Man United     2

စီးပွားကူးသန်းပိုင် တက္ကစီကားဟောင်းတွေ လျှော့ဈေးနဲ့ ရောင်းထုတ်မည်


စီးပွားကူးသန်းဝန်ကြီးဌာနပိုင် တက္ကစီကားဟောင်းတွေကို ပြင်ပပေါက်ဈေးထက် ၆၀ ရာခိုင်နှုန်းလျော့ပြီး ထုတ်ရောင်းပစ်တော့မယ်လို့ သက်ဆိုင်ရာဝန်ကြီးရုံး ညွှန်ကြားရေးမှူးက  ဒီဗွီဘီကို ပြောပါတယ်။

သမီးဖြစ်သူနှင့် သက်ဆိုင်သော အငြင်းပွား မြေပိုင်ဆိုင်မူ ဘခင်ဖြစ်သူကို တရားစွဲဆို၍ အနိုင်ယူရန် ကြိုးပမ်း


ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီး တစ်ဦးအကြား အငြင်းပွားနေသော မြေယာပိုင်ဆိုင်မူနှင့် ပတ်သက်ပြီး  ကာယကံရှင် အမျိုးသမီးကို တရားမစွဲဆိုဘဲ မသွားလာနိုင်ဘဲ ဖြစ်နေသော အမျိုးသမီး၏ ဘခင်ကိုသာ တရားစွဲထားကြောင်း  သတင်း ရရှိသည်။
အမ်းမြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို မြင်ရစဉ်။
အမ်းမြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို မြင်ရစဉ်။
“ ကျွန်မအဖေကို တရားရုံးက ဆင့်ခေါ်တော့ ကျွန်မ သွားပါတယ်။ ဒီဇင်္ဘာလ ၂၁ ရက်နေ့က ခေါ်တာပါ။ ကျွန်မသွားတော့ တရားသူကြီးက နှင့်ကို ခေါ်တာမဟုတ်ဘူး။

မောင်တောတွင် ကောလဟလ သတင်းမျိုးစုံပျံ့


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကောလဟလ သတင်းမျိုးစုံ ပျံ့နှံ့နေကြောင်း သတင်း ရရှိသည်။
Maungdaw watch tower
ထိုသို့ သတင်းမျိုးစုံ ပျံ့နှံ့နေသဖြင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်စိတ်များ တိုးပွားနေကြောင်း သိရသည်။

နယ်စပ် ဒေသ နံသာတောင်ကျေးရွာ ပရဟိတကျောင်းသို့ ရက္ခအလင်းတန်းမှ ပစ္စည်းများ လှူဒါန်း


ထွန်းထွန်း
ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း နံသာတောင်ကျေးရွာရှိ ပရဟိတစာသင်ကျောင်း၌ ပညာ သင်ယူနေ သော ကျောင်းသူ/သားများအတွက် ရန်ကုန်အခြေစိုက် ရက္ခအလင်းတန်းအဖွဲ့မှ ပစ္စည်းများ လာရောက် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။
nanthardoung
ပစ္စည်းလှူဒါန်း ခြင်းနှင့်ပတ်သက်၍ နံသာတောင်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစရဏက နိရဉ္စရာသို့ယ ခုလိုမိန့်ကြားသည်။

နေပြည်တော်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံ၌ တပ်မတော်မှ ခွဲစိတ် ပါရဂူများနှင့် မလေးရှား နိုင်ငံ မာလာရာ တက္ကသိုလ်မှ ပါမောက္ခတို့ ပူးပေါင်း၍ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများအား ခွဲစိတ်ကုသ



နေပြည်တော် ဇန်နဝါရီ ၂၉
နေပြည်တော်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံမှ အစာအိမ် အူလမ်းကြောင်းနှင့် အသည်း ခွဲစိတ်ကု ဌာနမှ ဗိုလ်မှူးကြီး ဒေါ်သန်းသန်းရီ ဦးဆောင်သော ခွဲစိတ် ကုသမှု

ဟာနန်ဒက်ဇ်ရဲ့ ခြေစွမ်းက ကျွန်တော့ကို လူရွေးချယ်ရ ခက်ခဲ စေပါတယ် : ဆာအဲလက်စ်


734355_438504666202935_1147708779_n
မန်ယူအသင်းရဲ့ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က လက်ရှိ အသင်းရဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဇ်ရဲ့ ခြေစွမ်းကောင်း တွေကြောင့် တခါတရံမှာ လူရွေးချယ်ဖို့ ဘေးကျပ်နံကျပ် ဖြစ်စေကြောင်း ဖွင့်ဟ ၀န်ခံသွားခဲ့ပါတယ်။ အဆိုပါ မက္ကဆီကို တိုက်စစ်မှူးလေးဟာ ဒီရာသီ မန်ယူအသင်းအတွက်

ဘက်ခမ်းဟာ ကျွန်တော့်ရဲ့ လူငယ်ကစား သမားလေးတွေကို ကူညီပေး နိုင်ပါလိမ့်မယ် : အာဆင်ဝင်းဂါး


beck at arsenal
အာဆင်နယ် အသင်းရဲ့ မန်နေဂျာ အာဆင်ဝင်းဂါးက လက်ရှိ အသင်းနဲ့အတူ လာရောက်လေ့ကျင့်ခန်း ဆင်းနေတဲ့ ဘက်ခမ်းအနေနဲ့

သိမ်းထားသည့်မြေပေါ်တွင် အခမဲ့ လုပ်ကိုင်ခွင့်ပေးရန် ကာချုပ် ညွှန်ကြားထား


စစ်တပ်က သိမ်းဆည်းထားတဲ့ မြေတွေအနက် တပ်ရင်းတပ်ဖွဲ့အတွက် သုံးပြီးပိုနေတာတွေကို စစ်တပ်က သိမ်းထားတာပါလို့ ရှင်းပြပြီး သိမ်းဆည်းခံတောင်သူတွေကို အခကြေးငွေ မယူဘဲ လုပ်ကိုင်ခွင့်ပေးထားဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားကြောင်း တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က ပြောပါတယ်။

နေပြည်တော်လမ်း ကားမတော်တဆမှု သေဆုံးသူ အရေအတွက် မြင့်မားလာ


ရန်ကုန်-နေပြည်တော်-မန္တလေး ကားလမ်းစတင်ဖွင့်လှစ်တဲ့ ၂၀၁၀ ခုနှစ်ကစပြီး ကား အသွားအလာ များလာသလို ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူတွေလည်း ၁ နှစ်ထက် ၁ နှစ် များပြားလာကြောင်း သိရပါတယ်။

ကချင်လူမျိုးတွေကို ပြင်းပြင်းထန်ထန် စနစ်တကျနဲ့ အပြီးသတ်ချေမှုန်းနေတာ ဖြစ်ပါတယ်


မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ပဋိပက္ခဖြစ်တဲ့နေရာကနေ ပြန်လာတဲ့ လန်ဒန်တက္ကသိုလ်က သုတေသီ ဂိုင်ဟော်တန် (Guy Horton) ကို လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအခြေအနေ၊ ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်မှာ စစ်ဘေးဒဏ်ကို တနှစ်ခွဲလောက် ခံစားနေရတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကို အချိန်အတော်ကြာ တွေ့ဆုံမေးမြန်းခဲ့တယ်ဆိုတော့ ဘာတွေ တွေ့ကြုံခဲ့သလဲ။
“မော်တာတွေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တာကို ကြားနိုင်တဲ့

ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌကို သာသနာရေးဝန်ကြီးမခန့်ရေး ဒေသခံများ တောင်းဆို


ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို လစ်လပ်နေတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်း  မပြုလုပ်ဖို့ တိုင်းအတွင်းရှိ ထောင်ပေါင်းများစွာသော ဒေသခံပြည်သူတွေက ပြည်ထောင်စုလွှတ်တော် နာယကထံ စာရေးသားပေးပို့ တောင်းဆိုနေကြပါတယ်။
ဧရာတီတိုင်းအတွင်းရှိ

အင်းလေးကန် ဟိုတယ်စီမံကိန်းကို ဒေသခံများ သွားရောက်တားဆီး


ရှမ်းပြည်နယ် တောင်ကြီးခရိုင်  ညောင်ရွှေမြို့နယ်က အင်းလေးဒေသမှာ ဟိုတယ်စီမံကိန်း စတင်တဲ့အနေနဲ့ ကုမ္ပဏီတခုက  မြေညှိနေရာမှာ  ရွာသား ၁၀၀ ကျော် သွားရောက်ပိတ်ပင်တားဆီးခဲ့ပါတယ်။
အင်းလေးကန်အရှေ့ဘက် သလဲဦးကျေးရွာအုပ်စု ကန်ဘဲ့ရွာမှာရှိတဲ့  ရွာသားတွေပိုင်တဲ့ မြေကွက်တွေမှာ  ကုမ္ပဏီတခုက မြေထိုးစက် ၇ စီးနဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့ မနက်ပိုင်းက မြေတွေ လာထိုးချတဲ့အတွက် ရွာသားပေါင်း ၁၀၀ ကျော် စုဝေးရောက်ရှိလာပြီး ကန့်ကွက်ခဲ့တယ်လို့ ပါဝင်ခဲ့သူ အင်ကြင်းကုန်းရွာသားတဦးက ပြောပါတယ်။
“ကျနော်တို့က စက်ယန္တရားတွေ ရပ်နားဖို့ပဲ ပြောတယ်။ သူတို့က

ဗကသ ကျောင်းသားခေါင်းဆောင်တဦးကို ဖမ်းဝရမ်းထုတ်


ဗမာနိုင်ငံကျောင်းသားများ သမဂ္ဂအဖွဲ့ ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ပြန်ကြားရေးရာကော်မတီ တာဝန်ခံ ကိုသီဟဝင်းတင်နေအိမ်ကို မုံရွာ လက်ပန်းတောင်းတောင်အရေး ဆန္ဒထုတ်ဖော်ခဲ့မှုနဲ့ စပ်လျဉ်းပြီး ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကာ ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေပါတယ်။
ကျောက်တံတားမြို့နယ် ရဲစခန်းနဲ့ ရပ်ကွက်တာဝန်ရှိသူတွေက  ဇန်န၀ါရီ ၂၉ ရက်မှာ ကိုသီဟ၀င်းတင်ကို နေအိမ်မှာ ဖမ်းဝရမ်းပြပြီး လာရောက်ရှာဖွေခဲ့တဲ့အကြောင်း မိခင် ဒေါ်လီလီထွေးက ပြောပါတယ်။
ကိုသီဟဝင်းတင်

29 January 2013

စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတွင် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း ဆောက်မည်



စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင်နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုဖြစ်လာရန် စီစဉ်နေကြောင်းမန်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မန်းလေးမြို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီမြစ် ရေကြီး မှုကာကွယ်ရေးစီမံကိန်း (Ayawaddy River Flood Preventation)နှင့် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုကှိုတည်ဆောက်သွားမည်ဟုသိရသည်။

တောင်ကိုရီးယားခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် မိတ်ပေါင်းမှားနေလား





နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဒဿမမြောက် ပြည်ပနိုင်ငံခရီးစဉ် အဖြစ်တောင်ကိုးရီးယားနိုင်ငံကို တနင်္လာနေ့ကပဲ ဆိုက်ရောက်ပါတယ်။

ဝန်ကြီးဌာနများတွင် အကြံပေးအရာရှိများအစား ပညာရှင်များ ခန့်အပ်တော့မည်





ဝန်ကြီးဌာနများတွင် အကြံပေးအရာရှိများအစား ပညာရှင်များကိုသာ ခန့်အပ်ထားတော့မည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၈ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးဌာနများတွင် အကြံပေး အရာရှိများ မထားတော့ဘဲ ပညာရှင်များသာ ထားရှိတော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြောကြားချက်ကို ပညာရှင်များက ပြောဆိုကြခြင်း ဖြစ်သည်။ ပညာရှင်တို့၏

Myanmar Times အင်္ဂလိပ်အယ်ဒီတာချုပ် ဒန်ကလေ တရားစွဲခံရ



မြန်မာတိုင်းမ်စ် ဂျာနယ် အင်္ဂလိပ်ပိုင်း အယ်ဒီတာချုပ် Ross Dunkley.

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ထုတ်ဝေနေတဲ့ မြန်မာတိုမ်းဂျာနယ်ရဲ့ အင်္ဂလိပ်ဘာသာ အယ်ဒီတာချုပ် မစ်စတာ ရော့စ်ဒန်ကလီကို Myanmar Consolidated ကုမ္ပဏီရဲ့ ဒါရိုက်တာက ကိုယ်ထိလက်ရောက် ကျူးလွန်မှုအပါအ၀င် ပုဒ်မ နှစ်ခုနဲ့ ကျောက်တံတား ရဲစခန်းမှာ မနေ့ကပဲ အမှုဖွင့်လိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ရန်ကုန်အခြေစိုက် VOA သတင်း ထောက် ကိုသူရစိုးက သတင်းပေးပို့ထားပါတယ်။

အီလက်ထရောနစ် ဥပဒေသစ်ရေးဆွဲ၍ အဟောင်းအားပယ်ဖျက်မည်

   အီလက်ထရွန်းနစ်ဥပဒေပြစ်မူနှင့် ပြစ်ဒဏ်မှာ ခေတ်နှင့်မလျှော်ညီတော့သဖြင့် ပြင်ဆင်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်းကြီးဌာန

ကိုလံဘီယာ မှာ အက်တာစီ ကို တရားဝင် သုံးစွဲ နိုင်တော့မည်



girl-takes-ecstasy-pill-i-007
 Ectasy ဟုခေါ်သည့် စိတ်ကြွ မူးယစ်ဆေးပြား တစ်မျိုးမှာ ကိုလံဘီယာ နိုင်ငံ
တွင် တရားဝင် သုံးစွဲ နိုင်ရန် အတွက် ဥပဒေပြဌာန်းတော့ မည် ဖြစ်သည်။

Green Foundation က ဘက်ထရီမီးထွန်းစက် ၁၀၀၀ လှူ

ဇန်န၀ါရီ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ KOREA GREEN FOUNDATION တို့ လူမှုအထောက် အကူပြုဆိုင်ရာတွေ ဆွေးနွေးခဲ့ကြပါတယ်။

အီဂျစ်သမ္မတ မိုဟာမက် မော်စီသည် စူးအက်တူးမြောင်း တစ်လျှောက်ရှိ မြို့ ၃ မြို့ကို အရေးပေါ် အခြေ အနေ တစ်ရပ် ထုတ်ပြန်



အီဂျစ်သမ္မတ မိုဟာမက် မော်စီသည် စူးအက်တူးမြောင်း တစ်ေ လျှာ က်ရှိ မြို့ ၃ မြို့ကို အရေးပေါ် အခြေ အနေ တစ်ရပ် ထုတ်ပြန်ြေ ကညာခဲ့ကြောင်း သိရှိရ ပါသည်။ပြီးခဲ့သည့် ၃ ရက်အတွင်း အဆိုပါ

facebook မှကြည့် ချင်ရင် like လုပ်ပါ